backup og meta

ကင်ဆာရောဂါတွေ ကို ကြိုတင်သိရှိနိုင်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာရောဂါတွေ ကို ကြိုတင်သိရှိနိုင်စေဖို့

    ကင်ဆာရောဂါလူနာတွေ အဖိတ်အစင်များတယ်ဆိုတာ တကယ်တော့ ရောဂါကို နောက်ကျမှ သိရလို့ပါ။ ကင်ဆာရောဂါတွေ ရဲ့ သဘာဝကလည်း ရောဂါနုချိန်ဆို လက္ခဏာပြခဲပါတယ်။ ရောဂါရင့်လာမှာ လက္ခဏာပြတဲ့အတွက် တကယ်တမ်း ကုသတဲ့အချိန်မှာ နောက်ကျနေပါပြီ။ ဒါကြောင့် ကင်ဆာရောဂါတွေကိုသာ စောစောသိမယ်။ ရောဂါနုချိန်မှာတည်းက စစ်ဆေးသိရှိမယ်ဆိုရင် စောစောကုသနိုင်မှာပါ။

    ကင်ဆာရောဂါတွေ ကို ကြိုသိနိုင်ပါ့မလား။

    ကင်ဆာရောဂါတွေကို ကြိုသိနိုင်ဖို့ဆိုရင် ပုံမှန်စစ်ဆေးနေဖို့ လိုပါတယ်။ ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချိန်တစ်ခုကြာတိုင်းမှာ ပုံမှန်စစ်ဆေးနေရပါမယ်။ ဒီတော့မှ စောစောသိပြီး စောစောကုသလို့ ရမှာပါ။ ဒါကို Screening လုပ်တယ်လို့ ခေါ်ပါတယ်။

    လက္ခဏာမပြခင် အကျိတ်သေးချိန်မှာ တွေ့ရှိခဲ့မယ်ဆိုရင် ကင်ဆာရောဂါကို ကုသရတာ ပိုလွယ်ပါတယ်။ ဘယ်ကိုမှလည်း ပြန့်ဦးမှာမဟုတ်ပါဘူး။ ဒါကြောင့် ကင်ဆာရောဂါကို ကုသတဲ့နေရာမှာ Screeningဆိုတာ အရေးပါလာပါပြီ။

    ကင်ဆာရောဂါတွေ ကို ဘယ်လိုစစ်ဆေးရမလဲ။

    ပုံမှန်အားဖြင့် medical check upလုပ်ပြီး စစ်ကြတာလည်း ရှိသလို ကင်ဆာအမျိုးအစားအလိုက် လိုအပ်တာကိုပဲ စစ်ဆေးကြတာလည်း ရှိပါတယ်။ ကင်ဆာ ရောဂါစစ်ဆေးတာကို ကျား/ မ အသက်အရွယ်မရွေး လုပ်သင့်ပါတယ်။ ကင်ဆာဆိုတာက လူတိုင်းမှာ ဖြစ်နိုင်တာမျိုးပါ။ အထူးသဖြင့်

    • မျိုးရိုးထဲမှာ ကင်ဆာရောဂါဖြစ်ဖူးသူတွေ
    • အန္တရာယ်များတဲ့ စားသောက်နေထိုင်မှု ပုံစံရှိသူတွေ (ဥပမာ ဆေးလိပ်သောက်တာ) ရှိရင် ပိုပြီးတော့တောင်  စစ်သင့်ပါတယ်။

    ကင်ဆာရောဂါတွေ အများကြီး ရှိပေမယ့် အစစ်များကြတဲ့  Screening test တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

    အသုံးများတဲ့ ကင်ဆာ Screening test များ

    အသက် ၄၀ကနေ စပြီး စစ်ဆေးသင့်ပါပြီ။ မိသားစုထဲမှာ အူမကြီး ကင်ဆာမျိုးရိုးရှိရင်၊ အူမကြီး အသားပိုရှိနေရင် ဒီထက်ပိုစောပြီး စစ်ဆေးသင့်ပါတယ်။ ရတဲ့ အဖြေပေါ် မူတည်ပြီး ဘယ်နှနှစ်တစ်ကြိမ် စစ်သင့်တယ်ဆိုတာ ဆရာဝန်က ပြောပါလိမ်မ့ယ်။

    အသက် ၇၅နှစ်အထိ ပုံမှန်စစ်သင့်ပါတယ်။ အသက် ၇၅နှစ်ထိ ကောင်းတယ်ဆိုရင်တော့ နောက်ပိုင်းမှာ ဆက်စစ်ဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

