အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား
အစာအိမ်ပိုး ရှိနေလို့ ပိုးသတ်ဆေးသောက်နေရတယ်။ ခဏခဏ အစာအိမ်အောင့်နေရင် အစာအိမ်ပိုး စစ်ကြည့်ဦး ဆိုပြီး ပြောတာ ကြားဖူးကြမှာပါ။ ဒီအစာအိမ်ပိုးကလေ တခြားတွေပိုးတွေနဲ့ မတူတာက အစာအိမ်ကင်ဆာ ဖြစ်စေတတ်ပါတယ်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ အစာအိမ်အောင့်တာကို ပေါ့ပေါ့တန်တန် ထားမိမှာရယ်၊ အစာအိမ်ပိုးက အရေးမကြီးလောက်ပါဘူးလို့ ထင်ကြလို့ပါ။ အစာအိမ်ပိုး ဆိုတာ အစာအိမ်ပိုး ဆိုတာက သိပ္ပံနာမည်နဲ့ ကြီးကြီးကျယ်ကျယ် ပြောရရင် Helicobacter pylori (H. pylori) ဆိုတဲ့ ဘက်တီးရီးယားပဲ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အပြင်ကနေ စားလိုက်လို့ အစားအစာနဲ့ ပါလာတဲ့ ဘက်တီးရီးယားတွေက အစာအိမ်အက်စစ်နဲ့ တွေ့ရင် သေကုန်ကြပေမယ့် သူကတော့ ချွင်းချက်ပါ။ သူကတော့ အစာအိမ်အက်စစ်မှာတောင် ရှင်နိုင်တဲ့ စူပါဘက်တီးရီးယားပဲ ဖြစ်ပါတယ်။ အစာအိမ်ပိုးက ကလေးဘဝမှာ ကူးကြတာ များပါတယ်။ မြန်မာနိုင်ငံလို ပိုးပေါင်းစုံတဲ့နိုင်ငံဆို ဖြစ်တဲ့သူမရှားပါဘူး။ ဒါ့ပြင် […]