အမွှာလိုချင်လို့့ပါ
ညီမ အိမ်ထောင်ကျတာ တစ်နှစ်ရှိပီရှင့် ကလေးယူချင်တာ အမွှာလေးပဲလိုချင်နေလို့ပါ အမျိုးသားကော ညီမမျိုးရိုးဘက်မှာကော အမွှာမွေးဖူးတဲ့သူမရှိပါဘူး မဖစ်နိုင်ဘူးမှန်းသိပေမယ့် ကြိုးစားလို့ရရင်လည်းကြိုးစားပါမယ် တကယ်ကိုအမွှာလေးပဲလိုချင်တာပါရှင့်
နို့သောက်ရင်၊ အသားစားရင် ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး အမြွာရနိုင်တယ် ဘာညာ ဒီလိုပြောကြပေမယ့် ဒါက သေချာတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။
တကယ်ပဲ အမြွာရကို ရမှဆိုရင်တော့ Assisted fertilizationလို့ ခေါ်တဲ့ ပြင်ပမှာ သန္ဓေတည်တဲ့ နည်းလမ်းပဲ ရှိပါတယ်။
မြင်သာအောင် ပြောရရင် ဖန်ပြွန်သန္ဓေသားလို့ပေါ့နော်။ မိခင်ဆီက သားဥတွေနဲ့ ဖခင်ဆီက သုက်ကောင်တွေကို အပြင်မှာ စပ်၊ အမြွာသန္ဓေရအောင်လုပ်ပြီး ကိုယ်ဝန်ဆောင်တာပါ။
အရင်ဆုံးတော့ သားဖွားမီးယပ်ဆရာဝန် တစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီး မိမိဖြစ်ချင်တာကို ဆွေးနွေးကြည့်ဖို့ လိုပါတယ်။