🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန် ဆောင် ပျို့အန် ခြင်း

ဒီနေ့တော့ မေမေတို့ကို ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာနဲ့ ပတ်သက်ပြီး နည်းလမ်းကောင်းတွေ ပြောပြပေးပါမယ်။

ကိုယ်ဝန်၃−၄လလောက်ထိ ပျို့တာ၊ အန်တာက ဖြစ်တတ်ပါတယ်။ ဒါက ဟော်မုန်းအပြောင်းအလဲကြောင့်ပါ။

ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေအတွက် ခံရခက်ပြီး အစားမဝင်တာ၊ စိတ်ရှုပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မေမေတို့ကို အကြံပေးရရင်

−အရင်ဆုံး ဒါက သဘာဝပဲ၊ ၃လလောက်နေရင် သက်သာသွားမယ်ဆိုတာကို နားလည်ထားပါ။

−အစာသိပ်မဝင်တဲ့အတွက် နည်းနည်းနဲ့ ခဏခဏ စားပေးပါ။

−နည်းနည်းပဲ စားနိုင်တဲ့အတွက် ဘာစားစား အာဟာရဖြစ်ပြီး အားရှိတာတွေ စားပေးပါ။ ဥပမာ ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေ၊ အစာကြေလွယ်တာတွေပါ။

−ရေများများသောက်ပါ။

−အိမ်ထဲမှာ လေဝင်လေထွက်ကောင်းအောင် ထားပါ။ အနံ့တွေရရင် ပိုအန်ချင်တတ်ပါတယ်။

−နောက်ပြီး ချင်းစားပေးပါ။ ချင်းသကြားလုံးတို့၊ ချင်းပြုတ်ရည်တို့ သောက်ပေးလို့လည်း ရပါတယ်။ ရင်ပူတတ်ရင်တော့ လျှော့သောက်ပါ။ ချင်း အန်တာကို သက်သာစေပါတယ်။

တကယ်လို့ အန်တာက ပိုပိုဆိုးလာတယ်။ အစားမဝင်၊ အရည်မဝင်လို့ အားနည်းလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

ကိုယ်ဝန် ဆောင် ပျို့အန် ခြင်းကိုယ်ဝန် ဆောင် ပျို့အန် ခြင်း
1
25
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်