ကိုယ်ဝန်လနုစဥ်သွေးဆင်းများနေခြင်း
မင်္ဂလာပါ ဒေါက်တာ
ညီမက ကိုယ်ဝန်၈ပတ်ကျော်ရှိပါပီ အာထရာဆောင်း၂ခါရိုက်ထားပါတယ် ပထမတခါရိုက်တုန်းက ကလေးနှလူံးခုန်သံမကြားရပါဘူး ဒုတိယတခါက ညီမသွေးဆင်းတာအရမ်းများလို့ရိုက်ရတာပါ ညီမပြတဲ့OGဆရာမနဲ့တိုင်ပင်ပါတယ် ထပ်ရိုက်တဲ့အာထရာဆောင်းမှာကလေးနှလုံးခုန်သံကြားရပါတယ် OGညွှန်းပေးတဲ့ဆေးကိုလည်းပုံမှန်သောက်နေပါတယ် ၃ရက်ဆက်တိုက်အများကြီးဆင်းနေရာကမနေ့ကသိပ်မဆင်းပဲရပ်သွားပါတယ် ဒါပေမယ့်ဒီနေ့ ပြန်ပီးထပ်ဆင်းနေပါတယ် OGကနားနေခိုင်းလို့အရင်ရက်တွေကဆိုင်ကယ်လည်းမစီးဘယ်မှလည်းမသွားပဲနားနေပါတယ် ညီမနေတာနဲ့မိဘအိမ်နဲ့ကဝေးပါတယ်ဒီနေ့တော့အသွားအပြန်လုပ်ဖြစ်ပါတယ် ခင်ပွန်းကလည်းဆိုင်ကယ်ဖြေးဖြေးပဲမောင်းပေးတာပါ သွေးကထပ်ဆင်းလာတာကလေးအဆင်ပြေနိုင်ရဲ့လား ဆိုင်ကယ်စီးလို့နဲ့ဆိုင်လားဆိုတာ ကျေးဇူး ပြုပြီး ပြောပြပေးပါဦးနော် ဒေါက်တာ ကလေးအဆင်ပြေနိုင်ရဲ့လားဆိုတာကိုပဲ အမြဲ စိတ်ပူနေရလို့ပါရှင့်















ဆိုင်ကယ်မစီးပါနဲ့ဦးနော်။ ဖြည်းဖြည်းပဲ မောင်းတာမှန်ပေမယ့် လမ်းကြမ်းလို့ ခုန်ရင် အဆင်မပြေပါ။