backup og meta

အသည်းကင်ဆာ ရှိသူတွေ စားပေးသင့်တဲ့ အစားအသောက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာရောဂါ တော်တော်ကိုကြောက်စရာကောင်းတဲ့ရောဂါတစ်မျိုးပါ။ ကုသပျောက်ကင်းဖို့လည်းခက်ခဲပါတယ်။ ကင်ဆာရောဂါခံစားရတဲ့အခါ အာဟာရြပည့်ဝမျှတအောင်စားသုံးဖို့ကတော်တော်လေးအရေးပါပါတယ်။ ကိုယ်တွင်း အင်္ဂါတွေမှာ ကင်ဆာရောဂါခံစားရနိုင်သလိုပြင်ပအင်္ဂါအစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါခံစားရနိုင်ပါတယ်။ အခုနောက်ပိုင်း အဖြစ်များလာတဲ့ကင်ဆာရောဂါ တစ်ခုရှိပါတယ်။ ဒါကတော့ အသည်းကင်ဆာ ပါ။အခုတစ်ခေါက်တော့ အသည်းကင်ဆာဖြစ်လာခဲ့ရင် ဘယ်လိုအစားအစာတွေကို စားသုံးပေးရမလဲဆိုတာပြောပြပေးပါရစေ။

    အသည်းကင်ဆာခံစားရတဲ့အခါ

    အသည်းကင်ဆာ ရောဂါခံစားရတဲ့အခါ အခုလိုလက္ခဏာမျိုးတွေဖြစ်လာနိုင်ပါတယ်။

    အသည်းကင်ဆာဝေဒနာကို အစားအသောက်တွေဂရုစိုက် စားသုံးရုံနဲ့ပျောက်ကင်းအောင် မကုသနိုင်ပေမယ့် အချို့သောအစားအစာတွေက အသည်းကင်ဆာကို သက်သာစေနိုင်ပါတယ်။ အသည်းကင်ဆာရှိသူတွေအနေနဲ့ အစားအစာတွေကို စားသုံးတဲ့အခါ သာမန်လူတွေထက် ပိုဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့် အသည်းကင်ဆာရှိသူတွေအနေနဲ့ပြုပြင်ထားတဲ့ အသင့်စား အစားအစာတွေကို လုံးဝမစားသုံးသင့်ပါဘူး။ သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ပြုပြင်ထားတာမဟုတ်တဲ့ အစားအသောက်တွေက အသင့်တော်ဆုံးဖြစ်မှာပါ။

    အသည်းကင်ဆာ ရှိသူတွေ စားပေးသင့်တဲ့ အစားအသောက်များ

    အသည်းကင်ဆာ ရှိသူတွေ အတွက် အသင့်တော်ဆုံးဖြစ်မယ့် အစားအသောက်တွေက

    ကော်ဖီ

    မနက်ခင်းမှာဖြစ်ဖြစ်နေ့ခင်းနေ့လည်မှာဖြစ်ဖြစ် လန်းဆန်းတက်ကြွနေအောင်ဆိုပြီးကော်ဖီသောက်တတ်ကြပါတယ်။ သင်ကလည်းကော်ဖီသောက်တတ်တဲ့သူဆိုရင်တော့ အခုပြောပြမယ့် အကြောင်းအရာက သင့်အတွက် သတင်းကောင်းဖြစ်မှာပါ။ကော်ဖီက အသည်းကို ကျန်းမာစေပါတယ်တဲ့။လေ့လာမှုတွေအရ တစ်နေ့ကိုကော်ဖီ ၃ ခွက်သောက်သုံးသူတွေဟာ အရက်အလွန်အကျွံသောက်တာကြောင့် အသည်းထိခိုက်တာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကြောင့် အသည်းထိခိုက်တာတွေကို သက်သာစေနိုင်သလို အသည်းကင်ဆာဝေဒနာခံစားနေရသူတွေကိုလည်းရောဂါလက္ခဏာသက်သာလျော့ပါးစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ကော်ဖီကကော်ဖီစစ်စစ်ဖြစ်ဖို့တော့လိုပါမယ်။ကော်ဖီဆိုတဲ့နေရာမှာ အသင့်ဖျော်ကော်ဖီထုပ်တွေကို မဆိုလိုပါဘူး။

    လက်ဖက်စိမ်းရေနွေးကြမ်း

    လက်ဖက်စိမ်းရေနွေးကြမ်းမှာcatechins လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ လက်ဖက်စိမ်းမှာပါတဲ့catechins က အသည်းကင်ဆာအပါအဝင် ကင်ဆာရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်သလိုရောဂါခံစားနေရသူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။

    ရေ

    ရေက အသည်းကျန်းမာစေဖို့အတွက် အကောင်းဆုံးသောသောက်စရာတစ်မျိုးပါ။ အချိုရည်တွေဆိုဒါနဲ့ အခြားသောသောက်စရာတွေထက်သောက်ရေသန့်သန့်လေးကဘေးကင်းပြီး စိတ်ချရပါတယ်။ ဒါကြောင့်ရေသောက်မပျင်းပါနဲ့။ရေက အသည်းကင်ဆာအတွက်တင်မဟုတ်ပါဘူး။ ခန္ဓါကိုယ်တစ်ခုလုံးကို ကျန်းမာစေဖို့ အထောက်အကူပြုပေးတာပါ။

    အယ်လ်မွန်စေ့
    အစေ့အဆန်တွေက အသည်းကို ကျန်းမာစေနိုင်တဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် E ကြွယ်ဝစွာပါဝင်ပါတယ်။ အယ်လ်မွန်စေ့က ဗီတာမင် E ကြွယ်ဝတာကြောင့် အသည်းရောဂါခံစားနေရသူတွေအနေနဲ့ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ရောဂါကို မသက်သာစေရင်တောင်မှ ပိုဆိုးမလာအောင် အထောက်အပံ့ပေးနိုင်တာကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အယ်လ်မွန်စေ့ကို ထည့်သွင်းစားသုံးပေးပါ။

    အသည်းကျန်းမာဖို့ဆိုရင်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အသီးအရွက်တွေကိုထည့်စားဖို့ကိုမေ့ထားလို့မဖြစ်ပါဘူး။ ပန်းဂေါ်ဖီစိမ်းက အသည်းဝေဒနာတွေကိုလျော့ပါးသက်သာစေနိုင်သလို အသည်းကင်ဆာခံစားနေရသူတွေအနေနဲ့လည်း စားသုံးပေးသင့်တဲ့အစားအစာတစ်ခုပါ။ ပန်းဂေါ်ဖီစိမ်းကိုပြုတ်ပြီး ကြက်သွန်ဖြူ၊ ဗီနီကာတို့ထည့်ပြီး အရသာရှိရှိစားသုံးပေးမယ်ဆိုရင် အသည်းကင်ဆာရောဂါကို သက်သာစေနိုင်မှာပါ။

    ဟင်းနုနွယ်

    ဟင်းနုနွယ်က အစိမ်းရောင်ရှိတဲ့ အရွက်တွေထဲမှာ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပါ။ အသည်းကို ပုံမှန်အလုပ်လုပ်နိုင်အောင် အထောက်အပံ့ပေးပါတယ်။ ဒါကြောင့် အသည်းကင်ဆာရှိသူတွေအနေနဲ့ ဟင်းနုနွယ်ကို ပုံမှန်စားသုံးပေးခြင်းဖြင့်ရောဂါအခြေအနေပိုဆိုးမလာအောင် ထိန်းသိမ်းနိုင်မှာပါ။

    စပျစ်သီးမှာ ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ အာနိသင်တွေများစွာပါဝင်နေပါတယ်။လေ့လာမှုတွေအရ စပျစ်သီး နဲ့ စပျစ်သီးဖျော်ရည်က အသည်းကို အထောက်အကူပြုပေးတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ စပျစ်သီးရဲ့ အစေ့ကလည်း အသည်းရဲ့လုပ်ဆောင်မှုတွေကိုကောင်းမွန်စေနိုင်ပါတယ်။ စပျစ်သီးကိုစားသုံးပေးမယ်ဆိုရင် အသည်းရောင်ရမ်းတာ၊ အသည်းထိခိုက်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အသည်းထိခိုက်မှုနည်းနိုင်သမျှနည်းစေဖို့ဆိုရင် စပျစ်သီးကို ပုံမှန်စားသုံးပေးပါ။
    သံလွင်ဆီက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတစ်မျိုးပါ။ ကျန်းမာရေးအကျိုးကျေးဇူးလည်းတော်တော်လေးများပါတယ်။ နှလုံးကျန်းမာစေနိုင်သလို အသည်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။နေ့စဉ်ပုံမှန် သံလွင်ဆီစားသုံးပေးတာက အသည်းအင်ဇိုင်းကို တိုးတက်စေနိုင်ပြီး အဆီကိုကျဆင်းစေနိုင်ပါတယ်။ အသည်းဆီသွေးစီးဆင်းရောက်ရှိမှုကို ပိုမိုကောင်းမွန်စေနိုင်ပြီး အသည်းကို ကျန်းမာစေနိုင်ပါတယ်။ အသည်းကင်ဆာရှိနေမယ်ဆိုရင်နေ့စဉ်စားသုံးတဲ့ အစားအစာတွေကို သံလွင်ဆီနဲ့ ချက်ပြုတ်စားသုံးပေးပါ။
    အဆီများတဲ့ငါး
    ပင်လယ်ငါးတွေမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဆီတစ်မျိုးဖြစ်တဲ့omega-3 fatty acids ကြွယ်ဝစွာပါဝင်နေပါတယ်။omega-3 fatty acids ကနှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေသလို အသည်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာomega-3 fatty acids ပါဝင်အောင်စားသုံးပေးမယ်ဆိုရင် အသည်းထိခိုက်ပျက်စီးမှုနဲ့ အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်တာကြောင့် ပင်လယ်ငါးတွေကလည်း အသည်းကင်ဆာရှိသူတွေအနေနဲ့ စားသုံးပေးသင့်တဲ့ အစားအစာတစ်မျိုးပါ။
    ခန္ဓါကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသည်းကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့အာဟာရဓါတ်တွေကို အစားအစာတွေကနေ လုံလောက်အောင်မရရှိဘူးဆိုရင်ဖြည့်စွက်စာစားသုံးတာ၊ အသည်းအတွက်ထုတ်ထားတဲ့ ဆေးဝါးတွေကိုသောက်သုံးပေးလို့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement