backup og meta

အူမကြီးကင်ဆာ အသက်ကြီးမှ ကြောက်ရမှာလား

အူမကြီးကင်ဆာ အသက်ကြီးမှ ကြောက်ရမှာလား

ဟဲ့…… နင်ကြားပြီးပြီလား မီးမီးရဲ့ ကြီးဒေါ် အူမကြီး ကင်ဆာဖြစ်နေလို့လေ။ အေးလေ ဖြစ်မှာပေါ့။ အသက်ကလည်း ကြီးပြီကိုး။ ကဲ…… ဒါဆို မေးစရာက အူမကြီးကင်ဆာဆိုတာ အသက်ကြီးမှ ဖြစ်တာလား။ ငယ်ရင် မစိုးရိမ်ရဘူးလား။ အူမကြီးကင်ဆာ အသက်ကြီးမှ ကြောက်ရမှာလား ဆိုတာလေးတွေပါ။

အူမကြီးကင်ဆာ အသက်ကြီးမှ ကြောက်ရမှာလား

အူမကြီးကင်ဆာက အသက်အရွယ်ကြီးရင့်သူတွေမှာ အဖြစ်များပေမယ့် အသက် ၃၀ ကျော် ၄၀ ဝန်းကျင်တွေမှာလည်း မဖြစ်နိုင်ဘူးလို့ အတိအကျ တွေ့ရှိချက် ရှိမနေပါဘူး။ သဘောကတော့ ဖြစ်နိုင်ခြေရှိပါတယ်။

အူမကြီး ကင်ဆာဆိုတာ

အူမကြီးဆိုတာ အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်မှာ ဖြစ်တဲ့ ကင်ဆာပါ။ သူတို့ စဖြစ်တဲ့နေရာကိုလိုက်ပြီး ခေါ်ဝေါ်တာ ပြောင်းလဲနိုင်ပါတယ်။

အူမကြီးကင်ဆာက များသောအားဖြင့် အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်နံရံမှာ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်လေးတွေ စဖြစ်ရာကနေ အစပြုလာတာပါ။ အစကတော့ အကျိတ်အဖု သေးသေးလေးပေါ့ နောက်မှ အဆမတန် ကြီးထွားရင်း ကင်ဆာဖြစ်လာတာပါ။

အူမကြီးကင်ဆာ ဘာကြောင့်ဖြစ်

အူမကြီးကင်ဆာ ဖြစ်စေရတဲ့ အကြောင်းအရင်းကို အခုထိတော့ သေသေချာချာ မသိရသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေကတော့ အူမကြီး ကင်ဆာ ခံစားရနိုင်ခြေများစေပါတယ်။

  • အသက် ၅၀ နဲ့ အထက် ဖြစ်နေတာ
  • အူမကြီးတလျှောက်မှာ အဖုအကျိတ်လေးတွေ ရှိနေတာ
  • မျိုးရိုးရှိတာ
  • အရင်က သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာလိုမျိုး ကင်ဆာတွေ ခံစားရဖူးတာ
  • အူမကြီးရောင်ရမ်းတဲ့ရောဂါ ( Crohn’s disease) ကိုခံစားနေရတာ
  • ဆေးလိပ်သောက်တာ
  • အဝလွန်တာ
  • ကိုယ်လက်လှုပ်ရှားမှု နည်းတာ
  • အဆီအအိမ့်အစားများတာ
  • သစ်သီး နဲ့ ဟင်းသီးဟင်းရွက် စားသုံးမှု နည်းတာတွေက အူမကြီး ကင်ဆာဖြစ်စေဖို့ တွန်းအားပေးနေပါတယ်။

အထူးသဖြင့် မျိုးရိုးလိုက်ရောဂါရှိသူတွေ၊ အူမကြီးအသားပိုရှိသူတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။

အူမကြီးကင်ဆာ ဘယ်လို လက္ခဏာတွေပြလဲ။

အူမကြီး ကင်ဆာ ခံစားနေရပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • ဝမ်းပျက်မယ်
  • ဝမ်းချုပ်မယ်
  • မအီမသာဖြစ်မယ်
  • အော့အန်မယ်
  • ဝမ်းသွားပြီးတိုင်း ဝမ်းကျန်နေသလို ခံစားရမယ်
  • အမြဲလိုလို ပင်ပန်းနေမယ်
  • ဝမ်းသွားရင် သွေးပါမယ်၊ ဝမ်းအမည်းရောင်တွေ သွားမယ်
  • ဝမ်းသွားတာနည်းသွားမယ်
  • ဗိုက်ကယ်နေသလို လေထိုးလေအောင့်သလိုမျိုး ဖြစ်ပြီး မကြာခဏ ဗိုက်အောင့်မယ်
  • အကြောင်းအရင်း မရှိဘဲ ပိန်သွားမယ် ဆိုရင် အူမကြီးကင်ဆာ လက္ခဏာတွေ ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

ဘယ်လို စစ်ဆေး သိရှိမလဲ။

အူမကြီးကင်ဆာလို့ ယူဆရတဲ့ လက္ခဏာတွေ မြင်ရပြီဆိုရင်

ကင်ဆာ လက္ခဏာတွေရှိလားဆိုတာကို သိနိုင်ဖို့ ဝမ်းကို စစ်ဆေးတဲ့ Stool-based test လိုက်တာရှိသလို မှန်ပြောင်းလေးနဲ့ ကင်ဆာရှိနေနိုင်တယ်လို့ ယူဆရတဲ့ အူမကြီးနံရံကို စစ်ဆေးတာ Visual (structural) exams စစ်ဆေးတာဆိုပြီး ရှိပါတယ်။ အ​ခြေအနေကို သိရှိပြီဆိုတော့မှ ကုထုံးကို ရွေးချယ်မှာပါ။

အူမကြီးကင်ဆာ ကုသလို့ ရလား။

အူမကြီးကင်ဆာက စောစောသိ စောစောကုသနိုင်ရင် အကောင်းဆုံးပါ။ ဒီတော့ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးပါ။ ဆရာဝန်က အဆင်ပြေဆုံးဖြစ်မယ့် ကုသမှုကို လမ်းညွှန်ပေးမှာပါ။

အူမကြီး ကင်ဆာနဲ့ ပတ်သက်တဲ့ အသုံးအများဆုံး ကုထုံးတစ်ခုကတော့  အူမ​ကြီးထဲက အကျိတ်ကို ဖယ်ရှားတာပါ။ ဒီလို ဖယ်ရှားတဲ့အခါ

  • ဗိုက်ကိုဖွင့်ပြီး ကင်ဆာကျိတ်နဲ့ ကင်ဆာကျိတ် အနီးတဝိုက်က အူမကြီးတစ်ရှူး နဲ့ ပြန်ရည်ကျိတ်လေးတွေကို ဖယ်ရှားတဲ့ Open surgery
  • ဗိုက်မှာ အပေါက်သေးသေးလေးဖောက်ပြီး မှန်ပြောင်းရှည်လေးတွေနဲ့ ကြည့်ပြီး စက်ရုပ်လက်ကို အသုံးပြုလို့ အကျိတ်တွေကို ဖယ်ရှားပေးတဲ့ Minimally invasive surgery ဆိုပြီး ခွဲစိတ်နည်းက (၂) မျိုးရှိပါတယ်။

ဒါ့ပြင်င်

  • ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ဖို့အတွက် ဆေးသွင်း ကုသတဲ့ Chemotherapy
  • ရောင်ခြည်ကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ ဓာတ်ရောင်ခြည် ကုထုံး Radiation therapy
  • ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို ဟန့်တားပေးတာ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ Targeted therapy စတဲ့ ကုထုံးတွေကို ခံယူလို့လည်း ရပါတယ်။

ကုထုံးတွေကိုလည်း သေချာ ခံယူမယ်။ သင့်တင့်တဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းမယ်။ အာဟာရပြည့်ဝ မျှတအောင် စားမယ်။ လေ့ကျင့်ခန်း လုပ်မယ်။ ပုံမှန် စစ်ဆေးမှုတွေ လုပ်မယ်ဆိုရင် အူမကြီးကင်ဆာရှိရင်တောင် သက်တမ်းစေ့စေ့ နေနိုင်မှာပါ။

ကဲ…… အသက်ကြီးမှရယ်မဟုတ်ဘဲ သက်လတ်ပိုင်းအရွယ်မှလည်း ခံစားရနိုင်ခြေရှိတဲ့ အူမကြီးကင်ဆာကို သေချာလေး ဂရုစိုက် စောင့် ကြည့် ကာကွယ်လိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Is Colorectal Cancer? https://www.cancer.org/cancer/colon-rectal-cancer/about/what-is-colorectal-cancer.html Accessed Date 30 September 2020

Basic Information About Colorectal Cancer https://www.cdc.gov/cancer/colorectal/basic_info/index.htm Accessed Date 30 September 2020

Bowel cancer https://www.nhs.uk/conditions/bowel-cancer/ Accessed Date 30 September 2020

ယခုပုံစံ

01/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အူမကြီးမှန်ပြောင်း ကြည့်ရင် သိထားသင့်တာတွေ

Black Panther ကို အသက်ဆုံးရှုံးစေခဲ့တဲ့ အူမကြီးကင်ဆာ ကို ဘယ်လိုကာကွယ်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement