လူတွေက နေလောင်မှာကြောက်တယ်ဆိုတာထက် အသားမည်းမှာကြောက်တာ များပါတယ်။ အထူးသဖြင့် အသားဖြူသူတွေကပဲ အသားညိုမှာကြောက်ကြပြီး နဂို အသားညိုသူတွေကတော့နေလောင်လည်းဘာမှမထူးဘူးဆိုပြီးပေါ့ပေါ့ဆဆနေကြပါတယ်။ အရေပြားကင်ဆာ အန္တရာယ်ကိုရော သတိရမိရဲ့လား။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
လူတွေက နေလောင်မှာကြောက်တယ်ဆိုတာထက် အသားမည်းမှာကြောက်တာ များပါတယ်။ အထူးသဖြင့် အသားဖြူသူတွေကပဲ အသားညိုမှာကြောက်ကြပြီး နဂို အသားညိုသူတွေကတော့နေလောင်လည်းဘာမှမထူးဘူးဆိုပြီးပေါ့ပေါ့ဆဆနေကြပါတယ်။ အရေပြားကင်ဆာ အန္တရာယ်ကိုရော သတိရမိရဲ့လား။
နေလောင်ခြင်းက အသားညိုရုံ၊ အလှအပပိုင်းပြဿနာတစ်ခုတည်းဖြစ်စေတာမဟုတ်ပါဘူး။ သူ့ကြောင့် ဆက်ပြီးဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေက ဒီထက်ဆိုးရွားတာတွေရှိနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အရေပြားကင်ဆာဟာ အသားအရောင်မရွေးဖြစ်နိုင်ခြေရှိနေတဲ့အတွက် အသားညိုသူတွေမှာလည်းဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ကင်ဆာကာကွယ်ချင်တယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုနည်းအောင် တတ်နိုင်သလောက်ကြိုးစားဖို့အရေးကြီးပါတယ်။ အရေပြားမှာ မူမမှန်တဲ့ပြောင်းလဲမှုတွေဖြစ်လာရင် ရောဂါလက္ခဏာတွေကိုစောစောသိမှ ကုသမှုအောင်မြင်နိုင်မယ့် အခွင့်အလမ်းပိုများစေမှာပါ။
အရေပြားကင်ဆာဆိုတာ အရေပြားဆဲလ်တွေရဲ့ပုံမှန်မဟုတ်တဲ့ကြီးထွားမှုတစ်မျိုးဖြစ်ပြီး အများစုကနေလောင်ခြင်းကြောင့်ဖြစ်တတ်ပါတယ်။ အရေပြားဆဲလ်တွေရဲ့မျိုးဗီဇတွေသန္ဓေပြောင်းလဲမှုဖြစ်လာတဲ့အခါ ဆဲလ်တွေအဆမတန်ပွားများလာပြီး ကင်ဆာဆဲလ်တွေအများကြီးဖြစ်လာစေပါတယ်။ အရေပြားကင်ဆာအမျိုးအစားတွေထဲမှာ အဖြစ်များတဲ့ သုံးမျိုးကbasal cell carcinoma နဲ့ squamous cell carcinoma နဲ့ melanoma တို့ဖြစ်ပါတယ်။
အရေပြားကင်ဆာအများစုက ကြိုတင်ကာကွယ်လို့ရပါတယ်။ ဒီအချက်တွေကိုသာ ဂရုစိုက်ပေးပါ –
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။