    ရင်သားကင်ဆာကတော့ အရွယ်မရွေး အမျိုးသမီးတိုင်း တစ်လတစ်ခါ အိမ်မှာ ကိုယ်တိုင် စစ်ဆေးသင့်ပါတယ်။ အသက် ၄၀နဲ့ ၄၄နှစ်ကြား၊ ကင်ဆာမျိုးရိုးတော့ မရှိဘူးဆိုရင် ရင်သားဓာတ်မှန်ရိုက်ပြီး စစ်ဆေးဖို့ လိုလားဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ အသက် ၄၅နှစ် အထက်ဆိုရင်တော့ မျိုးရိုး ရှိရှိ မရှိရှိ တစ်နှစ်တစ်ခါလောက် ရင်သားဓာတ်မှန်ရိုက်ပြီး စစ်ဆေးသင့်ပါတယ်။

    ကင်ဆာရောဂါတွေ ကို ကြိုတင်သိရှိနိုင်စေဖို့

    အသက်၂၁-၂၉နှစ်ထိ ဆိုရင် သားအိမ်ခေါင်းအချွဲကို ၃နှစ်တစ်ခါ စစ်သင့်ပါတယ်။ အသက် ၃၀ကျော်လာရင်တော့ သားအိမ်ခေါင်းအချွဲကို ၃နှစ်တစ်ခါ စစ်တာ ဒါမှမဟုတ် HPV testကို ၅နှစ်တစ်ခါ သူ့ချည်းသက်သက်  ဒါမှမဟုတ် သားအိမ်ခေါင်းအချွဲနဲ့ တွဲပြီး စစ်သင့်ပါတယ်။

    ကာကွယ်ဆေး ထိုးထားလည်း စစ်ဆေးဖို့ လိုပါတယ်။ အသက် ၆၅နှစ်ကျော်ပြီး ရှေ့အဖြေတွေကောင်းတယ်ဆိုရင်တော့ ဆက်စစ်ဖို့ မလိုတော့ပါဘူး။

    အမျိုးသားတွေက အသက်ကြီးလာလေလေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ များလာလေလေပါ။ ဒါကြောင့် အသက် ၄၅နှစ်လောက်ကစပြီး ပုံမှန်စစ်ဆေးသင့်ပါတယ်။ အမျိုးထဲမှာ ဆီးကျိတ်ကင်ဆာဖြစ်ဖူးတဲ့သူ ရှိတယ်။ အသက် ၆၅နှစ် မတိုင်ခင်လည်း ဖြစ်တယ်ဆိုရင်တော့ အသက်  ၄၀လောက်ကစပြီး စောစောစစ်ဆေးသင့်ပါတယ်။

    အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် ဆေးလိပ်သောက်တတ်တယ်ဆိုရင် အသက် ၅၅နှစ်ကျော်လာတဲ့အခါ အဆုတ်ကင်ဆာစစ်ဖို့ လိုလာပါပြီ။ ဆေးလိပ်ဆက်သောက်နေတာဖြစ်ဖြစ်၊ ဖြတ်ထားတာ ၁၅နှစ်လောက်  ရှိတာဖြစ်ဖြစ် ကင်ဆာစစ်ဆေးဖို့ လိုပါတယ်။ ဆေးလိပ်ရဲ့ ကင်ဆာဖြစ်နိုင်ခြေက သင်ထင်ထားတာထက်  ပိုဆိုးပါတယ်။

    Retinoblastoma လို့ခေါ်ပြီး မျိုးရိုးလိုက်ကင်ဆာပါ။ ကလေးငယ်လေးတွေမှာ အဖြစ်များပြီး အမြင်အာရုံ ဆုံးရှုံးတဲ့အထိ ပြင်းထန်ပါတယ်။ ဒါကြောင့် မျိုးရိုးထဲမှာ Rb ဖြစ်ဖူးတဲ့သူရှိရင် ကလေးတွေကို စောစောစီးစီး စစ်ပေးဖို့ လိုပါတယ်။

    ကင်ဆာရောဂါကို ဖြစ်လာမှ ထိုင်ကုတာထက် ကိုယ်ကစပြီး ရှာဖွေတာ ပိုကောင်းပါတယ်။ ပုံမှန် screening လုပ်ရင်းနဲ့ မတော်တဆ တွေ့သွားခဲ့ရင်တောင် ဒါကြောက်စရာ မဟုတ်ပါဘူး။ စောစောသိတဲ့အတွက် စောစောကုသမှု ခံယူနိုင်မှာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement