Please doctor
ဆရာ ကျနော်ကောင်မလေးက ပထမတစ်ခါ ကိုယ်ဝန် ဖျက်ချထားပါတယ် ကိုယ်ဝန်ဖျက် ချပြီ ၂၀ရက်နေ့ကျ ရာသီလာပါတယ် နောက်နေ့တွေကျအဖြူဆင်းပါတယ် february 5ရက်နေ့မှာ ကွန်ဒုံးစနစ်တကျသုံးပြီ နှစ်ကြိမ်ပဲ ဆက်ဆံခဲ့ပါတယ် ပုံမှန် ရာသီလာတာ ၉ရက်နေ့ပါ ခုရက်ကျော်ပြီ ၁၆ရက်ဖြစ်နေပါပြီဆရာ မလာသေးပါဘူး အခုတလော သူမျက်နာအဖုလေးတွေထွက်နေတယ် ထမင်းတွေလဲသူအရမ်းစားတယ်ဆရာ ပိုပြီဝလာတယ် ပြီတော့ ဗိုက်လဲခနခနအောင့်တယ်ပြောတယ်ဆရာ ဗိုက်အင့်တယ်လို့လဲပြောတယ်ဆရာ ကိုယ်ဝန်ရှိနေတာလား ဆရာ...















ကိုယ်ဝန်ပျက်ထားပြီးရာသ်ိပြန်လာတာက ၂၀ရက်နေ့မှဆိုရင် နောက်တစ်ခါလည်း ၂၀ရက်ဝန်းကျင်မှပဲလာနိုင်ပါတယ် ရာသီစက်ဝန်းက ၂၀ရက်ဝန်းကျင်ကိုပြောင်းသွားပါပြီ
နှစ်ကြိမ်လုံး ကွန်ဒုံးသုံးတယ် ပေါက်ပြဲတာမရှိဘူး တစ်ချိန်လုံးစွပ်ထားတယ်ဆိုရင် ရနိုင်ချေနည်းပါတယ်
၂၀ရက်ဝန်းကျင်အထိစောင့်ကြည့်ဖို့ အကြံပြုချင်ပါတယ်