Hello Dr

ဆရာရှင်မင်္ဂလာပါ ရပ်ဝေးမှာရောက်နေတာပါ အခုကိုယ် ၃၂ ပတ်ပါ - ဆီးချိုရှိတယ်ဆိုလို့ မက်ဖိုမင် 500mg မနက်စာ စားပြီး ၁ လုံးနဲ့ ညစာစားပြီး 1 လုံးသောက်ရပါတယ် ၁ လနီးပါးရှိပါပြီ. ကိုယ်ဝန်ဆောင်သည် ရှိရမယ့် မနက်အိပ်ယာထဆီးချိုက အမြဲတန်းလိုလို 5.3 to 5.5 ဖြစ်နေပါတယ် ... ဒီနေ့မနက်ကျ ညက တညလုံးအိပ်မပျော်လို့ မနက် ၃ နာရီလောက် ကီဝီတလုံးစားလိုက်ပါတယ် မနက်စာစားခါနီး စစ်တော့ 5.7 ဖြစ်နေပါတယ် ဆရာ (စစ်မတဲ့အချိန်နက် ၁၀၄၅ လောက်တော့ဖြစ်နေပါပြီ မနက်စာမစားခင်ပါ) ... ဒီတလအတွင်းအများဆုံးပါ ... နေ့လည်စာနဲ့ညစာစားပြီးချိန် ၂ နာရီမှာစစ်တာတော့ အများသောအားဖြင့် 6.6 အောက်ရှိပါတယ်ဆရာ ၂ခါ၃ခါပဲ 6.9 to 7.2 ဖြစ်ပါတယ် နေ့စဉ်ထမင်းစားချိန်တွေက ... မနက်စာ ၉-၉ခွဲ လောက်စားဖြစ်ပြီး နေ့လည်စာ ၁၂၃၀-၁၃၀ ကြားနဲ့ ညစာ ၇-၈ ကြားစားဖြစ်ပါတယ် ဆရာ ... ကျမ ရဲ့ အခုဆေးချိုအခြေအနေက ဘယ်လိုမျိုး ရှိလဲဆိုတာသိချင်ပါတယ် ... ကျေးဇူးတင်ပါတယ်ရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
9
3

မှတ်ချက် 3ခု

ဆိုးဆိုးရွားရွားကြီး များနေတော့လည်း မဟုတ်ပါဘူး။ ဒီလောက်ဆို အဆင်ပြေပါတယ်။ အိုဂျီနဲ့ရော ပုံမှန်ပြနေရဲ့လား။

လွန်ခဲ့သော 10 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Shine

ဟုတ်ကဲ့ရပါတယ်

စားတဲ့ပမာဏကို နည်းနည်းေလာက် ထိန်းလိုက်ရင် ရပါပြီ။

လွန်ခဲ့သော 10 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဟုတ်ကဲ့ပြပါတယ်ဆရာ .... ဆရာမက အစာမစားခင် 60-90 ကြားနဲ့ စားပြီး 120 အောက်ရှိရမယ်ပြောလို့ပါဆရာ ... အိမ်ကစက်က ဂဏန်းအသေးနဲ့ပြလို့ ... 18 နဲ့ မြှောက်ခိုင်းပါတယ်ဆရာ ... ရင်သွေးလေးကို ထိခိုက်မှာ စိတ်ပူလို့ပါ ဆရာ ... အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ် ...ဆရာ ..🙏

လွန်ခဲ့သော 10 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်