🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ကာလ ၁၁ပတ်အတွက် မေမေတို့ ဘာတွေသိထားရမလဲ...

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်


အခုချိန်မှာ ခေါင်းအစခြေအဆုံး လက်သီးစုပ်အရွယ် ၃ စင်တီမီတာရှိပါတယ်။ ဖွံ့ဖြိုးဆဲကလေးလေးကို အထောက်အပံံ့ပေးဖို့အချင်းထဲက သွေးကြောတွေက အရွယ်အစားကြီးလာပြီး သွေးကနေတစ်ဆင့် ကလေးလေးဆီပို့တဲ့အာဟာရအကြိမ်ရေလည်း များလာပါတယ်။ ဒီအချိန်ဆိုရင်တော့ သန္ဓေသားလေးက တရားဝင်သန္ဓေသားလေးဖြစ်သွားပါပြီ။ ကလေးလေးရဲ့ခေါင်းက ဖွံ့ဖြိုးနေတုန်းပါပဲ။ ပုံမှန်ဆို ခေါင်းကကိုယ်ရဲ့တစ်ဝက်ကျော်လောက်ကို ပိုရှည်ပါတယ်။ ဒါပေမယ့် နောက်အပတ်တွေထဲမှာ ခန္ဓာကိုယ်ကြီးထွားနှုန်းကမြန်လာပြီးတော့ လိုက်လို့မီလာမှာပါ။ ဒီအပတ်အကုန်မှာဆို လိင်အင်္ဂါပေါ်လာပြီး ကျားမစကွဲတော့မှာပါ။ နောက်အပတ် နည်းနည်းလောက်ကြာတဲ့အထိကို ဆက်ဖွံ့ဖြိုးနေမှာဖြစ်ပြီးတော့ ၁၈-၂၀ ပတ်လောက် မအာထရာဆောင်းရိုက်ပြီး ကွဲကွဲပြားပြားသိရမှာပါ။


ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

အခုဆိုအားတွေ နည်းနည်းပြန်ပြည့်လာသလို ခံစားရပြီးတော့ ပျို့ချင်တာလည်း သက်သာလာမှာပါ။ ဒါပေမယ့် ဆိုးတာက နောက်ထပ် မနှစ်မြို့စရာ လက္ခဏာတွေထပ်ဖြစ်တော့တာပါပဲ။ ဝမ်းချုပ်တာလည်း တစ်ခုအပါအဝင်ပါ။ ဝမ်းသွားဖို့ခက်ပြီး ၃ ရက်လောက် ဝမ်းမသွားတော့ဘူးဆို ဝမ်းစချုပ်တော့တာပါပဲ။ ကိုယ်ဝန်ဟော်မုန်းတွေကိုပဲ အပြစ်တင်ရမှာပေါ့နော်။ ဒီဟော်မုန်းတွေက အစာအိမ်၊ အစာမျိုပြွန်တွေကိုဖြေလျှော့ချလိုက်ပြီး အစာခြေတာကို နှေးချလိုက်ပါတယ်။ အစာမကြေတာ၊ လေပွတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဝမ်းချုပ်တာသက်သာစေဖို့ ရေများများသောက်ပြီး အမျှင်ဓါတ်များများပါတာတွေ စားပေးကြပါနော်။ အမျှင်ဓါတ်များတာတွေကတော့ လတ်ဆတ်တဲ့အသီးတွေ(သင်္ဘောသီး၊ ဖရဲသီး၊ ငှက်ပျောသီး)၊ ဟင်းသီးဟင်းရွက်အစိမ်းတွေ၊ နှံစားပင်ကနေ သက်သက်လုပ်ထားတဲ့ပေါင်မုန့်တွေဖြစ်ပါတယ်။ အစာကိုနည်းနည်းချင်း စားပေးတာက လေပွတာကို သက်သာစေပါတယ်။ လှုပ်လှုပ်ရှားရှားနေပါ။ အကြာကြီး ထိုင်တာမျိုးမလုပ်ပါနဲ့။ ဒါမှ အစာခြေတာမြန်မှာပါနော်။


သိသင့်သိထိုက်တာလေးတွေ


ဝမ်းချုပ်တာက အိမ်တွင်းနည်းလမ်းလေးတွေနဲ့တော့ သက်သာသွားမှာမဟုတ်ဘူး။ပိုပြီးတော့ ကုသမှုတွေခံယူရမှာပါ။ ဖြည့်စွက်အမျှင်ဓါတ်တွေစားပေးတာ ဝမ်းပျော့ဆေး(အားပျော့တာ)မျိုး သောက်လို့ရပါတယ်။ ဆေးတွေသုံးတော့မယ်ဆို စိတ်ချရအောင် ဆရာဝန်နဲ့ တိုင်ပင်ကြနော်။ တစ်ချို့ဝမ်းပျော့ဆေးတွေက အရမ်းပြင်းပါတယ်။ ဝမ်းလျှောပြီး ရေဓါတ်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလ ၁၁ပတ်အတွက် မေမေတို့ ဘာတွေသိထားရမလဲ...ကိုယ်ဝန်ဆောင်ကာလ ၁၁ပတ်အတွက် မေမေတို့ ဘာတွေသိထားရမလဲ...
0
3
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်