🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ကာလ၁၂ ပတ်မြောက်မှာသိကောင်းစရာများ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

ဒီအပတ်ကျတော့သံပရာသီးလောက် ၁၅ ဂရမ်လေးပြီး ၅ စင်တီမီတာလောက်ရှိလာမှာပါ။ ဒီအပတ်မှာတော့ အင်္ဂါတိုင်းလိုလိုဖွံ့ဖြိုးပြီးဆိုပေမယ့် အပြည့်အဝဖွံ့ဖြိုးပြီးချိန်ရောက်ဖို့ အဝေးကြီးလိုပါသေးတယ်။ ဒီဖွံ့ဖြိုးပြီးသားအင်္ဂါတွေထဲမှာဆို အစာခြေအင်္ဂါ ပါပါတယ်။ ကလေးလေးက အစာခြေစနစ်အတွက် လှုပ်ရှားမှုတွေကို လေ့ကျင့်နေပါပြီ။ ဖမ်းဆုပ်တာ၊ စုပ်ယူတာအပြင် ကြို့ထိုးတာတွေပါ လေ့ကျင့်နေပါပြီ။ ဒီတော့ မေမေတို့ မသိနိုင်သေးပေမယ့် နောက်အပတ် နည်းနည်းလောက်ကြာလာရင် လုံးဝသိသာလာမှာပါ။

ကလေးလေးရဲ့အရိုးထဲကရိုးတွင်းခြင်ဆီကနေ သွေးဖြူဥ(ရောဂါတိုက်ထုတ်ဖို့)တွေ ထုတ်နေပါပြီ။ ကိုယ်ခံအားကောင်းလာအောင် တည်ဆောက်နေခြင်းနဲ့အတူ ပစ်ကျူထရီဂလန်း (Pituitary gland) ကနေလည်း သန္ဓေသားကနေ ကလေးလေးအဖြစ်မွေးလာဖို့အရေးပါတဲ့ ဟော်မုန်းတွေကို စထုတ်နေပါပြီ။


ခန္ဓာကိုယ်မှရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

သွေးလည်ပတ်အားကောင်းလို့ အသွေးအသားတွေလှလာပေမယ် ခေါင်းမူးတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဟော်မုန်းတွေက သွေးကြောတွေကိုဖြေလျှော့ပြီး ကျယ်လာအောင်လုပ်ပေးတဲ့ ပရိုဂျက်စတရုန်းဟော်မုန်းတွေ ထွက်စေပါတယ်။ သွေးလည်ပတ်မှုပိုကောင်းလာတာက ကလေးဆီကိုအာဟာရ ပိုရောက်စေပါတယ်။ ဒါကမိခင်သွေးဖိအားနည်းစေပြီး ဦးနှောက်ကို သွေးရောက်တာနည်းလာတဲ့အတွက် ခေါင်းကိုက်တာပါ။ ရုတ်တရက်ထရပ်လိုက်တာ၊ လှုပ်ရှားလိုက်တာမျိုးက ပိုမူးဝေစေပါတယ်။ ဒါကြောင့် ဆရာဝန်က ဖြည်းဖြည်းလှုပ်ရှားဖို့မှာပါလိမ့်မယ်။ သွေးထဲက သကြားဓာတ်နည်းတာကလည်း ခေါင်းမူးစေပါတယ်။ ဒါတွေက အစား ပုံမှန်မစားဘူးဆိုရင်ဖြစ်တတ်ပါတယ်။ အလုပ်စားပွဲမှာ ပိုက်ဆံအိတ်ထဲမှာဖြစ်ဖြစ် အာဟာရဖြစ်စေတဲ့ မုန့်တွေထည့်ထားပါ။ ဘယ်အချိန်ဖြစ်မယ်မှန်းမသိနိုင်ဘူးဆိုတော့လေ။ မူးလာရင်လှဲချလိုက်တာ၊ ဒူးကြားကိုခေါင်းထည့်ပြီး အသက်ပြင်းပြင်းရှုတာမျိုး လုပ်ပေးပါ။ ရေလေးသောက်လိုက်တာ၊ အသီးဖျော်ရည်သောက်လိုက်တာလည်း အဆင်ပြေပါတယ်။


သိသင့်သိထိုက်တာလေးတွေ

ဒီအချိန်မှာ အလေးချိန်မတက်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒုတိယသုံးလကို ဝင်လာပြီဆို အလေးချိန်ပြန်တက်လာမှာပါ။ ဘာလို့ဆို ဖွံ့ဖြိုးနေတဲ့ကလေးကို အထောက်အပံ့ပိုပေးဖို့လိုအပ်လာလို့ပါ။ ကိုယ်ဝန်ဆောင်စဆို အလေးချိန်တက်တာ အရမ်းမြန်ပါတယ်။ ၂ ယောက်စာစားနေရလို့ ဆိုပြီးပြောတတ်ကြပေမယ့်သန္ဓေသားအတွက်အာဟာရ အဲဒီလောက်ထိမလိုပါဘူး။ ကယ်လိုရီ၊ အဆီ၊ သကြားအရမ်းများတဲ့ အစာတွေစားချင်လာပါတယ်။ ကျန်းမာရေးအတွက်မကောင်းတဲ့ အစားအစာတိုင်းက မိခင်အတွက် စားလို့ကောင်းနေတတ်ပါတယ်။ အလေးချိန်သိပ်မတက်အောင် အစားအသောက်အတွက် အစီစဉ်ချထားလို့ရပါတယ်။ ဆရာဝန် ဒါမှမဟုတ်အာဟာရပညာရှင်တွေဆီက ကယ်လိုရီနည်းပြီး အာဟာရကောင်းကောင်းပေးနိုင်မယ့်အစာအတွက် အကြံဉာဏ်တောင်းနိုင်ပါတယ်။ များသောအားဖြင့် အသီးအရွက်နဲ့ အခွံမာစေ့နဲ့ပဲတွေလိုမျိုး ကျန်းမာတဲ့အစာတွေကို စားရမှာပါ။

ကိုယ်ဝန်ဆောင်ကာလ၁၂ ပတ်မြောက်မှာသိကောင်းစရာများကိုယ်ဝန်ဆောင်ကာလ၁၂ ပတ်မြောက်မှာသိကောင်းစရာများ
0
5
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်