အရေးပေါ် တားေဆးေသာက်ပြီး ၃ရက်ကြာမှ မူးဝ ပျို့အန်ခြင်း
နေ့လည်ပိုင်း အကာအကွယ်မပါဘဲ အတူတူေနမိပြီးတော့ ညပိုင်းကျမှ အရေးပေါ်တားဆေး သောက်ခဲ့ပါတယ်၊ သောက်ပြီး ဘာမှမဖြစ်ဘူး၊ ဒါပေမယ့် အခု ၃ရက်ကြာပြီးမှ မူးေဝပျို့အန်နေလို့ ဆေးကြာင့်လား သိချင်ပါတယ်။ မဟုတ်ရင် ဘာကြောင့်များဖြစ်နိုင်မလဲဆိုတာ သိချင်ပါတယ်။

















ဆေးကြောင့်ဖြစ်ဖို့ များပါတယ်။ အရေးပေါ်တားဆေးက ဘေးထွက်ဆိုးကျိုးအနေနဲ့ မူးဝေတာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ ရင်သားနာတာ၊ သွေးအနည်းငယ်ဆင်းတာ၊ ရာသီမမှန်တာဖြစ်တတ်ပါတယ်။