backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

လုပ်ငန်းခွင်သစ်တွင် အစားအစာနှင့် ဓါတ်မတည့်မှုကိုဖြေရှင်းနည်း (၄)ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လုပ်ငန်းခွင်သစ်တွင် အစားအစာနှင့် ဓါတ်မတည့်မှုကိုဖြေရှင်းနည်း (၄)ခု

အစားအစာနှင့် ဓါတ်မတည့်မှုကိုဖြေရှင်းနည်း

သင့်တွင်အစာနှင့်ဓါတ်မတည့်မှုကိုမကြာသေးမီကမှဖြစ်နေမှန်းသိရှိရခြင်း (သို့မဟုတ်) သင့်အနေဖြင့် အစာဓါတ်မတည့်မှုအတွက် အစားအသောက်ကိုမိမိဘာသာရွေးချယ်မှုပြုနေရခြင်းမျိုးအခြေအနေ

ဆိုပါကလုပ်ငန်းခွင်တွင် အစာဓါတ်မတည့်မှုသည် သင့်အတွက် ရင်ဆိုင်ဖြေရှင်းစရာ ဖြစ်လာသည်။ အောက်ပါနည်းလမ်းအဆင့်(၄)ခုမှာ သင်၏ အလုပ်သစ်တွင် ဓါတ်မတည့်မှုကို ဖြေရှင်းနည်းများဖြစ်သည်။

နည်းလမ်းအဆင့် (၁) – အလုပ်ရှင်ကိုတင်ပြဆွေးနွေးပါ

သင်သည်လခစားဝန်ထမ်းဖြစ်ပါက သင်၏ လုပ်ငန်းကြီးကြပ်သူကို သင်၏ အစာဓါတ်မတည့်မှုအကြောင်း ပြောပြပြီးလုပ်ငန်းခွင်အတွင်းလိုအပ်သော ပြင်ဆင်မှုများအတွက် ဆွေးနွေးပါ။ သင်၏ လိုအပ်ချက်များအတွက် လူ့စွမ်းအားအရင်းအမြစ်ဌာန( HR ) နှင့် ဆက်သွယ်အကြံဉာဏ်ရယူနိုင်သည်။

သင့်တွင်လုပ်ဖော်ကိုင်ဖက်သစ်များ ၊ အဖွဲ့ဝင်များ၊ မိတ်ဆွေများ၊ အလုပ်အပ်သူများရှိလိမ့်မည်။ သူတို့ကိုသင်၏ အစာနှင့်ဓါတ်မတည့်သောအနေအထားကိုပြောပြထားပါ။ ထိုသူတို့၏အကူအညီကိုရယူ၍ အောက်ပါအကြံဉာဏ်တို့ကိုလိုက်နာပါ။

• သင်နှင့်မည်သည့်အစားအစာကမတည့်သည်ကိုပြောပြထားပါ။

• ဓါတ်မတည့်မှုဖြစ်စဉ်၏ပြင်းထန်မှုကိုအသိပေးပါ။ အရေးပေါ်အခြေအနေတွင် ဖြစ်ပေါ်လေ့ရှိသောရောဂါလက္ခဏာများနှင့် အရေးပေါ်ထိုးဆေးမည်သည့်နေရာတွင်ထားသည်ကိုပါပြောပြထားပါ။

• ဓါတ်မတည့်မှုဖြစ်စဉ်ကိုရှောင်ရှားနိုင်သည့်နည်းလမ်းအချို့ကို ပြုလုပ်ထားပါ။ ဥပမာ – လုပ်ငန်းခွင်တွင်တည်ခင်းသောနေ့လည်စာတွင် မည်သည့်အစားအစာများပါဝင်သည်ကိုတိုင်ပင်ပါ။ ထုတ်ပိုးပြီးအစားအစာများဖြစ်ပါကမည်သည်တို့ပါဝင်သည်ကို ပါကင်ဘူးတွင် ဖတ်ရှုပါ။ ထိုသူတို့တွင်လည်းအစားအစာနှင့် ဓါတ်မတည့်မှုကြုံတွေ့နိုင်ပြီးသင်ကသူတို့သိလိုသည်များကိုပါ ပြောပြတတ်အောင်လေ့လာပါ။

