ကလေး Over overmovement ဖြစ်ခြင်း
ကျွန်မက 35 ပတ်ရှိနေပြီဖြစ်တဲ့ ဆီးချိုကိုယ်ဝန်သည်တယောက်ပါ။ သိချင်တာကပထမကလေးတုန်းက လှုပ်ရှားမှူ့ကိုသိပ်မသိရပေမယ့် Over movement လိုဖြစ်နေတဲ့တွက် ကလေးအထဲမှာ တခုခုဖြစ်နိုင်လားသိချင်ပါတယ်။ ဆရာဝန်နဲ့ အချိန်တိုင်းမတွေ့ဖြစ်ပါဘူး သူများနိုင်ငံမှာနေနေရတဲ့တွက် စားရိတ်စားက က အရမ်းကြီးပါတယ် Ultrasound လဲ မရိုက်ဖြစ်တော့ပါဘူး နောက်ဆုံးတခါရိုက်တာ အပါတ် 30မှာပါ။ ကလေးက ကျန်းမာတယ်လို့တော့ပြောပါတယ်။ ပြီးတော့ ဆီးချိုကလဲ ထိန်းမရပါဘူး Fasting တောင် 170-180 ဖြစ်နေတာပါ နဲနဲအစာစားတာနဲ့ 280-320 ထိုးတတ်သွားတတ်လို့ ဘာမှတောင်မစားရဲအောင်ဖြစ်နေပါတယ်။ ရင်ပူတာလဲ ညပိုင်းဖြစ်တာများပြီး အိပ်လို့တောင်မရပါဘူး လှဲတာနဲ့ အက်စစ်ရည်က လည်ပင်းထဲထိရောက်လာလို့ ငုတ်တုတ်ထိုင်နေရပါတယ်။ ဆိုတော့ ဆီးချိုကိုယ်ဝန်ဆောင်တယောက်အနေနဲ့ ကလေးအရမ်းလှုပ်တာ စိုးရိမ် ရလား စိုးရိမ် စရာမလိုဘူးလားရှင့်။
လှုပ်ရုံသက်သက်ကတော့ ပြဿနာမဟုတ်ပေမယ့် ဆီးချိုတက်နေတာက သိပ်မကောင်းပါဘူး။ ဆီးချိုအတွက် ဘာဆေးတွေသောက်နေသလဲ၊ အင်ဆူလင်ထိုးရသလား။