ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

6.2k 

Total posts

1 

Total experts

223 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ကိုယ်ဝန်ပျက်စေတဲ့ အစားအစာ

ကိုယ်ဝန်ဆောင်တွေက ဟိုဟာ စားလို့ရလား၊ ဒီဟာ စားလို့ရလား လာမေးကြလေ့ရှိတယ်။ အဓိကကတော့ ကိုယ်ဝန်ထိခိုက်မှာစိုးလို့ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအစားအစာတွေကိုတော့ မစားသင့်ပါဘူး။

−ပိုးမသတ်ထားတဲ့ နို့နဲ့ ချိစ်တွေ

−ဥအစိမ်းတွေ၊ သေချာမချက်ထားတာတွေ

−ကျက်အောင် မချက်ထားတဲ့ အသား၊ ငါးတွေ (ဆူရှီ၊ အကင်)

ဒါတွေက သူတို့မှာပါတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ကိုယ်ဝန်ပျက်စေပါတယ်။

−မာကျူရီပါတဲ့ငါးတွေ

−အသည်း

မာကျူရီတွေ၊ အသည်းမှာ ပါတဲ့ ဗီတာမင်အေတွေကလည်း အလွန်အကျွံဆို ကလေးထိတတ်ပါတယ်။

နောက်ပြီး ကိုယ်ဝန်ဆောင်တွေ တော်တော်များများ ပြောကြတဲ့ သင်္ဘောသီးနဲ့ နာနတ်သီး

သင်္ဘောသီးက အမှည့်ဆိုရင် စားလို့ရပါတယ်။ အစိမ်းကတော့ အလွန်အကျွံမစားသင့်ပါ။ ကိုယ်ဝန်နုချိန်၊ ကလေးပျက်ကျဖူးတဲ့သူတွေက မစားတာ ကောင်းပါတယ်။

နာနတ်သီးကတော့ ၇လုံး၊ ၁၀လုံး အလွန်အကျွံစားမှ ဖြစ်တာပါ။ ဒီတော့ အလွန်အကျွံမစားနဲ့ပေါ့။

ဒီလောက်ဆို ဘာတွေ ရှောင်ရမလဲဆိုတာ မေမေတို့ သိလောက်ပါပြီနော်။

ကိုယ်ဝန်ပျက်စေတဲ့ အစားအစာကိုယ်ဝန်ပျက်စေတဲ့ အစားအစာ
1
217
မှတ်ချက် 61 ခု
ဘေဘီလေးတွေ ကြို့ထိုး လာပြီဆိုရင် ....

ဘေဘီလေးတွေ ကြို့ထိုးထာမဖြစ်အောင် ဒါမှမဟုတ် ဖြစ်လာခဲ့ရင်လည်း သက်သာစေဖို့ ဒီနည်းလမ်းလေးတွေ စမ်းကြည့်ပါနော်။​

ဘေဘီလေးတွေ ကြို့ထိုး လာပြီဆိုရင် .... ဘေဘီလေးတွေ ကြို့ထိုး လာပြီဆိုရင် .... 
0
5
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်မေမေတွေ ဆားအများကြီးစားရင် ဘာဖြစ်နိုင်လဲ....

ဆားကကျန်းမာစေဖို့ လိုအပ်တယ် ဆိုပေမယ့် အရမ်းများလွန်းရင်တော့ မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ

ဆားအများကြီးစားတာ၊ အငန်ကဲတာတွေကို စားတာက ဘယ်လိုများ ထိခိုက်စေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

1
1
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်မေမေတွေ ဆားအများကြီးစားရင် ဘာဖြစ်နိုင်လဲ....

ဆားဆိုတာကနေ့စဉ် စားသုံးမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဆားက ကိုယ်ဝန်ဆောင်မေမေအတွက် အရေးပါသလို ဗိုက်ထဲက ကလေးလေး ကျန်းမာစေဖို့အတွက်လည်း အရေးပါပါတယ်။ ဒါပေမဲ့ အရမ်းများလွန်းရင်တော့ မေမေတို့အတွက်

မကောင်းပါဘူး။ ဘာကြောင့်များလဲဆိုတာ မနက်ဖြန်ဆောင်းပါးလေးမှာ ပြောပြပေးမယ်နော်။

ကိုယ်ဝန်ဆောင်မေမေတွေ ဆားအများကြီးစားရင် ဘာဖြစ်နိုင်လဲ....ကိုယ်ဝန်ဆောင်မေမေတွေ ဆားအများကြီးစားရင် ဘာဖြစ်နိုင်လဲ....
0
မှတ်ချက် 0 ခု
သီတင်းကျွတ် စာမူပြိုင်ပွဲမှာ ဆုရရှိသွားတဲ့ မေမေနှစ်ယောက်ရဲ့ ခံစားချက်

Hello ဆရာဝန် ရဲ့ သီတင်းကျွတ် စာမူပြိုင်ပွဲမှာ မေမေတို့ ကြုံတွေ့ရတဲ့

ချင်ခြင်းတပ်ခြင်းအကြောင်းတွေကို မျှဝေရင်း ဆုရရှိသွားတဲ့ မေမေနှစ်ယောက်ရဲ့

ဆုရရှိတဲ့ ခံစားချက်လေးကို အခုလိုမျှဝေပေးလိုက် ပါတယ်နော်။ ဒီလိုပြိုင်ပွဲတွေမှာ

ပါဝင်ပြီး ဆုလက်ဆောင်တွေ ရယူချင်တယ်ဆိုရင် ကိုယ်ဝန်ဆောင်အဖွဲ့အစည်းမှာ အခမဲ့

စာရင်းသွင်းထားလိုက်ပါ။


စာရင်းသွင်းမယ် - https://hellosayarwon.com/community/pregnancy/

0
4
မှတ်ချက် 0 ခု
ကိုယ်ဝန် နုစဉ် ရှောင်ရန် ဆောင်ရန်များ

ကိုယ်ဝန်စရှိရှိချင်း ပထမ ၃လ (၁၃ပတ်)ကို ကိုယ်ဝန်နုတဲ့လတွေလို့ သတ်မှတ်ပါတယ်။ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေ ကြီးထွားနေတဲ့အချိန်ဖြစ်တာကြောင့် အစစအရာရာ သတိထားဖို့ လိုပါတယ်။

အများစုက ကိုယ်ဝန်ရှိတာကို သတိမထားမိကြသလို သတိထားမိတော့လည်း ကိုယ်ဝန်ပတ်က ၄၊ ၅၊ ၆ပတ် ဖြစ်နေပါပြီ။

ဒီတော့ ကိုယ်ဝန်ရှိတာကို စောစောသိနိုင်ရင် ကောင်းပါတယ်။ ရာသီထိမ်နေပြီ၊ ကိုယ်ဝန်ရနိုင်တဲ့ အနေအထားမျိုးဆို ဆီးစစ်ကြည့်ကြပါ။

ကဲ ကိုယ်ဝန်ရှိတာကို သိပြီဆိုရင် လိုက်နာရမယ့် အချက်တွေကတော့

−ကိုယ်ဝန်ဆောင်အားဆေးစသောက်ပါ။

−ကိုယ်ဝန်အပ်ပါ။

−ဆရာဝန်ညွှန်ကြားတဲ့ ဆေးစစ်တာတွေ၊ ကာကွယ်ဆေးထိုးတာတွေကို လိုက်နာပါ။

ရှောင်ရမှာတွေကတော့

−ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်မသောက်ပါနဲ့တော့။ သောက်လက်စဆေးတွေကိုလည်း ဆရာဝန်နဲ့ ပြကြည့်ပါ။

−ဆေးလိပ်၊ အရက် ဒါတွေအကုန် ရပ်ပါ။

−ကော်ဖီလျှော့သောက်ပါ။

−အပြင်စာတွေ လျှော့စားပါ။

−ပြဒါးပါတဲ့ငါးတွေ၊ မကျက်တကျက်အသားတွေ၊ ဆာရှိမိတွေ ရှောင်ပါ။

−ဓာတုပစ္စည်းတွေကိုလည်း ကိုင်တွယ်တာမျိုးကို ရှောင်ကြပါ မေမေတို့။

ကိုယ်ဝန်ပထမ ၃လကို အန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်

... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန် နုစဉ် ရှောင်ရန် ဆောင်ရန်များကိုယ်ဝန် နုစဉ် ရှောင်ရန် ဆောင်ရန်များ
0
1
မှတ်ချက် 0 ခု
အချင်းရှေ့ရောက်တယ်ဆိုတာဘာလဲ...?

