ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအကြောင်း တစေ့တစောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 15, 2020 . 2 mins read
Share now

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးက လူတစ်ယောက် ကျန်းမာဖို့အတွက် အတော်လေး အရေးပါပါတယ်။ ဆီးလမ်းကြောင်းက ကိုယ်တွင်းက ဆီးတွေကို ဖယ်ရှားပေးတဲ့ ရေဆိုးနုတ်စနစ်ပါ။

ဆီးဆိုတာက ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေနဲ့ အညစ်အကြေးတွေပါပဲ။ ဒီလို ပိုလျှံနေတဲ့အရာတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးတဲ့ တာဝန်ကို ဆီးလမ်းကြောင်း စနစ်က လုပ်ဆောင်ပေးပါတယ်။ ကိုယ်တွင်းမှာ မလိုအပ်တဲ့ အရည်တွေနဲ့ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာပါ။

ဆီးလမ်းကြောင်းစနစ်မှာ ဘာတွေပါလဲ………….

ဆီးလမ်းကြောင်းစနစ်က အမျိုးသားရော အမျိုးသမီးမှာပါ ရှိပါတယ်။ အမျိုးသားတွေအတွက်တော့ မျိုးပွားအင်္ဂါ ဆိုလည်း မမှားပါဘူး။ ဒီ ဆီးလမ်းကြောင်းစနစ်မှာ

  • ကျောက်ကပ်၊
  • ဆီးပို့ပြွန်
  • ဆီးစွန့်ပြွန်နဲ့
  • ဆီးအိမ်
  • ဆီးကျိတ်
  • အမျိုးသား မျိုးပွား အင်္ဂါ
  • ကပ်ပယ်အိတ်
  • ဝှေးစေ့တို့ ပါဝင်ပါတယ်။ ဆီးပုံမှန် သွားနိုင်စေဖို့ဆိုရင် ဒီအစိတ်အပိုင်းလေးတွေက ဟန်ချက်ညီညီနဲ့  လုပ်ဆောင်ရပါတယ်။

ဆီးလမ်းကြောင်းစနစ်က ဘာတွေ လုပ်ပေးလဲ……..

ဆီးလမ်းကြောင်းစနစ်က အပေါ်မှာ ပြောခဲ့သလို ကိုယ်တွင်းက ဆီးတွေကို ပြင်ပကို စွန့်ထုတ်ပေးတဲ့ ရေဆိုးနုတ်စနစ်ပါ။ ဆီးလမ်းကြောင်း စနစ်မှာ ကျောက်ကပ်က ဆီးတွေကို စစ်ထုတ် ထုတ်လုပ်ပေးတယ်။

ဆီးအိမ်က သိမ်းဆည်းပေးပြီး ဆီးပို့ပြွန်က ဆီးတွေကို ပို့ဆောင်ပေးလို့ ဆီးစွန့်ပြွန်က ဆီးတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒီစနစ်လေး ကျန်းမာပြီး ဟန်ချက်ညီညီ လုပ်ဆောင်နေမှုက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ခန္ဓာကိုယ်မှာ ဖောရောင်တာတွေ ကင်းစေမှာပါ။

ဆီးလမ်းကြောင်းစနစ်မှာ ဘယ်လို ရောဂါတွေ ဖြစ်နိုင်လဲ……….

ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေနဲ့ စွန့်ပစ်ရမယ့် အရာတွေကို စွန့်ထုတ်ပေးနေတဲ့ ဆီးလမ်းကြောင်းစနစမှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက အများကြီးပါ။

ဆီးလမ်းကြောင်းစနစ်မှာ ပြဿနာရှိနေတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက ဘာတွေလဲ………….

ဆီးလမ်းကြောင်းစနစ်က မကျန်းမာဘူး။ ရောဂါ တစ်ခုခု ခံစားနေရပြီဆိုရင်

  • ဆီးမထိန်းနိုင်တာ
  • ဆီး ခဏခဏ သွားနေတာ
  • ဆီးကျန်နေသလို ခံစားရတာ
  • ဆီးသွာရင် နာကျင်တာ
  • ဆီးသွားရခက်တာ
  • ဆီးမသွားနိုင်တာ
  • ညဘက် ဆီးခဏခဏ ထသွားရတာ
  • ဆီး အများကြီး သွားတာ
  • ဆီးနည်းနည်းပဲ သွားတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဘယ်လို ကုသမလဲ…………

ဆီးလမ်းကြောင်း စနစ်မှာ ပါဝင်တဲ့ အစိတ်အပိုင်းလေးတွေက များသလို ခံစားရနိုင်တဲ့ ရောဂါတွေကလည်း အမျိုးမျိုးပါ။ ဒါကြောင့် ခံစားရတဲ့ အစိတ်အပိုင်းကို လိုက်ပြီး ကုသရတဲ့ ပုံစံတွေလည်း ကွာခြားနိုင်ပါတယ်။

ဆေးသောက်တာကစလို့ အခြားသော ကုသနည်း အမျိုးမျိုးရှိပါတယ်။ ဒါကြောင့် အပေါ်မှာ ပြာခဲ့တဲ့ လက္ခဏာတွေကို ခံစားရပြီဆိုရင် အမြန်ဆုံး ပြသကုသမှု ခံယူပေးပါ။

Takeaways

ဆီးလမ်းကြောင်း စနစ် ကျန်းမာစေဖို့ဆိုရင် ရေများများသောက်ပါ။ အရက်၊ ဆးလိပ်၊ ကဖင်းစတာတွေကို ရှောင်ပါ။ သင့်တင့်တဲ့ လေ့ကျင့်ခန်း လုပ်လို့ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ကြွက်သားပြေလျော့စေမယ့်လေ့ကျင့်ခန်းပါ။

ရေးသားသူ Aye Thi Mon

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

နေပူ ထဲမှာ ရေရှည်လမ်းလျှောက်နိုင်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ သေချာဂရုမစိုက်ဘူးဆိုရင် အိမ်ရောက်တာနဲ့ မှောက်ပြီး နောက်နေ့တွေ လျှောက်နိုင်မှာ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အမျိုးသားတွေရော ချဉ်ခြင်းတပ် ကြသလား

အမျိုးသားတွေရော ချဉ်ခြင်းတပ် ကြသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read