Hello

ပုံမှန်ဆို ရာသီ ပုံမှန်လာပါတယ်

Period tracker app သုံးတဲ့အတွက် ရက်ကို အမြဲ ကြည့်ဖြစ်ပါတယ်

အရင်လက ရာသီလာအပြီး သားဥမကြွေခင် အရှေ့ တစ်ရက်မှာ တူတူနေမိပါတယ် condom သေချာသုံးပြီး အထဲမှာ ပြီးပါတယ်

နောက်ပြီး 4 ရက်နေ့မှာ တူတူထပ်နေဖြစ်ပါတယ် condom လည်း သုံးပေမယ့် အထဲမှာ ပြီးပါတယ်

6 ရက်နေ့က ရာသီလာရမှာကို 10 ရက်နောက်ကျပြီး အခုထိ ရာသီမပေါ်သေးလို့ပါ

ကိုယ်ဝန်ရှိန်ုင်လားရှင်ြ အခြား ဘာများဖြစ်တတ်ပါသလဲ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
17
5

မှတ်ချက် 5ခု

အမျိုးသမီးတွေမှာ သာမန်အားဖြင့် ရာသီစောတာနောက်ကျတာတွေဖြစ်တတ်ပါတယ်

ဟော်မုန်းအပြောင်းအလဲဖြစ်တာ စိတ်ဖိစီးမှုများတာ ကိုယ်အလေးချိန် နည်းလွန်းတာ များလွန်းတာအပြင် တခြားအကြောင်းတွေ လည်းရှိနိုင်ပါတယ်

ကွန်ဒုံးလည်းသေချာစနစ်တကျသုံးတယ် ကွန်ဒုံးပေါက်ပြဲတာလည်း မရှိဘူးဆိုရင် ရနိင်ချေနည်းပါတယ်

စိတ်ထဲမတင်မကျဖြစ်နေတယ်ဆိုရင် ဆီးစစ်ကြည့်လိုက်တာ ကောင်းပါတယ်

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆီးစစ်ကြည့်သေးလားသမီးရေ

ဆီးစစ်ကြည့်ဖို့အကြံပေးချင်တယ်နော်

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Minn Phone Myint

17 ရက်နေ့ မနေ့က 10 မိနစ်လာက် သွေးနည်းနည်း ဆင်းပါတယ် ပြီးေတာ့ အခုထိ ဘာမှ ဆက်မဆင်းတော့လို့ရှင့်

ဘာဆေးသာက်သင့်လဲရှင့် Eposoft လိုမျိုး သောက်သင့်လားရှင့်

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

စိတ်ဖိစီးမှုကြောင့်လည်းဖြစ်န်ုင်သလို

အစားအသောက်ကြောင့်လည်းဖြစ်နိုင်ပါတယ်

အာဟာရစုံလင်မျှတအောင်စားပေးပါ

အမျိုးသမီးတွေမှာ သံဓာတ်အားနည်းတာလည်းဖြစ်နိုင်တဲ့အတွက် folic acidသောက်ပေးလို့လည်းရပါတယ်

ဆီးစစ်တာရဲ့ ပုံစံအမှန်ကတော့ early morning mid stream urineနဲ့စစ်ရမှာပေါ့

ပြောရရင်

မနက်စောစာ အိပ်ရာနိးနိုးချင်း အိမ်သာကိုသွား ဆီးကို နည်းနည်းပေါက် ခဏရပ် ဆီးစစ်တံကို ခံ ဆီးစစ်တံပေါ်ပေါက်ချ အဲ့လို စစ်ရမှာပေါ့ ဆီးစစ်တံနဲ့ ဆီးနဲ့ ၅စက္ကန့်လောက်ထိရင်ရပါတယ်

အဲ့ဒါကတော့ လုံးဝမှန်တဲ့ပုံစံပေါ့နော်

ဒါပေမယ့် ကျန်တဲ့အချိန်တွေမှာလည်း စစ်လို့ရပါတယ်

မရှင်တာရှိရင် ဆေးဆိုင်မှာ ဆီးစစ်တံဝယ်ရင်းလည်းထပ်မေးလို့ရပါတယ်

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Minn Phone Myint

ကွန်ဒုံးလည်း မေပါက်ခဲ့ပါဘူးရှငိ့ စိတ်ဖိစီးမှုကြာင့်ပို ဖြစ်နိုင်လားရှင့်

ဆီးစစ်တာက အချိန်မရွေးစစ်လို့ရပါသလားရှင့်

မနက်နိုးနိုးချင်းစစ်ရတာ ဘာညာ ကြားဖူးလို့ပါ

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်