backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း)


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း) ကဘာလဲ။

လည်ပင်းရှိကျောရိုးမကြီးအနားမှာရှိနေတဲ့ အာရုံကြောအမြစ်တစ်ခုခု ဖိမိ၊ ထိခိုက်မှုသွားတဲ့အခါဖြစ်တဲ့ အာရုံကြောလုပ်ဆောင်မှုပျက်ယွင်းခြင်း၊ လျော့ကျခြင်း ဖြစ်တယ်။ ထိခိုက်သွားတဲ့ အာရုံကြောအမြစ်တည်နေရာပေါ်မူတည်ကာ ထိုအာရုံကြောထောက်ပံ့နေတဲ့ လက်၊ လက်မောင်းတို့ကနေရာတွေမှာ နာကျင်ခြင်း၊ ထုံကျဉ်ခြင်း၊ အာရုံမခံစားနိုင်ခြင်း တို့ဖြစ်စေပါတယ်။

Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးသားရော၊ အမျိုးသမီးမှာပါဖြစ်နိုင်တယ်။ ဒါပေမယ့် အမျိုးသမီးတွေ၊ အထူးသဖြင့် ၅၀ ကျော်အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။

အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးကြည့်ပါ။

လက္ခဏာများ

Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကနဦးလက္ခဏာတွေကတော့ လက်မောင်း၊ လည်ပင်း၊ ရင်ဘက်၊ ကျောအပေါ်ပိုင်းနဲ့ ပုခုံးတွေမှာ ပျံ့နှံ့လာတဲ့နာကျင်မှုပဲဖြစ်တယ်။ လက်၊ လက်ချောင်းတွေမှာထုံလာ၊ ကျဉ်လာခြင်း၊ ကြွက်သားတွေအားနည်းခြင်းတို့လည်းဖြစ်ပါတယ်။ တခြားလက္ခဏာတွေကတော့ စုပေါင်းလုပ်ဆောင်တဲ့ ဆောင်ရွက်ချက်တွေမှထိခိုက်ခြင်း၊ မရှိခြင်း တု့ိဖြစ်ပြီး လက်မှာအဖြစ်များပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။

အကြောင်းရင်းများ

Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကျောရိုးဆစ်နှစ်ခုကြားမှ အရိုးပြားကျိုးပဲ့ရာမှထွက်လာသော အစိတ်အပိုင်း၊ ရောဂါကြောင့်အရိုးများပြောင်းလဲခြင်း၊ အရိုးရောင်ရမ်းခြင်း၊ အရိုးများထိခိုက်ခြင်း စသည်တို့ကနေလာတဲ့ ဖိအားက အာရုံကြောအမြစ်ပေါ်ဖိမိတဲ့အခါ ထိခိုက်မှုတွေဖြစ်လာရတယ်။ အသက်အလည်အလတ်ရှိသူတွေရဲ့ အရိုးများပုံမှန်ပြောင်းလဲခြင်းတွေကြောင့်လည်း အာရုံကြောအမြစ်ပေါ်မှာ ဖိအားတွေဖြစ်လာနိုင်ပါတယ်။ လူငယ်ပိုင်းတွေမှာတော့ ထိခိုက်မှုတွေကြောင့် အရိုးပြားများကျိုးရာမှ ဖြစ်လာရတတ်ပါတယ်။ ထိုအရိုးစတွေမှု အာရုံကြောမြစ်ကိုဖိမိ၊ ရောင်ရမ်းစေတဲ့အခါမှာ နာကျင်မှုတွေဖြစ်လာ၇တယ်။

တစ်သျူးတွေ အာရုံကြောများကို ဖိမိစေသည့် အခြေအနေတွေကတော့ –

  • ခိုက်မိခြင်း
  • ကိုယ်နေဟန်ထားမမှန်ခြင်း
  • အရိုးအဆစ်ရောင်ခြင်း
  • အလုပ်များခြင်းကြောင့် ဖိစီးခြင်း
  • အားကစားလှုပ်ရှားမှုများ
  • အဝလွန်ခြင်း တို့ဖြစ်တယ်။

ဖိအားကြောင့် အာရုံကြောတွေရောင်ရမ်းလာကာ အာရုံကြောလုပ်ဆောင်မှုချို့ယွင်းလာရပါတယ်။ အာရုံကြောထိခိုက်မှုအချိန်တိုရင်တော့ ရေရှည်ပျက်စီးမှုမရှိဘဲ ဖိထားတဲ့ဖိအားကိုဖယ်ပစ်လိုက်တာနဲ့ အာရုံကြောလုပ်ဆောင်မှု ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဒါပေမယ့် ထိုဖိအားထခိုက်မှုက ဆက်လက်ရှိနေမယ်ဆိုရင်တော့ နာတာရှည်ဖြစ်ပြီး ထာဝရအာရုံကြောပျက်စီးသွားနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

