ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

ဦးနှောက်နဲ့ အာရုံကြောမကြီးမှာ ဖြစ်တတ်တဲ့ ရောဂါတွေက ဘာတွေများလဲ။ ဘယ်လို လက္ခဏာတွေကို သတိထားစောင့်ကြည့်သင့်လဲ၊ ဘယ်လိုကာကွယ် ကုသနိုင်လဲဆိုတာကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

ဦးနှောက်တွင်း ရေများခြင်း (Hydrocephalus)

ဦးနှောက်တွင်း နဲ့ ကျောရိုးတွင်းမှာ လှည့်ပတ်စီးဆင်းနေတဲ့ အရည်လေးတွေ ရှိပါတယ်။ ဒါကို cerebro spinal fluid (CSF) လို့ ခေါ်ပါတယ်။ ဦးနှောက်ထဲမှာ ဒီအရည်လေးတွေ စီးဆင်းဖို့ အခန်းလေးတွေ ရှိပါတယ်။ ဒါကို  ဦးနှောက်ခန်း ventricles လို့ ခေါ်ပါတယ်။ ဒါက ပုံမှန်ပါ။ ဒီအရည်လေးတွေ အကြောင်းအမျိုးမျိုးကြောင့် ဦးနှောက်ခန်းထဲမှာ များလာတဲ့အခါ ဦးနှောက်ခန်းတွေ ကျယ်လာပါတယ်။ ဒါ့ကြောင့် ဘေးက ဦးနှောက်ကို ဖိပြီး ဦးနှောက်သားတွေ ပျက်စီးတာ၊ အလုပ်မလုပ်တော့တာတွေ ဖြစ်လာပါတယ်။ အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ ဘာကြောင့် ဦးနှောက်တွင်း မှာ ရေများလာရတာလဲ။ အဓိကက CSF ထုတ်တာနဲ့ ပြန်စွန့်တာ မမျှတလို့ပါ။ CSFက ဦးနှောက်ခန်းမှာ ရှိတဲ့ ဆဲလ်လေးတွေကနေ ထုတ်ပေးတာပါ။ တစ်နေရာကနေ တစ်နေရာကို […]

ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ ကို ရှာဖွေမည်။

ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) ကဘာလဲ။ ဦးခေါင်းခွံထဲမှာသွေးတွေစုနေတာကိုဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်းလို့ခေါ်ပါတယ်။ သွေးစုခြင်းကဦးနှောက်တစ်ရှူးတွေအတွင်းမှာဖြစ်ဖြင်းဒါမှမဟုတ် ဦးခေါင်းခွံအောက်မှာစုခြင်းတွေကနေဦးနှောက်သားကိုဖိမိနိုင်ပါတယ်။ ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်းကအသက်အန္တရာယ်ကိုစိုးရိမ်ရပါတယ်။ -epidural hematomas ဂျ ူရာအလွှာနားတွင် သွေးလုံးဖြစ်ခြင်းဦးခေါင်းခွံနဲ့ ဦးနှောက်ကိုအုပ်ထားတဲ့ အပြင်လွှာကြားမှာသွေးလုံးစုခြင်းကိုခေါ်ပါတယ်။ -subdural hematomas ဂျ ူရာအလွှာအောက်တွင် သွေးလုံးဖြစ်ခြင်း။ အပြင်အလွှာနဲ့ အလည်အလွှာကြားမှာဖြစ်ခြင်းကိုခေါ်ပါတယ်။ -intracerebral hematomas ဦးနှောက်အတွင်းမှာသွေးလုံးဖြစ်ခြင်း ။ Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ PasteTextHere လက္ခဏာများIntracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဦးခေါင်းကိုထိမိခိုက်မိတာမျိုးကြောင့် သင့်ဆီမှာဦးခေါင်းခွံအတွင်းမှာသွေးလုံးဖြစ်ခြင်းရဲ့ ရောဂါလက္ခဏာတွေ ပြလာနိုင်ပါတယ် တစ်ခါတစ်လေမှာတော့ လချီကြာပြီးမှ ပေါ်လာတာတွေရှိပါတယ်။ ခေါင်းကိုဒဏ်ရာရပြီးနောက်မှာသင်ဟာဘာမှမဖြစ်ပဲကောင်းနေနိုင်ပါတယ်။၎င်းကို lucid interval ဆိုပြီးခေါ်ပါတယ်။ သို့သော်လည်းအချိန်ရလာတာနဲ့အမျှ သင့်ဦးနှောက်မှာဖိအားတွေဖြစ်လာပြီးအောက်ပါပြောပြမယ့် ရောဂါလက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ -ခေါင်းကိုက်ခြင်း -အန်ခြင်း -မူးဝေခြင်းနဲ့ သတိလစ်ခြင်း -မူးခြင်း -စိတ်ရှုပ်ထွေးခြင်း -သူငယ်အိမ်အရွယ်အစားမတူညီခြင်း -စကားပြောမပီသခြင်း ဦးနှောက်ထဲကိုသွေးစီးဆင်းတာများသောကြောင့် ဒါမှမဟုတ် သင့်ဦးနှောက်နဲ့ ဦးခေါင်းခွံကြားနေရာကျဉ်းသွားသောကြောင့် အခြားရောဂါလက္ခဏာတွေကတော့ -မကြည်မလင်ဖြစ်နေခြင်း -တက်ခြင်း -သတိလစ်ခြင်း ((အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။) ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်မှာပြောထားတဲ့အချက်တွေထဲသင့်မှာရှိခဲ့ရင် သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် -သတိလစ်ခြင်း -ခေါင်းကြာရှည်စွာကိုက်နေခြင်း -အန်ခြင်းအားနည်းခြင်း အမြင်ဝါးခြင်းနှင့် […]


ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

Tourette Syndrome (အကြောလိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tourette Syndrome (အကြောလိုက်ခြင်း) ကဘာလဲ။ Tourette’s Syndrome သည် ထိမ်းချုပ်ရခက်သော မလိုလားအပ်သည့် လှုပ်ရှားမှုများ အသံများဖြစ်လာသည့် ရောဂါဖြစ်သည်။ ဥပမာ ထပ်ကာထပ်ကာ မျက်တောင်ခပ်ခြင်း၊ ပခုံးတွန့်ခြင်း၊ မပီမသအသံများထွက်ခြင်း၊ ဆဲရေးခြင်း။ ကုသမှုခံယူခြင်းဖြင့် ထိန်းချုပ်နိုင်သော်လည်း ရောဂါလက္ခဏာများကြောင့် စိတ်အနှောင့်အယှက်မဖြစ်မချင်း လူနာများသည် ကုသမှုကို မလိုကြပါ။ Tourette Syndrome (အကြောလိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ယောကျာ်းလေးများတွင် မိန်းကလေးများထက်ပို အဖြစ်များသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားမှု မြင့်မားစေသော အကြောင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများTourette Syndrome (အကြောလိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကအားဖြင့် အကြောလိုက်ခြင်းဖြစ်သည်။ အချို့လက္ခဏာများသည် မပြင်းထန်သောကြောင့် သိပင်မသိသာပါ။ အချို့မှာ မကြာခဏဖြစ်ပြီး သိသာသည်။ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားခြင်း၊ နေမကောင်းခြင်း၊ ပင်ပန်းခြင်းတို့ဖြစ်လျှင် ပိုသိသာသည်။ ပိုပြင်းထန်သော […]


ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း) ကဘာလဲ။ လည်ပင်းရှိကျောရိုးမကြီးအနားမှာရှိနေတဲ့ အာရုံကြောအမြစ်တစ်ခုခု ဖိမိ၊ ထိခိုက်မှုသွားတဲ့အခါဖြစ်တဲ့ အာရုံကြောလုပ်ဆောင်မှုပျက်ယွင်းခြင်း၊ လျော့ကျခြင်း ဖြစ်တယ်။ ထိခိုက်သွားတဲ့ အာရုံကြောအမြစ်တည်နေရာပေါ်မူတည်ကာ ထိုအာရုံကြောထောက်ပံ့နေတဲ့ လက်၊ လက်မောင်းတို့ကနေရာတွေမှာ နာကျင်ခြင်း၊ ထုံကျဉ်ခြင်း၊ အာရုံမခံစားနိုင်ခြင်း တို့ဖြစ်စေပါတယ်။ Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသားရော၊ အမျိုးသမီးမှာပါဖြစ်နိုင်တယ်။ ဒါပေမယ့် အမျိုးသမီးတွေ၊ အထူးသဖြင့် ၅၀ ကျော်အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးကြည့်ပါ။ လက္ခဏာများCervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကနဦးလက္ခဏာတွေကတော့ လက်မောင်း၊ လည်ပင်း၊ ရင်ဘက်၊ ကျောအပေါ်ပိုင်းနဲ့ ပုခုံးတွေမှာ ပျံ့နှံ့လာတဲ့နာကျင်မှုပဲဖြစ်တယ်။ လက်၊ လက်ချောင်းတွေမှာထုံလာ၊ ကျဉ်လာခြင်း၊ ကြွက်သားတွေအားနည်းခြင်းတို့လည်းဖြစ်ပါတယ်။ တခြားလက္ခဏာတွေကတော့ စုပေါင်းလုပ်ဆောင်တဲ့ ဆောင်ရွက်ချက်တွေမှထိခိုက်ခြင်း၊ မရှိခြင်း တု့ိဖြစ်ပြီး လက်မှာအဖြစ်များပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် […]


ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

Angelman Syndrome (အိန်ဂျယ်မန်းရောဂါလက္ခဏာစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Angelman Syndrome (အိန်ဂျယ်မန်းရောဂါလက္ခဏာစု) ကဘာလဲ။ အိန်ဂျယ်မန်းရောဂါလက္ခဏာစုဆိုတာ အာရုံကြောစနစ်ကို ထိခိုက်စေတဲ့ မျိုးရိုးဗီဇ ပြသနာဖြစ်ပြီး ဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ မစွမ်းမသန်ခြင်းကို ဖြစ်စေပါတယ်။   ဒီရောဂါရှိသူများဟာ မကြာခဏ ပြုံးရယ်နေတတ်ပြီး စိတ်လှုပ်ရှားလွယ်တဲ့ သဘာဝရှိပါတယ်။ ဖွံ့ဖြိုးမှုနောက်ကျပြီး အသက် ၆လနဲ့တနှစ်ကြားမှာ ရောဂါလက္ခဏာတွေ စတင်ပြတတ်ပါတယ်။ အသက် ၂နှစ် ၃နှစ်အကြား အတက်ရောဂါ ဖြစ်တတ်ပါတယ်။   ဒီရောဂါရှိသူများဟာ ပျောက်ကင်းအောင် မကုနိုင်ပေမယ့် ပုံမှန်သက်တမ်းအတိုင်း နေနိုင်ပါတယ်။ ကုသမှုဟာ ဆေးဝါးကုသရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများပဲ ဖြစ်ပါတယ်။ Angelman Syndrome (အိန်ဂျယ်မန်းရောဂါလက္ခဏာစု) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ ကလေးတွေမှာ ပိုဖြစ်တာများပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAngelman Syndrome (အိန်ဂျယ်မန်းရောဂါလက္ခဏာစု) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ လက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ ရောဂါရှိသူကလေးများဟာ ပုံမှန်အတိုင်း မွေးဖွားလာပေမယ့် ပထမတလအရွယ်မှာပဲ […]


ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

Aphasia (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း)

ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်းဆိုတာ ဆက်သွယ်ပြောဆိုနိုင်စွမ်း ပျောက်ဆုံးသွားတာပါပဲ။ စကားပြောနိုင်စွမ်း၊ စာရေးနိုင်စွမ်း၊ ဘာသာစကား နားလည်နိုင်စွမ်း (အရေးအဖတ်) စတာတွေကို ထိခိုက်စေပါတယ်။ လေဖြတ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းကြီးလာတဲ့ ဦးနှောက်အကျိတ်နဲ့ ဆိုးရွားလာတဲ့ ထိခိုက်မှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ထိခိုက်မှု အခြေအနေကတော့ ဦးနှောက်ရဲ့ ဘယ်နေရာမှာ ဘယ်လိုထိခိုက်တယ်ဆိုတာရယ်၊ ဘယ်အရာတွေက ထိခိုက်စေတယ်ဆိုတာအပေါ် မူတည်ပါတယ်။ အကြောင်းအရင်းကို သိပြီးချိန်မှာ အဓိကကုသမှုကတော့ စကားနဲ့ ဘာသာရပ်ကုထုံးပဲ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်ထားသူဟာ ဘာသာစကားစွမ်းရည်နဲ့ တဦးကိုတဦး ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ ပြန်လည်သင်ယူရပါတယ်။ ဒီဖြစ်စဉ်မှာ မိသားစုဝင်တွေကပါ ပါဝင်ကူညီရပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်Aphasia (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း) ကဘာလဲ။ ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်းဆိုတာ ဆက်သွယ်ပြောဆိုနိုင်စွမ်း ပျောက်ဆုံးသွားတာပါပဲ။ စကားပြောနိုင်စွမ်း၊ စာရေးနိုင်စွမ်း၊ ဘာသာစကား နားလည်နိုင်စွမ်း (အရေးအဖတ်) စတာတွေကို ထိခိုက်စေပါတယ်။ လေဖြတ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်