• သင်၏ရုံး ၊ အလုပ်ခန်းတွင် ဓါတ်မတည့်မှု ကင်းစင်သော နေရာဖြစ်အောင် စီမံထားပါ။ သတိပေး ပိုစတာများ ချိတ်ဆွဲပေးထားပါ။ ဟာသနှောထားသော စိတ်ဝင်စားဖွယ် သတင်းအချက်အလက်ပေး ပုံစံမှတစ်ဆင့် အစားအစာနှင့် ဓါတ်မတည့်ခြင်း၏ အရေးကြီးပုံကို သတိပြုမိအောင်စီမံပါ။

နည်းလမ်းအဆင့်(၂) – သတိပြုလိုက်နာဖွယ်ရာများကိုဆောင်ရွက်ပါ

မည်သို့ပင် အားထုတ်သော်လည်း မတော်တဆ ဓါတ်မတည့်မှုများနှင့် ထိတွေ့နိုင်သေးသည့်အတွက် အရေးပေါ် အခြေအနေအတွက် ပြင်ဆင်ထားပါ။

• သင်၏အရေးပေါ်ထိုးဆေးကိုသင်နှင့်မကွာထားပါ။

• သင့်တွင်ဓါတ်မတည့်သောအခြေအနေရှိကြောင်းပြသည့်လက်ပတ်ဝတ်ဆင်ပါ။

• လုပ်ငန်းခွင်တွင်ဓါတ်မတည့်မှုဖြစ်ပါကမည်သို့လုပ်ဆောင်ရမည်ကိုသိသည့်သူတစ်ဦးသင့်အတွက်သေချာပေါက်ရှိနေပါစေ။

နည်းလမ်းအဆင့်(၃) – လုပ်ငန်းခွင်ရှိမီးဖိုချောင်တွင်လိုက်နာရန်

အစားအစာနှင့် ဓါတ်မတည့်မှုရှိသူ အတော်များများသည် သူတို့ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်ရသည်ကို နှစ်သက်တတ်ကြသည်။ ထို့ကြောင့် သင်ထိတွေ့ ကိုင်တွယ်နေသော အထဲတွင် မိမိနှင့် မတည့်သော အစားအစာမပါဖို့ အရေးကြီးပါသည်။ သင်၏ လုပ်ငန်းကြီးကြပ်သူကို မီးဖိုချောင်အတွက် လိုအပ်သည်များ ပြင်ဆင်ထားနိုင်ရန် တင်ပြပါ။ သင်၏ ထမင်းချိုင့်ကိုလုံအောင်ပိတ်၍ သင့်နာမည်ကပ်ပြီး “မကိုင်ရ” ဟု ရေးသားထားပါ။ အစားအစာ ဗီဒိုကိုရော၍ သုံးပါက သင့်အစားအစာအတွက် နေရာသီးသန့်ကို ပြင်ဆင်ထားပါ။

နည်းလမ်းအဆင့် (၄) – အစည်းအဝေးနှင့်သင်တန်းများတွင် လိုက်နာရန်

အစည်းအဝေးနှင့် သင်တန်းများတွင် အစားအသောက်များ ပါဝင်လေ့ရှိသည်။ သင်တန်းခေါင်းဆောင်နှင့် တက်ရောက်သူများသည် သင်နှင့် အမြဲတွဲဖက်လုပ်ကိုင် နေရသူများ မဟုတ်သည့်အတွက် သင့်အတွက် လိုအပ်သော ပြင်ဆင်မှုများကို သတိပြုမိချင်မှပြုမိလိမ့်မည်။ သင့်အနေဖြင့် သင်တန်းမှူး (သိုမဟုတ်) သင်တန်းဆရာကို သင်၏ အခြေအနေအကြောင်း စတင်မိတ်ဆက်စဉ်ကတည်းကပြောပြထားပါ။ သင်တန်းနည်းပြကလိုအပ်ပါကသင်တန်းခန်းမအတွင်းအခြားသူများအစားစားခြင်းကို တားမြစ်ပေးလိမ့်မည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement