- လူနာက အစာမစားရတော့ အာဟာရပျက်ပြီး တဖြည်းဖြည်း ပိန်လာတာ
- အစာတွေ သီးလာတာ
- အသံတွေ သြလာတာ စတာတွေ ဖြစ်လာပါတယ်။
ဒီလက္ခဏာတွေက သာမန်လက္ခဏာတွေ ဖြစ်တဲ့အတွက် တော်ရုံဆို သတိမထားမိနိုင်ပါဘူး။ ဒါပေမယ့် ရေရှည်ခံစားနေရပြီဆိုရင်တော့ ဆေးစစ်ကြည့်လိုက်တာ ကောင်းပါတယ်။ နောက်တစ်ခုက အစာရေမျိုပြွန်ကင်ဆာဖြစ်နိုင်ခြေရှိတဲ့သူစာရင်းမှာ ပါနေတယ်ဆိုရင် ဒီလက္ခဏာတွေ ခံစားရတဲ့အခါ ဆေးစစ်ကြည့်ဖို့ မမေ့ပါနဲ့။
ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
လူတိုင်းဖြစ်နိုင်ပေမယ့် အောက်က ဆက်ပြောမယ့်သူတွေက ပိုဖြစ်နိုင်ပါတယ်။
- စားချဉ့်ပြန်ရောဂါရှိတဲ့သူတွေ (GERD)
- နာတာရှည် စားချဉ့်ရဉ်ပြန်တာကြောင့် အစာရေမျိုပြွန်အောက်ပိုင်း ပျက်စီးတဲ့ရောဂါ (Barrett’s oesophagus) ရှိတဲ့သူတွေ
- ဆေးလိပ်သောက်တာ
- အရက်သောက်တာ
- အဝလွန်တာ
- သည်းခြေရည် ဆန်တက်တာ
- ပူပူလောင်လောင် အရည်တွေ သောက်တာ (ဥပမာ ဟင်းရည်တို့၊ ကော်ဖီ၊ လက်ဖက်ရဉ် ပူပူလောင်လောင်ကို အလောတကြီး မျိုချတတ်တဲ့သူတွေ)
- အသီးအရွက်အစားနည်းတဲ့သူတွေ
- ရင်ဘတ်တို့၊ ဗိုက်တို့ကို မကြာခဏ ရောင်ခြည်ထိဖူးတဲ့သူတွေ
- နောက်ပြီး အငန်စားလွန်းတဲ့သူတွေ (မြန်မာနိုင်ငံအနေနဲ့ ပြောမယ်ဆိုရင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အစားများတဲ့ ဒေသတွေမှာ တွေ့ရပါတယ်။ ရခိုင်ဘက်မှာလည်း တွေ့ရပါတယ်။)
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။