How to do
ဆရာ ကျွန်တော့ကောင်မလေးနဲ့ အရင်လ Oct 11 ရက်နေ့က တူတူနေပါတယ် ကွန်ဒုံးလဲ သုံးပါတယ် ဆရာ ကွန်ဒုံးက ခုမှ သုံးဖူးတာပါ ဆရာ ကောင်မလေးရဲ့ ရာသီ လာချိန် နေမိတာပါ ဒီလ ပုံမှန် ရာသီ လာတာထက် 5 ရက်လောက် စောလာပါတယ် ဆရာ ခဏခဏလဲ ရင်ပြည့်နေပါတယ်ဆရာ ဒီရက်ပိုင်း ခေါင်းလဲ ခဏခဏ မူးပါတယ် ဆရာ ကိုယ်ဝန်ရှိနိုင်မလား သိချင်လို့ပါ ဆရာ
ရာသီရက်တွေက စောတာ၊ နောက်ကျတာ ဖြစ်တတ်ပါတယ်။ ပုံမှန်ဆင်းနေကျအတိုင်းပဲဆိုရင် ပြဿနာမရှိပါ။
ရာသီလာချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့်ရော၊ သွေးဆင်းတာကြောင့်ရော နုံးပြီး မအီမသာဖြစ်တာ၊ ရင်ပြည့်တာတွေ ဖြစ်တတ်ပါတယ်။