ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ
ဦးနှောက်တွင်း ရေများခြင်း (Hydrocephalus)
ဦးနှောက်တွင်း နဲ့ ကျောရိုးတွင်းမှာ လှည့်ပတ်စီးဆင်းနေတဲ့ အရည်လေးတွေ ရှိပါတယ်။ ဒါကို cerebro spinal fluid (CSF) လို့ ခေါ်ပါတယ်။ ဦးနှောက်ထဲမှာ ဒီအရည်လေးတွေ စီးဆင်းဖို့ အခန်းလေးတွေ ရှိပါတယ်။ ဒါကို ဦးနှောက်ခန်း ventricles လို့ ခေါ်ပါတယ်။ ဒါက ပုံမှန်ပါ။ ဒီအရည်လေးတွေ အကြောင်းအမျိုးမျိုးကြောင့် ဦးနှောက်ခန်းထဲမှာ များလာတဲ့အခါ ဦးနှောက်ခန်းတွေ ကျယ်လာပါတယ်။ ဒါ့ကြောင့် ဘေးက ဦးနှောက်ကို ဖိပြီး ဦးနှောက်သားတွေ ပျက်စီးတာ၊ အလုပ်မလုပ်တော့တာတွေ ဖြစ်လာပါတယ်။ အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ ဘာကြောင့် ဦးနှောက်တွင်း မှာ ရေများလာရတာလဲ။ အဓိကက CSF ထုတ်တာနဲ့ ပြန်စွန့်တာ မမျှတလို့ပါ။ CSFက ဦးနှောက်ခန်းမှာ ရှိတဲ့ ဆဲလ်လေးတွေကနေ ထုတ်ပေးတာပါ။ တစ်နေရာကနေ တစ်နေရာကို […]