• Petechiae လို့ခေါ်တဲ့ ခြင်ကိုက်သလို အနီစက်လေးတွေ အရေပြားမှာ ပေါ်နေတာ ( ဖိလိုက်ရင် ရဲနေတာပျောက်မသွား) ခြင်ကိုက်တာက ဖိလိုက်ရင် ခဏ ပျောက်သွားတယ်
• သွားဖုံးသွေးတွေယိုတာ၊ နှာခေါင်းသွေးလျှံတာ
• ဆီးနဲ့ ဝမ်းတွေမှာ သွေးစတွေပါနေတာ နဲ့
• ဓမ္မတာ လာချိန် သွေးဆင်းများတာတွေပဲ ဖြစ်ပါတယ်။
ဘယ်လို အခြေအနေမျိုးက စိုးရိမ်ရလဲ။
• ITP နောက်ပိုင်းပြင်းထန်လာတဲ့ အခါမျိုးမှာတော့ ဦးနှောက်တွင်းသွေးယိုတာတဲ့ ပြဿနာ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ဒါက ဖြစ်တောင့်ဖြစ်ခဲတဲ့ အရာတစ်ခုပါ။
• နောက် ဒီ ရောဂါကို သတိထားရမယ့် လူတွေကတော့ကိုယ်ဝန်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဒီပြဿနာရှိနေတယ်ဆိုတာ မသိဘဲ ခွဲစိတ်မှု လုပ်မယ် ရိုးရိုးမီးဖွားဖို့လုပ်မယ်ဆိုရင် မီးဖွားပြီးနောက်ပိုင်း သွေးသွန်တာ သွေးမတိတ်တဲ့ ပြဿနာတွေ ဆက်ဖြစ်နိုင်ပါတယ်။
ဒီတော့ ကိုယ့်ဆီမှာ သွေးယိုတတ်တာတွေ၊ သွေးခြည်ခဏခဏ ဥနေတာမျိုးတွေဖြစ်ခဲ့ရင် မပေါ့ဆဘ ဲဆေးခန်းသွားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ခံယူဖို့တော့လိုလိမ့်မယ်နော်။
ကဲဒီတော့ ITP ကို ဘယ်လို ကုသကြသလဲ။
ဆေးဝါးဆိုင်ရာကုသမှု
• Steroids သောက်ဆေး – platelets သွေးဆဲလ်တွေကိုထိန်းထားဖို့ ဆရာဝန်က prednisone လို့ခေါ်တဲ့ သောက်ဆေးတွေ ပေးမှာဖြစ်ပြီး စိတ်ချရတဲ့ အခြေအနေတစ်ခုရောက်ရင်တော့ အဲဒီ စတီးရွိုက်သောက်ဆေးတွေကို တဖြည်းဖြည်း ပြန်လျှော့သွားဖို့လိုပါတယ်။
• Immune globulin – စတီးရွိုက်ဆေးတွေနဲ့ ထိန်းလို့မရတော့ဘူးဆိုရင် Immune globulin လို့ခေါ်တဲ့ အရေးပေါ် သွေးဆဲလ်တိုးပွားဆေးတွေ ထိုးသွင်းရတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။