backup og meta

ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာကို ဘယ်လိုရှာဖွေကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာကို ဘယ်လိုရှာဖွေကြမလဲ။

    တစ်ခါတလေမှာ သင်က အစားအသောက်တွေကို ကောင်းကောင်းကြီးစားသောက်ပြီး နောက်တစ်ရက်မှာကျတော့ အော့အန်ပြီး မအီမသာဖြစ်နေတာမျိုးဆို ဘယ်အဆင်ပြေပါ့မလဲ။ ဒါမှမဟုတ် ဓာတ်မတည့်တဲ့ လက္ခဏာတွေပေါ်လာတာက နေ့တောင် မကူးဘူးဆိုရင်ရော… ဆိုလိုချင်တာက

    သင်ကတော့သင်စားနိုင်သလောက် ပုံမှန်စားလိုက်တာပါပဲ ။ ပြီးတော့မှ တစ်ခုခုလွဲမှားပြီး သင့်မျက်နှာကြီးရောင်လာတယ်ဆိုရင်.. ဘာတွေမှားနေတယ်ဆိုတာ သိရဖို့အတွက် တစ်ခါတလေမှာလည်း ဖြုတ်ထုတ်သတ် လမ်းစဉ်လိုက်ဖို့ လိုပါတယ်။ ( Elimination diet လုပ်ဖို့ လိုပါတယ်။ )

    Elimination diet ဆိုတာဘာလဲ။

    အထက်ဖော်ပြပါ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပြီဆိုရင် ဒီလမ်းစဉ်က သင့်ကို ဘယ်စားစရာက ပြဿနာဖြစ်စေတာလဲဆိုတာကို ထောက်ပြပေးနိုင်ပါလိမ့်မယ်။ ဒီလမ်းစဉ်ကို စပြီဆိုတာနဲ့ သေချာရမှာတစ်ခုကတော့ ဆရာဝန်ရဲ့ထောက်ပံ့မှုသေချာရှိဖို့နဲ့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေ မကုန်ခမ်းနေဖို့ပါပဲ။

    သတိထားရမှာတစ်ခုရှိပါသေးတယ်။ ဘာလဲဆိုတော့ ဒီ Elimination diet ကို သင့်မှာ anaphylaxis ဒါမှမဟုတ် ပြင်းထန်တဲ့ ဓာတ်မတည့်တာမျိုးရှိနေရင် မလုပ်ဖို့ပါပဲ။ ဒါတွေက အရမ်းကိုဆိုးရွားတဲ့ တုံ့ပြန်မှုတွေဖြစ်လာနိုင်တယ်လေ။ ဒါကိုလုပ်ဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ပြီး ဘယ်စားစရာက သင့်ကို ဒုက္ခပေးတာလဲဆိုတာ အမြန်ဆုံး အဖြေရှာနိုင်ဖို့ ကြိုးစားပါ။

    သူက ဘယ်လို အလုပ်လုပ်တာလဲ။

    ပထမဆုံးလုပ်ရမှာကတော့ သံသယရှိတဲ့ စားစရာကို သင့်ရဲ့ စားသောက်မယ့်စာရင်းထဲက ဖယ်ထားပေးပါ။ ဆိုလိုတာက ဓာတ်မတည့်မှုဖြစ်နိုင်တယ်လို့ သင်ထင်တဲ့အရာပေါ့။ ယေဘုယျအားဖြင့်တော့ ဓာတ်မတည့်တာ ဖြစ်တတ်တဲ့အစားအစာတွေက နို့၊ ကြက်ဥ၊ မြေပဲ၊ ဂျုံနဲ့ ပဲပိစပ်တို့ပါ။ လက္ခဏာပြစေတယ်လို့ ထင်တဲ့အရာတွေကို မစားပါနဲ့။

    စားစရာထဲမှာ ဘာတွေပါသလဲဆိုတာ တံဆိပ်မှာ စစ်ဆေးပါ။ တကယ်လို့ အပြင်မှာစားတယ်ဆိုရင် ဘယ်လိုချက်သလဲဆိုတာ စားဖိုမှူးကိုမေးပါ။ သင်ဘာတွေစားသောက်နေတယ်ဆိုတာသိရဖို့အတွက် စာရင်းလုပ်ထားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

    သင်က ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေကို ရှောင်နေတာမို့ သင့်ခန္ဓာကိုယ်က သံသယရှိတဲ့စားစရာတွေကနေ ရနိုင်မယ့်အာဟာရတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ပိုပြီး သိနိုင်ဖို့အတွက် အာဟာရဆိုင်ရာ ပညာရှင်နဲ့ တိုင်ပင်ပါ။

    Elimination diet ဟာ ရလဒ်သေချာထွက်ဖို့တော့ အချိန်ယူရပါလိမ့်မယ်။ ဒါတွေအပြီးမှာတော့ သံသယရှိခဲ့တဲ့ စားစရာတွေကို ပြန်လည်စမ်းသပ်ကြည့်ပါ။ ဖြည်းဖြည်းစမ်းဖို့တော့ သတိပြုပါ။ တစ်ခါစမ်းရင် တစ်မျိုးပေါ့။ ဒါက ဘာကြောင့် သင်ဓာတ်မတည့်ရတာလဲဆိုတာ အတိအကျသိရဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ ဆက်စပ်နေတဲ့ ပြဿနာတွေကို ဒိုင်ယာရီထဲ ရေးမှတ်ထားပါ။

    တစ်ကြိမ်မှာ တစ်မျိုးစားပြီးတဲ့နောက်မှာတော့ သင့်ကို ဒုက္ခပေးနိုင်တဲ့ စားစရာတွေကို ထုတ်ပစ်ပါ။ လက္ခဏာတွေက သက်သာသွားလား မသက်သာဘူးလားဆိုတာကို သိနိုင်ဖို့ ဒိုင်ယာရီကို မပြတ်ရေးဖို့ သတိပြုပါ။

    သင့်မှာ အခြားသော စားစရာတွေနဲ့လည်း ပြဿနာတွေရှိနေနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ သင်က သူတို့နဲ့ ဓာတ်မတည့်တာမဟုတ်ဘဲ အထိခိုက်မခံဖြစ်နေနိုင်လို့ပါ။ elimination diet ဟာ ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာနဲ့ ပတ်သက်လို့သင်သိအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ ဒါတွေထက် ပိုတာကတော့ ခုဆိုရင် သင်ဘယ်စားစရာတွေ ရှောင်ရမယ်ဆိုတာ သိသွားပြီ မဟုတ်ပါလား။

    ဒါတွေအားလုံး ပြီးဆုံးဖို့အတွက် ကြာနိုင်တဲ့အချိန်ကတော့ ရက်သတ္တ ၂ပတ်မှ ၄ ပတ်ပါ။ ဒါပြီးရင်တော့ သင့်ခန္ဓာကိုယ်အကြောင်းကို သင်ပိုသိလာမှာဖြစ်ပြီး သင့်လျော်တဲ့ စားသောက်မှုပုံစံကိုလည်း ထုတ်ဖော်နိုင်ပါလိမ့်မယ်။ အန္တရာယ်ကင်းကင်းနဲ့ ပိုပြီး ကောင်းမွန်တဲ့ ရလဒ်ကို လိုချင်ရင်တော့ ဆရာဝန်တစ်ယောက်ရဲ့ လမ်းညွှန်မှုအောက်မှာပဲ Elimination diet ကို လုပ်သင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement