Hello ဆရာဝန်ရှင့်
ကိုယ်ဝန် ၂ လကျော်ပါရှင့် . ယခု ကိုယ်ဝန်ဆောင်ကာလမှာ အစာစားချင်စိတ် မရှိဘူးဖြစ်နေပါတယ်ရှင်.တခုခု စားဖို့အတွက် စဉ်းစားလိုက်ရင် ပျို့တက်လာရော ရှင်. အခုဆို တော်တော်အားနည်းနေပါတယ် အာကြောင့် အစားစားချင်တဲ့ ဆေးမျိုး (သို့) အားဖြစ်စေသော အစားထိုး ဖြည့်စွက်စာများ ရှိရင် ပြောပြပေးပါဒေါက်တာရှင့်
ကိုယ်ဝန်ဆောင် ပျို့တာက ဖြစ်တတ်ပါတယ်။ အစားကို နည်းနည်းစီစားပါ။ အနံ့ပြင်းတာတွေ မစားပါနဲ့။
အားဆေးရယ်လို့လည်း သီးခြားမရှိပါ။ ကိုယ်ဝန်ဆောင်ဖြည့်စွက်နို့မှုန့်တွေ ရှိပေမယ့် ကိုယ်တိုင်စားတဲ့ အစားအစာတွေကသာ အကောင်းဆုံးပါ။