ရင်သားရှိသူတိုင်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတာမို့ ရှားပါးပေမဲ့ အမျိုးသားတွေလည်း ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာသာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး အထင်မှားတတ်ကြတာကြောင့် အသိနောက်ကျပြီး အခြားနေရာတွေကိုပါ ပျံ့နှံ့ပြီးမှ သိရတာမျိုးတွေ အများကြီးပါပဲ။ အမျိုးသား ရင်သားကင်ဆာဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမဲ့ အသက်ကြီးကြီး အမျိုးသားတွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။