ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

6.2k 

Total posts

1 

Total experts

222 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့....

အရင်ကအိပ်မပျော်တာမျိုး မရှိပါဘူး။ ကိုယ်ဝန်ရမှပဲ သေချာကို အိပ်မပျော်ဘူးဆိုတဲ့ မေမေတွေရှိလား…… ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝအောင် စားသုံးဖို့ လိုအပ်သလို အိပ်ရေးဝဝ အိပ်ဖို့လည်း လိုအပ်ပါမယ်။ ဒါဆို မေးစရာ ရှိနိုင်တာ ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့…… ဆိုတာပေါ့။ ဒီတော့ အခုဖော်ပြမယ့် ဆောင်းပါးလေးမှာ လေ့လာကြည့်လိုက်ပါနော်။


0
3
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်ကာလ ဒုတိယအပတ် သိကောင်းစရာများ

မေမေတို့ ရဲ့ ဘေဘီလေး ဘယ်လိုဖွံ့ဖြိုးလာပါသလဲ...?

ဒီအပတ်မှာ သင့်ခန္ဓာကိုယ်က ကလေးလေးကို လက်ခံပျိုးထောင်ဖို့အဆင့်ဖြစ်နေတဲ့လက္ခဏာ ပြလာပါပြီ။ ဒီအပါတ်အကုန်လောက်မှာ မျိုးဥကကြွေကျပြီး သန္ဓေအောင်ဖို့စောင့်နေမှာပါ။ သင့်အမျိူးသားကို အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားခိုင်းလို့ရပါပြီ။သင်တို့ ကလေးသန္ဓေတည်ဖို့ သင်တို့နှစ်ယောက်လုံး အားထုတ်ဖို့လိုပါတယ်။ ဒီအပတ်အတွက် ကံကောင်းပါစေ။


အခုချိန်မှာယောက်ျားလေး မိန်းကလေးစကွဲပြီဆိုတာ သင်သိပါသလား...?

ဒါပေမယ့် ၁၈-၂၀ပတ်အထိ သင်သိဦးမှာမဟုတ်ပါဘူး။ဘယ်လိုဖြစ်လဲဆိုတာ ဆက်ကြည့်ရအောင်။ လူတိုင်းမှာ မျိုးရိုးဗီဇလက္ခဏာနဲ့ လုပ်ထားတဲ့ ခရိုမိုဇုမ်း ၄၆ ခုပါပါတယ်။ ၄၆ခုမှာ၂ခုက လိင်ခရိုမိုဇုမ်းပါ။ ၁ခုကသုတ်ကောင်မှလာပြီး ၁ခုမှာ သန္ဓေအောင်ပြီး မမျိုးဥကလာတာပါ။ မမျိုးဥက X ခရိုမိုဇုမ်းတစ်မျိုးတည်းရှိပြီး သုတ်ကောင်က X ရော Y ခရိုမိုဇုမ်းပါ ရှိပါတယ်။ တကယ်လို့သင့်ကလေးက XX ခရိုမိုဇုမ်းနဲ့ မွေးလာရင် မိန်းကလေး ဖြစ်ပြီး XY ဆိုရင် ယောက်ျားလေးဖြစ်မှာပါ။


မေမေတို့ရဲ့ခန္ဓာကိုယ် ဘာတွေပြောင်းလဲသွားလဲ...?

သင့

... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန်ဆောင်ကာလ ဒုတိယအပတ် သိကောင်းစရာများ ကိုယ်ဝန်ဆောင်ကာလ ဒုတိယအပတ် သိကောင်းစရာများ 
0
45
မှတ်ချက် 0 ခု
မေမေတို့ နွားနို့သောက်ပေးသင့်တဲ့ အကြောင်းအရင်းက ဘာကြောင့်များလဲ...

မေမေဗိုက်တို့ရေ.. နွားနို့ သောက်တာက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစေနိုင်သလို ညဘက်တိုင်းမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေမှာပါ။

မေမေတို့ နွားနို့သောက်ပေးသင့်တဲ့ အကြောင်းအရင်းက ဘာကြောင့်များလဲ...မေမေတို့ နွားနို့သောက်ပေးသင့်တဲ့ အကြောင်းအရင်းက ဘာကြောင့်များလဲ...
1
1
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်ချိန် Omega -3 သောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတိုးဖြစ်နိုင်ခြေနည်းစေနိုင်

ကိုယ်ဝန်ဆောင်ချိန် ငါးကြီးဆီမှာပါတဲ့ Omega -3 fatty acid (DHA)သောက်သုံးတဲ့

မိခင်တွေကနေ မွေးဖွားလာတဲ့ ကလေးတွေဟာ သွေးတိုးရောဂါ ဖြစ်လာနိုင်တဲ့အန္တရာယ်

လျော့နည်းတယ်လို့ သုတေသန အသစ်က ဖော်ပြခဲ့ပါတယ်။ ဒီအကြောင်းလေးကို လေ့လာကြည့်လိုက်ကြရအောင် မေမေတို့ရေ...


https://hellosayarwon.com/health/health-news/moms-prenatal-fish-oil-might-help-kids-blood-pressure-later/

0
2
မှတ်ချက် 0 ခု
ဆီးစစ်တံမရှိဘဲ ကိုယ်ဝန် ရှိမရှိ စစ် နည်း

တချို့မေမေတွေကလည်း တစ်ခါတလေ ထူးထူးဆန်းဆန်းလေးတွေ လာမေးကြတယ်။ ဆီးစစ်တံနဲ့ မစစ်ဘဲ ကိုယ်ဝန်ရှိမရှိ သိနိုင်လားတဲ့။ ဆီးစစ်တယ်ဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာထွက်တဲ့ hCG ဟော်မုန်းကိုစစ်တာပါ။ သူ့ကို သွေးထဲကနေလည်း စစ်လို့ရသလို ဆီးထဲကနေလည်း စစ်လို့ ရပါတယ်။ ဆီးထဲကနေကျတော့ ကိုယ်တိုင် စစ်လို့ရတာကြောင့် ကိုယ်ဝန်ရှိတယ်လို့ ထင်ရင် ဆီးစစ်ကြည့်လို့ ပြောတာပါ။

ဒါလည်း မစစ်ချင်ဘူးဆိုရင်တော့ အယ်ထွာဆောင်းရိုက်ကြည့်ဖို့သာ ကျန်ပါတော့တယ်။

ဒီလိုလည်း မဟုတ်ဘူး။ အဲ့လိုတွေ မစစ်ဘဲနဲ့ ကိုယ်ဝန်ရှိမရှိ သိချင်တာဆိုရင်တော့ လက္ခဏာတွေကနေတဆင့် သိနိုင်ပါတယ်။

ကိုယ်ဝန်ရှိတဲ့အခါ

  • ရာသီထိမ်ပါတာ
  • ရင်သားတွေ တင်းပြီး နာတာ
  • ပျို့တာ
  • ဆီးခဏခဏသွားတာ
  • နုံးတာ
  • စိတ်အပြောင်းအလဲဖြစ်တာ
  • လေပွတာ
  • သွေးနည်းနည်းဆင်းတာ
  • ဆီးစပ်ကိုက်တာ
  • ဝမ်းချုပ်တာ
  • ချင်ခြင်းတပ်တာတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ဒီလက္ခဏာတွေက မတိကျပါဘူး။ ကိုယ်ဝန်ကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်တတ်ပါတယ်။

ဒီတော့ ကိုယ်ဝန်ရှိမရှိသေချာချင်ရင် ဆေးစစ်ပါ။ ဆရာဝန်နဲ့ ပြသကြည့်ပါလ

... ပိုမိုကြည့်ရှုရန်
ဆီးစစ်တံမရှိဘဲ ကိုယ်ဝန် ရှိမရှိ စစ် နည်းဆီးစစ်တံမရှိဘဲ ကိုယ်ဝန် ရှိမရှိ စစ် နည်း
11
2
မှတ်ချက် 481 ခု
Winner Announcement

"Due Date Calculator လေးကို တွက်ချက်ပြီး ဘေဘီလေးအတွက် တန်ဆောင်တိုင်မုန့်ဖိုးယူကြမယ်" အစီအစဥ်မှာ ဆုကြေးငွေ ရရှိသွားတဲ့ မေမေ ၅ ဦးကို မဲနှိုက်ရွေးချယ်ပြီးပါပြီနော်။ ဆုရရှိသွားတဲ့မေမေတို့အနေနဲ့ Hello ဆရာဝန် ရဲ့ Facebook Page Messenger ကို လာရောက်ဆက်သွယ်ပြီး ဆုကြေးငွေ ထုတ်ယူနိုင်ပါပြီ။


Winner Announcement Winner Announcement 
4
9
မှတ်ချက် 5 ခု
ကိုယ်ဝန်ဆောင်‌မေမေတို့  ကိုယ်ဝန်ပထမအပတ်မှာ ဘာတွေသိသင့်ပါသလဲ

မေမေတို့ ရဲ့ ဘေဘီလေး ဘယ်လိုဖွံ့ဖြိုးလာပါသလဲ


ကိုယ်ဝန်ဆောင်ကာလပထမအပတ်က နည်းနည်းတော့ရှုပ်ထွေးပါလိမ့်မယ်။ ပုံမှန်ဆိုရင်တော့ ကိုယ်ဝန်ရှိမှန်း စသိချိန်မှာ အနည်းဆုံး ၄ပတ်ရှိနေပါပြီ။ သားဥစအောင်တဲ့ရက် အတိအကျသိဖို့က ခက်ခဲပေမယ့် ရာသီစက်ဝန်းစသည့်ရက်ကတော့ သိသာပါတယ်။ ဆရာဝန်တွေက နောက်ဆုံးရာသီစက်ဝန်းရဲ့ပထမရက်နဲ့မီးဖွားမယ့်ရက်ကို တွက်တာပါ။

မီးဖွားရက်ကိုဆရာဝန်တွေအကောင်းဆုံး ခန့်မှန်းပေးနိုင်ဖို့ ပထမ၂ပတ်ကို ရေတွက်ရတာပါ။ ပုံမှန်ကတော့ကိုယ်ဝန်ဆောင်ကာလက အပတ် ၄၀လောက်ကြာပါတယ်။ တစ်ချို့က ၃၈ပတ်မှာ မွေးတတ်သလို တစ်ချို့လဲ ၄၂ပါတ်မှာမွေးတတ်ပါတယ်။ ဆရာဝန်တွေကတော့ ၄၂ပါတ်ကျော်တဲ့အထိ မထားပါဘူး။ အခုသင့်ရဲ့မွေးဖွားမယ့်ရက် ဘယ်လိုတွက်ချက်လဲဆိုတာကို အနည်းငယ်ပြောပြပြီးပါပြီ။ အခု သင့်ကလေး ဘယ်လိုပြောင်းလဲလာလဲဆိုတာကို ကြည့်ကြရအောင်ပါ။

ခန္ဓာကိုယ်နှင့်နေထိုင်မှုပြောင်းလဲပုံ


မေမေတို့ ရဲ့ကိုယ်ခန္ဓာကိုယ်ဘာတွေပြောင်းလဲသွားလဲ....

ဒီအချိန်မှာ သင့်ခန္ဓာကိုယ်ကမမျိုးဥကြွေဖို့ပြင်ဆင်နေပါပြီ။ မမျိုးဥကြွေတယ်ဆိုတာ သားဥအိမ်ကနေမျိုးဥကြွေကျတာပါ။ ရာသီပ

... ပိုမိုကြည့်ရှုရန်
ကိုယ်ဝန်ဆောင်‌မေမေတို့  ကိုယ်ဝန်ပထမအပတ်မှာ ဘာတွေသိသင့်ပါသလဲကိုယ်ဝန်ဆောင်‌မေမေတို့  ကိုယ်ဝန်ပထမအပတ်မှာ ဘာတွေသိသင့်ပါသလဲ
0
18
မှတ်ချက် 0 ခု
မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းသီး စားလို့ရလား...?

ကိုယ်ဝန်ရှိပြီဆိုတဲ့ မေမေတိုင်း သူတို့ရဲ့ အချိန်တွေကို ဘာကိုတော့ စားလို့ ရတယ်။ ဘာကိုတော့ စားလို့ မရဘူးဆိုတာ လူကြီးသူမတွေရဲ့ စကားတွေကို နားထောင်ရင်း ကုန်ဆုံးကြတာများပါတယ်။ ဒီလိုနဲ့ မစားရတဲ့အထဲမှာ ဘာတွေပါသေးလဲ။ ခရမ်းသီး ကိုရော ကိုယ်ဝန်ဆောင်ချိန်မှာ စားလို့ရလားဆိုပြီး သိချင်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

0
1
မှတ်ချက် 0 ခု
ကိုယ်ဝန်ပျက်စေတဲ့ အစားအစာ

ကိုယ်ဝန်ဆောင်တွေက ဟိုဟာ စားလို့ရလား၊ ဒီဟာ စားလို့ရလား လာမေးကြလေ့ရှိတယ်။ အဓိကကတော့ ကိုယ်ဝန်ထိခိုက်မှာစိုးလို့ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအစားအစာတွေကိုတော့ မစားသင့်ပါဘူး။

−ပိုးမသတ်ထားတဲ့ နို့နဲ့ ချိစ်တွေ

−ဥအစိမ်းတွေ၊ သေချာမချက်ထားတာတွေ

−ကျက်အောင် မချက်ထားတဲ့ အသား၊ ငါးတွေ (ဆူရှီ၊ အကင်)

ဒါတွေက သူတို့မှာပါတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ကိုယ်ဝန်ပျက်စေပါတယ်။

−မာကျူရီပါတဲ့ငါးတွေ

−အသည်း

မာကျူရီတွေ၊ အသည်းမှာ ပါတဲ့ ဗီတာမင်အေတွေကလည်း အလွန်အကျွံဆို ကလေးထိတတ်ပါတယ်။

နောက်ပြီး ကိုယ်ဝန်ဆောင်တွေ တော်တော်များများ ပြောကြတဲ့ သင်္ဘောသီးနဲ့ နာနတ်သီး

သင်္ဘောသီးက အမှည့်ဆိုရင် စားလို့ရပါတယ်။ အစိမ်းကတော့ အလွန်အကျွံမစားသင့်ပါ။ ကိုယ်ဝန်နုချိန်၊ ကလေးပျက်ကျဖူးတဲ့သူတွေက မစားတာ ကောင်းပါတယ်။

နာနတ်သီးကတော့ ၇လုံး၊ ၁၀လုံး အလွန်အကျွံစားမှ ဖြစ်တာပါ။ ဒီတော့ အလွန်အကျွံမစားနဲ့ပေါ့။

ဒီလောက်ဆို ဘာတွေ ရှောင်ရမလဲဆိုတာ မေမေတို့ သိလောက်ပါပြီနော်။

ကိုယ်ဝန်ပျက်စေတဲ့ အစားအစာကိုယ်ဝန်ပျက်စေတဲ့ အစားအစာ
1
217
မှတ်ချက် 61 ခု
ဘေဘီလေးတွေ ကြို့ထိုး လာပြီဆိုရင် ....

ဘေဘီလေးတွေ ကြို့ထိုးထာမဖြစ်အောင် ဒါမှမဟုတ် ဖြစ်လာခဲ့ရင်လည်း သက်သာစေဖို့ ဒီနည်းလမ်းလေးတွေ စမ်းကြည့်ပါနော်။​

ဘေဘီလေးတွေ ကြို့ထိုး လာပြီဆိုရင် .... ဘေဘီလေးတွေ ကြို့ထိုး လာပြီဆိုရင် .... 
0
5
မှတ်ချက် 0 ခု