2လပိုင်း 15ရက် နေ့မှာ အတူတူ နေဖြစ်ပါတယ်။ ဒါမဲ့ သူ့အထဲကို လက်နဲ့ပဲလုပ် ပေးဖြစ်တာပါ။ကျွန်တော့်ဟာရဲ့ ရှေ့ပြေးအရည်ကြည်ကိုင်ထားမိတဲ့လက်နဲ့ လုပ်မိလိုက်တာ
... ပိုမိုကြည့်ရှုရန်ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့အတွက် ပေးစာကဏ္ဍ
ဒီတစ်ခါတော့ ဆရာမက ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတွေကို ပြောပြချင်တာလေး ရှိလို့ပါ။ အများအားဖြင့်တော့ မေမေတွေ ကိုယ်ဝန်ပျက်ကျပြီဆိုရင် လနုတုန်းမှာ အပတ် ၂၀မတိုင်ခင်မှာ ပျက်ကျတာများပါတယ်။
မေမေတို့ကတော့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်နဲ့ ‘ငါဟိုဟာလုပ်မိလုပ်၊ ဒီဟာစားမိလို့’ ဆိုပြီး တွေးကြတယ်ဟုတ်။ တကယ်တော့လေ ဒီလိုကိုယ်ဝန်ပျက်ကျရတဲ့ အများစုက သန္ဓေသားလေးရဲ့ ခရိုမိုဆုန်းလို့ခေါ်တဲ့ မျိုးဗီဇလေး ပုံမှန်မဟုတ်လို့ ပျက်သွားရတာပါ။ ဒါက အကြောင်းအရင်းမယ်မယ်ရရ မရှိပါဘူး။
မေမေတို့ နားလည်အောင် ပြောရရင် ဒီခရိုမိုဇုန်းလေးတွေက ကျန်းမာတဲ့ လူတစ်ယောက်ဖြစ်လာဖို့အရေးကြီးပါတယ်။ ခရိုမိုဇုန်းက လူဖြစ်နိုင်လောက်အောင် မဖွံ့ဖြိုးဘူးဆိုရင် သန္ဓေသားလေး ဖြစ်မလာဘဲ ပျက်ကြသွားမှာပါ။ အများစုကတော့ ဒါကြောင့်ပေါ့နော်။
တချို့မေမေတွေကျတော့ ကိုယ်ဝန်ရှိတာမသိဘဲ ဆေးလိပ်တွေ၊ အရက်တွေသောက်မိ၊ ကူးစက်ပိုးတွေ ဝင်လို့ ပျက်ကျကြတာပေါ့နော်။ ဒါပေမယ့် မေမေအများစုကတော့ ကောင်းကောင်းမွန်မွန်နေပါလျက်ရဲ့ ပျက်ကျသွားရင် အပေါ်က အကြောင်းကြောင့် ဖြစ်ဖို့ များပါတယ်။
ဒါကြောင့် မေမေတို့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ မဖြစ်ကြပါနဲ့။ ဒါက ဘယ်သူ့ကြောင့်မှ မဟုတ်ပါဘူး။ ဖြစ်ချင်တန်လို့ ဖြစ်သွားတာပါ မေမေတို့ရေ။ ဒီတစ်ခါ ကိုယ်ဝန်ပျက်ပေမယ့် နောက်အခေါက်တွေမှာ ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်ဆောင်တွေမှ အများကြီး ရှိပါတယ်။ ထပ်ကြိုးစားလို့ရပါတယ်။
ဒီနေ့တော့ ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ကို အားပေးစကား ပြောချင်တာပါ။ ဂရုထဲမှာ ကိုယ်ဝန်ပျက်ထားပြီး ပြန်ရသွားတဲ့ မေမေတွေ ရှိရင် တခြားမေမေတွေကို အတွေ့အကြုံလေးတွေနဲ့ အားပေးစကားလေးတွေ ပြောပြပေးလိုက်ပါဦးနော်။
မှတ်ချက် 8ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
Hi ဆရာ ကျွန်တော့်ကောင်မလေးနဲ့လိင်ဆက်ဆံမိခဲ့တယ် ပီတော့သူ့ထဲမှာပီခဲ့တယ် ကိုယ်ဝန်ရလားတော့ပျက်ကျသွားတယ် ဆရာ သူ့ထဲမှာပီခဲ့အရည်နဲ့နောက်ထပ်ကိုယ်ဝန်ရနိုင်သေးလာဗျ
Hello ဆရာ ရာသီမလာတာ၁လကျော်နေပီးကိုယ်ဝန်ရှီလိုလားဆရာ
ဆရာကိုယ်ဝန်က ၂၄ပတ်ရှိပါပီ မြင်းခွာရွက်သုပ်စားမိလို့ရလားရှင့်
9 .11.23ရက်ကအကာကွယ်သုံးပီအတူတူနေခဲ့ပါတယ် 20.11နဲ့ 24 12 မှာရာသီနှစ်လ လာပီ 1 လပိုင်းနှင့် 2 လပိုင်းက ရာသီမလာလို့ပါရှင့် ဆီးစစ်ကြည့်တော့လဲ တစ်ကြောင်းဘဲပေါ်လို့ပါ ကိုယ်ဝန်ရှိနိုင်လား မရှိနိုင်ရင်လဲ ရာသီလာအောင်ဘာဆေးသောက်ရမလဲရှင့်