  • ကိုယ်နေဟန်ထား – ကိုယ်နေဟန်ထားပုံစံမမှန်ခြင်းက ကျောရိုးမကြီးနဲ့ အာရုံကြောမကြီးကို ထိခိုက်စေနိုင်ပါတယ်။
  • လိင် – အမျိုးသမီးဖြစ်နေခြင်းက လက်ဖျံမှာရှိတဲ့ carpal tunnel လို့ခေါ်တဲ့ အရွတ်နဲ့အရိုးကြားကလှိုင်တစ်ခု ပိုကျဉ်းနေခြင်းကြောင့် Carpal Tunnel Syndrome လို့ခေါ်တဲ့ အကြောရောဂါတစ်မျိုး ဖြစ်နိုင်ချေပိုများပါတယ်။
  • အဆစ်ရောင်လေးဘက်နာ – အဆစ်ရောင်ခြင်းက အာရုံကြောတွေကိုဖိမိစေနိုင်တယ်။
  • ဆီးချိုသွေးချို – ဆီးချိုသွေးချိုရှိသူတွေမှာ အာရုံကြောဖိမိနိုင်ချေ၊ ထိခိုက်နိုင်ချေပိုများတယ်။
  • အသုံးများခြင်း – လက်၊ လက်ကောက်ဝတ်၊ ပုခုံး လှုပ်ရှားမှုတွေ ခဏခဏသုံးရတဲ့ အလုပ်၊ ဝါသနာ၊ အားကစားတွေကြောင့် အာရုံကြောထိခိုက်နိုင်ချေပိုများပါတယ်။
  • အဝလွန်ခြင်း – အဝလွန်ခြင်းဟာ အာရုံကြောပေါ်မှာ ဖိအားများစေတယ်။
  • ကိုယ်ဝန်ဆောင်ခြင်း – ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓါကိုယ်တွင်း ရေအချိုးအစားများခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်းကြောင့် အာရုံကြောတွေရောင်ရမ်းနိုင်တယ်။
  • မျိုးရိုး – တချို့တွေက မျိုးရိုးလိုက်ပြီး အာရုံကြောထိခိုက်တတ်ကြပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

တကယ်လို့သင့်မှာထိုရောဂါရှိနေပြီလို့ ဆရာဝန်က သံသယရှိရင်တော့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးစမ်းသပ်မှုတွေနဲ့၊ တချို့သောစစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။ ထိုစစ်ဆေးမှုတွေကတော့ –

  • လျှပ်စစ်ဓါတ်နှင့်စမ်းသပ်ခြင်း – အာရုံကြောတွေရဲ့ လျှပ်စစ်ဓါတ်အပေါ်တုံ့ပြန်လုပ်ဆောင်မှုကို စမ်းသပ်ခြင်းဖြစ်တယ်။ အရေပြားပေါ် အားပျော့လျှပ်စစ်တိုင်တစ်ခုကိုတင်ပြီး အာရုံကြောထဲသို့ လျှပ်စီးငယ်တစ်ခုဖြတ်သန်းသွားတဲ့အခါ အာရုံကြောရဲ့ တုံ့ပြန်မှုကိုစမ်းသပ်ခြင်းဖြစ်တယ်။
  • Electromyography – ကြွက်သားထဲသို့ အပ်ငယ်လေးတွေစိုက်ပြီး ကြွက်သားများကျုံ့ချိန်နဲ့ အနားယူချိန်မှာရှိတဲ့ လျှပ်စီးဆိုင်ရာလုပ်ဆောင်မှုကို စမ်းသပ်ခြင်းဖြစ်တယ်။
  • သံလိုက်ဓါတ်မှန် – အားကောင်းတဲ့ သံလိုက်ဓါတ်နဲ့ ရေဒီယိုလှိုင်းကိုသုံးကာ ခန္ဓါကိုယ်ရဲ့မြင်ကွင်းအမျိုးမျိုးကို ရိုက်ကူးခြင်းဖြစ်တယ်။

Cervical Radiculopathy (လည်ပင်းအာရုံကြောများလုပ်ဆောင်မှုပျက်ယွင်းခြင်း) ကို ဘယ်လိုကုသပါသလဲ

အနာပျောက်ဆေး၊ အရောင်ကျဆေးတွေဖြစ်တဲ့ corticosteroid ၊ Ibuprofen, naproxen စသည့် NSAID ဆေးများနှင့် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ကုသမှုတွေနဲ့ ပေါင်းစပ်ကုသရပါတယ။်

စတီးရွိုက်ဆေးကိုသောက်ခြင်းဖြစ်စေ၊ အာရုံကြောမကြီးကို အုပ်ထားသော အမြှေးပါးဖြစ်သည့် dura အမြှေးပါးအောက်ကို ထိုးခြင်းဖြင့်ဖြစ်စေသုံးနိုင်တယ်။

ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ကုသမှုကတော့ ဆရာဝန်ကညွှန်းပါလိမ့်မယ်။ လည်ပင်းဆန့်ခြင်း၊ လှုပ်ရှားမှုများ၊ လေ့ကျင့်ခန်း နဲ့ တခြားသော အနာသက်သာစေသည့် နည်းလမ်းတွေပါလိမ့်မယ်။ ဒါပေမယ့် ကြွက်သားတွေ အားနည်းသွားသည်ထိ အာရုံကြောပေါ်ဖိထားတယ်ဆိုရင်တော့ ခွဲစိတ်ဖို့လိုကောင်းလိုနိုင်ပါတယ်။

နေထိုင်ပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ

  • ကိုယ်နေဟန်ထားမှန်အောင်နေပါ။
  • ပုံမှန်လေ့ကျင့်ခန်းမှာ အကြောသန်မာစေသလို၊ ပျော့ပျောင်းစေတဲ့လေ့ကျင့်ခန်းတွေပါထည့်ပါ။
  • ထပ်တလဲလဲဆောင်ရွက်ခြင်းမျိုးရှောင်ပါ၊ လှုပ်ရှားမှုတစ်ခုနဲ့တစ်ခုကြားမှာ အနားယူပါ။
  • ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကိုယ်အလေးချိန်ကိုထိန်းထားပါ။

တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement