အကောင်းမြင်စိတ်ကြောင့် အသက်ပိုရှည်စေခြင်း အကြောင်းရင်း (၃) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 13, 2020 . 1 min read
Share now

“တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ”လို့ ကျွန်တော်တို့ ငယ်ငယ်က ဂျောက်ဂျက် ကာတွန်းတွေထဲ ဖတ်ခဲ့ရပါတယ်။ ရှေးဆိုရိုးတွေကလည်း “ပျော်ပျော်နေ သေခဲ” လို့ ပြောကြတယ်။

ဆိုတော့ ပျော်ပျော်နေရင် တကယ် အသက်ရှည်တာလား။ လေ့လာမှုတွေအရတော့ အကောင်းမြင်ဝါဒီသမားတွေက အသက်ရှည်ရှည် ပိုနေနိုင်ကြတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ။

၁။ အကောင်းမြင် ဝါဒီတွေက ကျန်းမာရေး ပိုကောင်းကြပါတယ်။

အကောင်းမြင်တတ်တဲ့သူတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၅၀% လျော့နည်းပြီး ကင်ဆာရောဂါ ဖြစ်နေချိန်မှာတောင် အသက်ရှင်နိုင်ခြေ ပိုများပါတယ်လို့ သုတေသနတွေက ဆိုကြပါတယ်။

နောက်ပြီးတော့ ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေက Immunoglobulin A (အင်မျူနို ဂလိုဘျူလင် အေ) ဆိုတဲ့ ပဋိပစ္စည်းကို ထုတ်ပေးပြီး ဒါက ဖျားနာမှုတွေကို ရှေ့တန်းက တိုက်ထုတ်ပေးနေတဲ့ ပဋိဇီဝပစ္စည်းပါ။ ဒါကြောင့်လည်း အကောင်းမြင်တတ်သူတွေက ကျန်းမာရေး ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

၂။ စိတ်ဖိစီးမှုတွေ နည်းပါတယ်။

အကောင်းမြင်ဝါဒီတွေက ပုံမှန် လက်တွေ့သမားနဲ့ အဆိုးမြင်ဝါဒီတွေထက် ပိုပြီး စိတ်ဖိစီးမှု နည်းတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ သူတို့ကိုယ် သူတို့ ယုံကြည်ကြပြီး ကောင်းတဲ့ အရာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြသလို ကောင်းတာတွေ ဖြစ်လာဖို့ပဲ ကြိုးစားကြလေ့ ရှိပါတယ်။

မကောင်းတာတွေ ဖြစ်လာခဲ့ရင်တောင် ဒါဟာ သင်ခန်းစာ ယူရမယ့် အခွင့်အရေး၊ ပိုကောင်းတာတွေ ဖြစ်လာဖို့လို့ တွေးလေ့ရှိတာကြောင့် အခက်အခဲတွေကို အလွယ်တကူ ကျော်လွှားသွားနိုင်ကြပါတယ်။ ပြီးတော့ အန္တရာယ်တွေကို ရင်ဆိုင်ရဲသလို သူတို့ ဘဝမှာ ပိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို အလွယ်တကူ ဖန်တီးနိုင်ကြပါတယ်။

၃။ အကောင်းမြင်တတ်သူတွေက ကျန်းမာရေးနဲ့ ညီတဲ့ လှုပ်ရှားမှုတွေမှာ ပိုပါတတ်ကြပါတယ်။

ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အကောင်းမြင်တတ်တဲ့သူတွေဟာ လေ့ကျင့်ခန်းလည်း ပုံမှန် လုပ်ဖြစ်ကြသလို အရာရာမှာလည်း တက်တက်ကြွကြွ ရှိနေတတ်ကြတယ်လို့ သုတေသနတွေက ဆိုပါတယ်။

စိတ်ဖိစီးမှုတွေ နည်းတာကြောင့် ညဘက်တွေမှာလည်း ပုံမှန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြတာကြောင့် သူတို့တွေအတွက် ကျန်းမာရေး မကောင်းစေမယ့် အကြောင်းရင်းတွေက အတော်လေး နည်းတယ်လို့ ဆိုရင်မမှားပါဘူး။

နောက်ပြီး ရောဂါ တစ်ခုခု ဖြစ်လာခဲ့ရင်တောင်မှ ရင်ဆိုင်နိုင်စွမ်းက ပုံမှန်ထက် ပိုများတတ်ကြပါသေးတယ်။

ဒါတွေကတော့ အကောင်းမြင်စိတ်ဟာ အသက်ရှည်ခြင်းနဲ့ ဘယ်လို ဆက်စပ်နေတာလဲဆိုတဲ့ အဓိက အကြောင်းရင်း (၃) ချက်ပါပဲ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်နိုင်ကြပါစေ။

ရေးသားသူ – Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင်ချစ်ရတဲ့သူတွေ စိတ်ဖိစီးမှုမှ လွတ်မြောက်ဖို့ ဘယ်လိုကူညီပေးမလဲ

စိတ်ဖိစီးမှုက ခံနိုင်စွမ်းထက် ကျော်လွန်လာရင်တော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်လာမှာပါ။ ဒီအဆင့်ထိရောက်မသွားအောင် ကာကွယ်ဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ

သွေးတွင်းအချိုဓာတ်ကို များစေတဲ့ အချက်တွေကတော့ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာ၊ ဖျားနာတာ၊ ဆေးသောက်ချိန်မမှန်တာ၊ ကဖင်းဓာတ်စတာတွေကြောင့် ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

တိုင်းရေးပြည်ရာ အတွေးစတွေကြောင့် စိတ်ဖိစီးနေပြီလား

လူဆိုတာ နိုင်ငံရေးသတ္တဝါလို့ ဆိုစကားရှိတယ်။ လူရယ်လို့ဖြစ်လာပြီဆိုရင် တိုင်းရေးပြည်ရာ ကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတော့စိတ်ဖိစီးမှုလည်း ကြုံလာနိုင်တော့တာပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း

အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 13, 2020 . 3 mins read
ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်

ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 10, 2020 . 3 mins read
သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 9, 2020 . 2 mins read