အစာမျိုရခက်ခြင်း ကျန်းမာရေးအခြေအနေတွေအမျိုးမျိုးက အစားအစာမျိုရခက်စေပေမယ့် သင့်မှာ ဒီလိုမျိုရခက်တာက ရက်သတ္တပတ်ကြာတဲ့ထိ မပျောက်ဘူးဆိုရင်တော့ ဆရာဝန်ဆီသွားသင့်ပါပြီ။
အမျိုးသမီးတွေမှာ လေပွတာကဖြစ်ပြီးရင် ပျောက်သွားတာပုံမှန်ပါဘဲ။ တကယ်လို့ ဒါကဖြစ်နေတာ ရက်သတ္တပတ်ကြာနေပြီဆိုရင်တော့ဆရာဝန်ဆီသွားပါ။
အရေပြားဟာ ထိခိုက်မှုတွေဖြစ်ရင် တစ်ပတ်လောက်နဲ့ ပြန်ကျက်ပါတယ်။ တကယ်လို့ အနာက အပတ်များစွာထိ မကျက်ဘူးဆိုရင်တော့ ဆရာဝန်ဆီသွားသင့်ပါပြီ။
ညဘက်ချွေးထွက်လွန်တာက ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်သလို တချို့ဆေးတွေရဲ့ ဓာတ်ပြုမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေက သွေးဆုံးချိန်တဝိုက်မှာလည်း ညဘက်ချွေးထွက်များကြပါတယ်။ ဒါပေမယ့် ညဘက်ချွေးအလွန်အကျွံထွက်ခြင်းက ကင်ဆာ ရဲ့လက္ခဏာလည်းဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီသွားသင့်ပါတယ်။
- ပါးစပ်နဲ့ခံတွင်း ပြည်တည်နာတွေ မကျက်ခြင်း
သင့်ပါးစပ်မှာ အပူဖုတွေ၊ ပြည်တည်နာတွေဖြစ်တာက ပုံမှန်ပါ။ ပါးစပ်ရဲ့ မျက်နှာပြင်သားက၂ပတ်တစ်ခါလောက် သူ့အလိုလိုအသစ်ဖြစ်ပါတယ်။ ဒါကြောင့် အပူဖုတွေ၊ ပြည်တည်နာတွေက ဒီအချိန်လောက်ဆို ကျက်သင့်ပါပြီ။ တကယ်လို့ ၃ပတ်မြောက်တဲ့ထိ အနာမကျက်ဘူးဆိုရင်တော့ သင့်ဆရာဝန် သို့မဟုတ် သွားနဲ့ခံတွင်းဆရာဝန်ဆီသွားပါ။
ရင်သားရဲ့ အရွယ်အစား၊ ပုံပန်းသွင်ပြင်၊ ခံစားမှု၊ အရေပြားအရောင်ပြောင်းမှု၊ နီရမ်းမှု၊ ရင်သားထဲနာကျင်မှု၊ နို့သီးခေါင်းပြောင်းလဲမှု၊ နို့တိုက်နေချိန်/ကိုယ်ဝန်ဆောင်နေချိန်မဟုတ်ဘဲ နို့သီးခေါင်းမှအရည်ထွက်ခြင်း စတာတွေကိုလည်း ဂရုစိုက်သင့်ပါတယ်။
တကယ်လို့ သင်က ဝမ်းသွားတာများနေတယ်ဆိုရင် သင့်အူမကြီးက အစာအိမ်ပိုးမွှားတွေ၊ အစာအဆိပ်သင့်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒါက ၄ပတ်ကနေ ၆ပတ်ထိကြာသွားပြီဆိုရင်တော့ ဆရာဝန်နဲ့စကားပြောကြည့်တာ အကောင်းဆုံးပါ။
ဆီးထဲမှာ သွေးပါတိုင်း သင့်ဆရာဝန်ကို ပြောသင့်ပါတယ်။ ပုံမှန်အားဖြင့် ဒါက ကင်ဆာ ကြောင့်ဖြစ်တာမဟုတ်ပေမယ့် ကင်ဆာရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်နဲ့ ပြကြည့်တာအကောင်းဆုံးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။