🔥 ရေပန်းစားသောအကြောင်းအရာ

ကလေးလေး လှုပ်တာကို ဘယ်လိုမှတ်ကြမလဲ။

မေမေတို့ ကလေးလေးက ကိုယ်ဝန် ၁၂ပတ် (၃လဝန်းကျင်)လောက်တည်းက စလှုပ်တာပါ။ ဒါပေမယ့် မေမေတို့ သတိထားမိမှာ မဟုတ်ပါဘူး။

မေမေတို့ သတိထားမိတာက ၁၆ပတ်လောက်မှပါ။ ဒါတောင် သားဦးမေမေတွေဆို အပတ် ၂၀လောက်မှ သတိထားမိကြပါတယ်။

ကလေးလှုပ်တယ်ဆိုတာက တစ်နည်းအားဖြင့် ကလေးကျန်းမာနေတယ်။ အသက်ရှင်နေတယ်ဆိုတဲ့ လက္ခဏာပါ။ ဒါကြောင့် ကလေးလှုပ်ပြီဆို ဆရာဝန်တွေက ကလေးလှုပ်တာကို မှတ်ခိုင်းတာပါ။

ကလေးက တစ်နေ့ကို ခဏခဏ လှုပ်နေတယ်ဆိုတော့ မေမေတို့လည်း ခဏခဏမှတ်ပြီး တချို့ရက်တွေဆို ရာဂဏန်းလောက် ကပ်သွားတာတောင် ရှိပါတယ်။

တကယ်တော့ အဲ့လောက် မလိုပါဘူး မေမေတို့ရဲ့။ ၂၄နာရီအတွင်းမှာ ကလေးက ၁၀ခေါက်လောက် လှုပ်တယ်ဆိုရင် ဒါအဆင်ပြေတယ်လို့ ပြောလို့ရပါပြီ။ ဒီတော့ ဒီနေ့ မေမေတို့က မနက် ၇နာရီလောက်က စမှတ်မယ် ဆိုပါတော့။ နောက်နေ့မနက် ၇နာရီအထိ ကလေးက ၁၀ကြိမ်လှုပ်ရင် ရပါပြီ။ မနက် ၇နာရီလောက်က စမှတ်လိုက်တာ ည၈နာရီလောက်ကျ ၁၀ကြိမ်ပြည့်သွားပြီဆို ရပါပြီ။ ဆက်မှတ်စရာ မလိုတော့ပါဘူး။ နောက်ရက်ကျမှ ထပ်မှတ်လို့ရပါတယ်။

ဒါကတော့ သာမန်မေမေတွေပေါ့နော်။ တကယ်လို့ ကလေးမလှုပ်လို့ ဆေးရုံရောက်လာတဲ့ မေမေတွေဆိုရင်တော့ ဇယားဆွဲထားတဲ့ စာရွက်ပိုင်းလေး ပေးပြီး ၂နာရီအတွင်းမှာ ဘယ်နှခါ လှုပ်လဲဆိုပြီး မှတ်ခိုင်းလေ့ရှိပါတယ်။ ကလေးမလှုပ်ရင် ဘယ်ဘက်စောင်းအိပ်၊ လမ်းလျှောက် စသဖြင့် လုပ်ခိုင်းလေ့ရှိပါတယ်။

ပြောချင်တာကတော့ ကလေးလှုပ်ပြီဆိုရင် မေမေတိုင်း ကလေးလှုပ်တာကို မှတ်ပါ။ သာမန်မေမေတွေ တစ်ရက်ကို ၁၀ခါလောက်ဆို ရပါပြီ။ ကလေးလှုပ်တာ နည်းသွားရင်၊ မလှုပ်တော့ရင် ဆရာဝန်နဲ့ ပြန်ပြကြပါ မေမေတို့။

ကလေးလေး လှုပ်တာကို ဘယ်လိုမှတ်ကြမလဲ။ကလေးလေး လှုပ်တာကို ဘယ်လိုမှတ်ကြမလဲ။
2
24
မှတ်ချက် 2 ခု

မှတ်ချက် 2ခု

ညီမကိုယ်ဝန်က ကလေးက ညာဘက်ကပဲခဏခဏလှုပ်နလို့ အဲ့တာစိုးရိမ်စရာရှိလားရှင့်

ကိုယ်ဝန်က ငါးလရှိပါပြီ

လွန်ခဲ့သော 10 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အကြိမ်ရေ ပြည့်တယ်ဆိုရင်တော့ ပြဿနာမရှိပါ။

လွန်ခဲ့သော 10 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်