ဘယ်လို စစ်ဆေး သိရှိနိုင်မလဲ ……
အချို့သော STD ရောဂါတွေကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကနေတဆင့် သိရှိနိုင်သလို အချို့ကိုတော့ မိန်းမကိုယ်၊ အမျိုးသား အင်္ဂါ၊ စအို စတဲ့နေရာက ထွက်တဲ့ အရည်တွေ၊ တို့ဖတ်တို့ကို ရယူပြီး စစ်ဆေးရာမှ သိရှိနိုင်ပါတယ်။
ဘယ်လို ကုသမလဲ ……
ဘက်တီးရီးယားတွေနဲ့ ကပ်ပါးပိုးတွေကြောင့် ဖြစ်တဲ့ လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါတွေကို သက်သာစေဖို့အတွက်က Antibiotics( ပဋိဇီဝ ပိုးသတ်ဆေးတွေ) ကို အသုံးပြုလို့ ရပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ STD ရောဂါတွေကိုတော့ ပိုးသတ်ဆေးနဲ့ ကုသလို့ မရပါဘူး။ တခြားနည်းလမ်းတွေနဲ့ ကုသရပါတယ်။ ဥပမာ HIVဆိုရင် ဗိုင်းရပ်စ်ဆေးတွေနဲ့ ထိန်းရတာမျိုးပါ။
ဘယ်လို ကာကွယ်မလဲ ………
ကွန်ဒုံးကို နည်းစနစ်မှန်မှန် အသုံးပြုတာက လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STDs) ကူးစက်နိုင်ခြေကို ရာနှုန်းပြည့်မဟုတ်တောင် သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ကွန်ဒုံး အသုံးပြုတဲ့အခါမှာလည်း ကိုယ်နဲ့ ဓာတ်တည့်တာမျိုး ဖြစ်ဖို့ လိုပါမယ်။
အချို့သော STD ရောဂါတွေကို ကာကွယ်ဆေး ထိုးပြီး ကာကွယ်လို့ရပါတယ်။ ဥပမာ HPV (လိင်အင်္ဂါ ကြွက်နို့)၊ အသည်းရောင် အသားဝါ ဘီပိုး (hepatitis B) တို့ပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။