🔥 ရေပန်းစားသောအကြောင်းအရာ

ကလေး Over overmovement ဖြစ်ခြင်း

ကျွန်မက 35 ပတ်ရှိနေပြီဖြစ်တဲ့ ဆီးချိုကိုယ်ဝန်သည်တယောက်ပါ။ သိချင်တာကပထမကလေးတုန်းက လှုပ်ရှားမှူ့ကိုသိပ်မသိရပေမယ့် Over movement လိုဖြစ်နေတဲ့တွက် ကလေးအထဲမှာ တခုခုဖြစ်နိုင်လားသိချင်ပါတယ်။ ဆရာဝန်နဲ့ အချိန်တိုင်းမတွေ့ဖြစ်ပါဘူး သူများနိုင်ငံမှာနေနေရတဲ့တွက် စားရိတ်စားက က အရမ်းကြီးပါတယ် Ultrasound လဲ မရိုက်ဖြစ်တော့ပါဘူး နောက်ဆုံးတခါရိုက်တာ အပါတ် 30မှာပါ။ ကလေးက ကျန်းမာတယ်လို့တော့ပြောပါတယ်။ ပြီးတော့ ဆီးချိုကလဲ ထိန်းမရပါဘူး Fasting တောင် 170-180 ဖြစ်နေတာပါ နဲနဲအစာစားတာနဲ့ 280-320 ထိုးတတ်သွားတတ်လို့ ဘာမှတောင်မစားရဲအောင်ဖြစ်နေပါတယ်။ ရင်ပူတာလဲ ညပိုင်းဖြစ်တာများပြီး အိပ်လို့တောင်မရပါဘူး လှဲတာနဲ့ အက်စစ်ရည်က လည်ပင်းထဲထိရောက်လာလို့ ငုတ်တုတ်ထိုင်နေရပါတယ်။ ဆိုတော့ ဆီးချိုကိုယ်ဝန်ဆောင်တယောက်အနေနဲ့ ကလေးအရမ်းလှုပ်တာ စိုးရိမ် ရလား စိုးရိမ် စရာမလိုဘူးလားရှင့်။

0
18k
မှတ်ချက် 4 ခု

မှတ်ချက် 4ခု

လှုပ်ရုံသက်သက်ကတော့ ပြဿနာမဟုတ်ပေမယ့် ဆီးချိုတက်နေတာက သိပ်မကောင်းပါဘူး။ ဆီးချိုအတွက် ဘာဆေးတွေသောက်နေသလဲ၊ အင်ဆူလင်ထိုးရသလား။

လွန်ခဲ့သော 1 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဟုတ် ေကျးဇူးတင်ပါတယ်ဆရာ သွားေတွ့လိုက်ပါ့မယ်

လွန်ခဲ့သော 1 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Poe Thi

ခွဲတာက အဲ့ဘက်မှာပဲ ခွဲမှာဆိုရင်တော့ တစ်ေခါက်လောက်တော့ သွားပြစေချင်ပါတယ်။ ခွဲခါနီး ဆီးချိုတက်နေရင် အဆင်မပြေမှာ စိုးလို့ပါ။ ဆေးသောက်ဖို့လိုရင်လည်း သူတို့ဆေးစာနဲ့ တစ်ခါတည်း ဝယ်လို့ ရတယ်လေ။

လွန်ခဲ့သော 1 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Dr Htet Htet Zaw Win

ဟုတ် ဆရာ အရင်ကိုယ်ဝန်တုန်းက ဆရာဝန်ပေးတဲ့ Glyburide 5mg တရက်နှစ်လုံးသောက်ခိုင်းပါတယ် Metformin နဲ့မတည့်လို့ပါ။ ခုက Glyburide ကကုန်သွားလို့ ဘာမှဆက်မသောက်ဖြစ်ပါဘူး။ အင်ဆူလင်တော့ မထိုးသေးပါဘူး ။ ဒီမှာကဆေးတွေကို ဝယ်ခွင့်မပေးဘူး ဆရာဝန်ထောက်ခံချက်မပါရင်။ June 10 ခွဲဖို့ Date ပေးထားပေမယ့် ဒီရက်ပိုင်း နေရတာ တော်တော့်ကိုအဆင်မပြေဖြစ်နေလို့ပါဆရာ။ ဆီးချိုလဲမကျတော့။ ဘာဆက်လုပ်ရမှန်းတောင်မသိတော့ဘူး။

လွန်ခဲ့သော 1 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်