Hello Doctor Please Let me know...
ကျမ က ကိုယ်ဝန် 7 ပတ် ရှိနေပါတယ်
နောက်ဆုံး ရာသီ က26.8.23 က စ ဆင်းပြီး 28.8.23 မှာ ပြီးခဲ့တာပါ
30.9.23 မှာ ဆီးစစ်ကြည့်ပြီး ကိုယ်ဝန်ရှိတာ သိတာပါ ရှင်
လက်ရှိက ပြည်ပမှာမလို့ ဆေးရုံသွားမပြရသေးပါဘူး
ခုက အကျိအချွဲ နဲနဲဆင်းလို့ပါ။
အဲဒါ စိတ်ပူရမယ့် အနေအထားရှိလား သိချင်လို့ပါ ရှင်
ဆီးစပ်ကိုက်တာ၊ သွေးဆင်းတာ မရှိရင်တော့ စိုးရိမ်စရာမလိုသေးပါ။
အကျိအချွဲက အရောင်တွေပါလာရင်၊ အနံ့ဆိုးလာရင်၊ မိန်းမကိုယ်ယားရင်တော့ ဆရာဝန်နဲ့ ပြပါ။ ပြည်ပရောက်နေရင် မြန်မာနိုင်ငံက ဆရာဝန်တွေကို အွန်လိုင်းကနေ ပြပါ။
အခု ကိုယ်ဝန်ဆောင်အားဆေးတော့ သောက်ထားပါ။
ကိုယ်ဝန်အပ်ဖို့လည်း ပြင်ထားပါ။