လနုစဉ်မှာ အချင်းက ပုံမှန် သားအိမ်အောက်ခြေမှာရှိပါတယ်။ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ အချင်းက အပေါ်ကို တက်လာပြီး သားအိမ်ထိပ် ဒါမှမဟုတ် ဘေးနံရံမှာ တွယ်ရပါတယ်။ ဒါမှကလေးက လွတ်လွတ်လပ်လပ်ကြီးထွားနိုင်မှာပါ။ အပေါ်တက်မလဲဘဲ သားအိမ်အောက်ခြေမှာဆက်ရှိနေရင် ဒါကို အချင်းရှေ့ရောက် တယ်လို့ခေါ်ပါတယ်။

ကိုယ်ဝန်ဆောင် ၂၀၀ မှ ၁ ယောက်ဖြစ်နိုင်ပါတယ်။


သားအိမ်မှာ အရင်က ကလေးမွေးထားဖူးလို့ပဲဖြစ်ဖြစ်၊ ဖျက်ချထားလို့ပဲဖြစ်ဖြစ်၊ ဗိုက်ခွဲမွေးစဉ်မှာ ကိရိယာတစ်ခုနဲ့ ထိခိုက်မိထားလို့ဖြစ်ဖြစ် scar tissue လို့ခေါ်တဲ့ အမာရွတ်ကျန်နေတဲ့အခါမျိုးတွေမှာ အချင်းရှေ့ရောက်တာတွေပိုဖြစ်နိုင်ပါတယ်။ အချင်းရှေ့ရောက်ခြင်းကြောင့် သွေးထွက်လွန် နိုင်ပြီး မိခင်နဲ့ ကလေးကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

အချင်းရှေ့ရောက်တယ်ဆိုတာဘာလဲ...? အချင်းရှေ့ရောက်တယ်ဆိုတာဘာလဲ...? 
0
19
မှတ်ချက် 0 ခု
ဘေဘီလေးတို့ရဲ့ အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်တဲ့ ABC

ဘေဘီလေးတို့ရဲ့ အိပ်စက်ခြင်းအတွက် ABC နဲ့ လွယ်လွယ်ကူကူ မှတ်ထားတော့ မေမေတို့အတွက် မှတ်မိရလွယ်တာပေါ့နော်။

ဘေဘီလေးတို့ရဲ့ အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်တဲ့ ABC  ဘေဘီလေးတို့ရဲ့ အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်တဲ့ ABC  
0
2
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေ မသောက်ရဘူးလဲ...?

ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် ပုံမှန်အချိန်မှာလည်း ရေဓာတ် ပြည့်ဝစွာ ရရှိနေဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝနေမှ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ကောင်းကောင်း ထောက်ကူပေးနိုင်မှာပါ။ ဒီလိုပြောရတာက မေမေရဲ့

ခန္ဓာကိုယ်မှာရော ဘေဘီလေးရဲ့ ခန္ဓာကိုယ်မှာပါ အများဆုံး ပါဝင်ဖွဲ့စည်းထားတာက

ရေဓာတ် ဖြစ်နေတာကြောင့်ပါ။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် လုံလောက်တဲ့ ရေဓာတ် ပြည့်ဝစေဖို့အတွက် ဘယ်လို သောက်စရာတွေကို မသောက်သင့်ဘူးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ကြည့်လိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေ မသောက်ရဘူးလဲ...? ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေ မသောက်ရဘူးလဲ...? 
0
2
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေ မသောက်ရဘူးလဲ...?

ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် ပုံမှန်အချိန်မှာလည်း ရေဓာတ် ပြည့်ဝစွာ ရရှိနေဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝနေမှ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ကောင်းကောင်း ထောက်ကူပေးနိုင်မှာပါ။ ဒီလိုပြောရတာက မေမေရဲ့

ခန္ဓာကိုယ်မှာရော ဘေဘီလေးရဲ့ ခန္ဓာကိုယ်မှာပါ အများဆုံး ပါဝင်ဖွဲ့စည်းထားတာက

ရေဓာတ် ဖြစ်နေတာကြောင့်ပါ။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် လုံလောက်တဲ့ ရေဓာတ် ပြည့်ဝစေဖို့အတွက် ဘယ်လို သောက်စရာတွေကို မသောက်သင့်ဘူးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ကြည့်လိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေ မသောက်ရဘူးလဲ...? ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေ မသောက်ရဘူးလဲ...? 
0
4
မှတ်ချက် 0 ခု