ကိုယ်ဝန်
Hello doctor ၂၉ရက်နေ့က အမျိုးသားနဲ့အတူ တူတူနေခဲ့ပါတယ် အ့တာ ၂၀ရက်နေ့က ရာသီစလာထားတာပါ။ ဖြစ်ပုံက တူတူနေရင်း အကာအကွယ် ကျွတ်ထွက်သွားတာပါ ။ အ့တာစိတ်ပူရပါသလား သူကတော့ မပီးသွားပါဘူး။ နောက်ပီး အခုနေရထိုင်ရတာ တခုခုစားပီးရင် ရင်ပြည့်ရင်ကယ်ဖြစ်ပါတယ်။ နောက်ရာသီကလဲ မလာခင် ၂ပတ်အလိုဆိုရင် ဗိုက်ကနာနေကျမလို့ အခုလဲအ့လိုမျိုး ဗိုက်က နဲနဲနာချင်နေပါတယ်။ စိတ်ပူရလား ဆရာမရှင်။
ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။