home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သားအိမ်ခေါင်းကင်ဆာအား စီမံခန့်ခွဲခြင်း

သားအိမ်ခေါင်းကင်ဆာအား စီမံခန့်ခွဲခြင်း

သားအိမ်ခေါင်းကင်ဆာရှိတဲ့တချို့အမျိုးသမီးတွေမှာကုသမှုကကင်ဆာကိုပျောက်ကင်းသွားစေနိုင်ပါတယ်။ ကုသမှုအပြီးမှာတော့စိတ်လှုပ်ရှားခြင်းနဲ့စိတ်ဖိစီးမှုနှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။ ကုသမှုပြီးသွားတဲ့အတွက်သင်စိတ်သက်သာသွားပေမယ့်ကင်ဆာပြန်ဖြစ်လာမှာကြောက်တဲ့စိတ်ကိုတော့ထိန်းချုပ်လို့မရပါဘူး။

သားအိမ်ခေါင်းကင်ဆာကုသမှုအပြီးမှာဘာဆက်ဖြစ်လဲ

သင့်စိုးရိမ်ကြောင့်ကြမှုတွေပုံမှန်ပြန်ဖြစ်ဖို့အချိန်ခနတော့လိုပါမယ်။ ဒါကသင့်ကိုတခြားကင်ဆာရောဂါသည်တွေလည်းဒီမသေချာမှုကြီးနဲ့ နေထိုင်ဖို့ဘယ်လိုသင်ယူသွားလဲဆိုတာသင်နားလည်ဖို့ကူညီပါလိမ့်မယ်။

တချို့အမျိုးသမီးတွေအတွက်တော့ကင်ဆာကလုံးဝကြီးမပျောက်သွားပါဘူး။ သူတို့ကဓါတုဆေးဝါးတွေဓါတ်ကင်ခြင်း တွေနဲ့မကြာခဏဆိုသလိုဆက်ကုနေရပါမယ်။ လုံးဝမပျောက်သွားတဲ့ကင်ဆာကြီးနဲ့ နေထိုင်ရခြင်းကခက်ခဲပြီးစိတ်ဖိစီးစေပါတယ်။ သူ့မှာလည်းမသေချာမရေရာတာတွေချည်းပါဘဲ။ အသေးစိတ်အချက်အလက်ကိုတော့သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။

နောက်ဆက်တွဲဂရုစိုက်မှုများ

သင့်ကုသမှုပြီးဆုံးသွားရင်တောင်ဆရာဝန်ကသင့်ကိုစစ်ဆေးစေချင်ပါသေးတယ်။ သင့်ဆရာဝန်ကိုသင်နောက်ဆက်တွဲဘာတွေဂရုစိုက်ဖို့လိုလဲမေးပါ။ သင့်ရဲ့နောက်ဆက်တွဲစစ်ဆေးမှုတွေဆီမပျက်မကွက်သွားဖို့ကလုံးဝအရေးကြီးပါတယ်။ ဒီစစ်ဆေးမှုတွေအချိန်မှာဆရာဝန်ကသင်ကြုံတွေ့နေရတဲ့ပြသနာတွေအကြောင်းမေးပြီးစစ်ဆေးပါလိမ့်မယ်။ သင်ကပုံမှန်တင်ပါးဆုံစစ်ဆေးမှုတွေပြုလုပ်ရပါလိမ့်မယ်။ ဆရာဝန်အများစုကတော့အမျိုးသမီးတွေအနေနဲ့သားအိမ်ခေါင်းကင်ဆာကိုဘယ်လိုနည်းနဲ့ကုဘဲသပြီးဖြစ်ပါစေ pap testကိုဆက်လုပ်ဖို့အကြံပေးပါတယ်။

Pap test အတွက်ပုံမှန်းသုံးနေကျဆဲလ်တွေကသားအိမ်ခေါင်းကဖြစ်ပေမယ့်သင့်မှာtrechelectomyဒါမှမဟုတ် hysterectomy ကြောင့်သားအိမ်ခေါင်းမရှိတော့ဘူးဆိုရင်မိန်းမကိုယ်အပေါ်ပိုင်းကဆဲလ်တွေကိုအသုံးပြုပါလိမ့်မယ်။

ဓါတ်ခွဲခန်းစစ်ဆေးမှုတွေ၊ဓါတ်မှန်ရိုက်မှုတွေနဲ့တခြားစစ်ဆေးမှုတွေကသင့်မှာကင်ဆာလကဏာထပ်ပေါ်လာတာရှိမရှိနဲ့ကုသမှုရဲ့ ရေရှည်သက်ရောက်မှုတွေကိုသိစေပါတယ်။

ကင်ဆာကုသမှုအားလုံးလိုလိုကဆိုးကျိုးတွေရှိပါတယ်။ တချို့ကအပတ်ကနေလအနည်းငယ်အထိခဏတာဘဲဆိုပေမယ့်တခြားဆိုးကျိုးတွေကတော့သင့်တစ်သက်စာဖြစ်နိုင်ပါတယ်။ ဆရာဝန်ချိန်းတဲ့ရက်ကသင်သတိပြုမိတဲ့သ့်မှာဖြစ်နေတဲ့ပြောင်းလဲမှုတွေနဲ့ပြသနာတွေကိုဆရာဝန်ကိုပြောပြပြီးသင်စိတ်ပူနေတဲ့ မေးခွန်းတွေ မေးရမယ့်အချိန်ဖြစ်ပါတယ်။ ဒါတွေကသင့်ဆရာဝန်ကိုသင့်ကင်ဆာပြန်ဖြစ်နိုင်ချေရှိမရှိကင်ဆာအသစ်ထပ်ဖြစ်နိုင်ချေရှိမရှိစစ်ဆေးလို့ရစေပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်ဖူးတဲ့အမျိုးသမီးတွေကမိန်းမကိုယ်ကင်ဆာဖြစ်ဖို့အခွင့်အရေးလည်းများပါတယ်။ ဒါ့အပြင်ကင်ဆာနဲ့ဆက်စပ်နေတဲ့ HPV တွေလည်းဖြစ်နိုင်ချေရှိပါတယ်။ ကုသမှုကြောင့်ဖြစ်လာတဲ့ကင်ဆာမျိုးကတော့ရှားပါတယ်။

သင့်ကျန်းမာရေးကို ကောင်းနေအောင်ထိန်းထားဖို့ကအရေးကြီးပါတယ်။ စစ်ဆေးမှုတွေနဲ့ဆရာဝန်ရက်ချိန်းတွေကအကုန်အကျများတာမှန်ပါတယ်။ ဘယ်သူမှကင်ဆာပျောက်ပြီးပြန်ဖြစ်တယ်လို့မထင်ပေမယ့်ဒါကဖြစ်တတ်ပါတယ်။

ဆရာဝန်အသစ်နဲ့ပြခြင်း

သင့်ကင်ဆာကိုကုသပြီးချိန်နောက်ပိုင်းမှာသင့်ဆေးကုသမှုမှတ်တမ်းဘာမှမသိတဲ့ဆရာဝန်အသစ်နဲ့ပြရတာမျိုးလည်းကြုံချင်ကြုံလာပါလိမ့်မယ်။ သင့်ရဲ့ဆရာဝန်အသစ်ကိုသင့်ကျန်းမာရေးမှတ်တမ်းတွေ ဆေးကုသမှုမှတ်တမ်းတွေ ပေးနိုင်ဖို့လိုပါတယ်။ ဒီမှတ်တမ်းတွေကိုတစ်ခါတည်းစုထားတာက နောက်မှတစ်ခုချင်းလိုက်ရှာတာထက်ပိုလွယ်ပါတယ်။ အောက်ပါအချက်အလက်တွေကိုသင့်မှာအသင့်ရှိအောင်လုပ်ထားပါ။

  • ဆေးစစ်မှုတွေခွဲစိတ်မှုတွေဆီက ရောဂါအခြေအနေမှတ်တမ်းမိတ်တူ
  • သင်ခွဲစိတ်မှုလုပ်ထားဖူးရင်ခွဲစိတ်မှုရီပို့မိတ်တူ
  • တကယ်လို့သင်ကဆေးရုံတက်ဖူးခဲ့ရင် ဆေးရုံဆင်းတဲ့အခါဆရာဝန်မှတ်ချက်ပေးတဲ့မှတ်စုမိတ်တူ
  • ဓါတ်မှန်နဲ့တခြားစစ်ဆေးမှုမိတ်တူတွေ (ဒါတွေကတစ်ခါတစ်လေ DVD နဲ့ထည့်လို့ရပါတယ်)

ဆရာဝန်ကလည်းအပေါ်ကပြောသွားတဲ့အချက်အလက်မိတ္တူတွေကိုသူ့အတွက်သူယူထားတယ်ဆိုပေမယ့်သင့်အတွက်လည်းသင်သိမ်းထားပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Kyaw Thura Htun မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။