မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
syphilis ဆိုတာက လိင်ဆက်ဆံရာမှ ဘက်တီးရီးယားပိုးဝင်ပြီး အရေပြား၊ ပါးစပ်၊ လိင်အင်္ဂါများ၊ နှင့် အာရုံကြောစနစ်တွေကို ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ စောစောစီးစီး သိပြီး ကုသနိုင်လျှင် syphilis က ကူရလွယ်ကူနိုင်ပြီး နောက်ထပ် ထိခိုက်မှုတွေလဲ မဖြစ်စေနိုင်ပါဘူး။
သို့သော် မကုပဲထားတဲ့ SYPHILIS က ဦးနှောက်နဲ့ အာရုံကြော နှင့် နှလုံးအပါအဝင် အခြားအင်္ဂါအစိတ်အပိုင်းတွေပါထိခိုက်နိုင်ပါတယ်။
၂၀၁၀ နောက်ပိုင်းတွင် အမျိုးသမီတွေမှာတော့ syphilis ဖြစ်နှုန်းကျဆင်းလာသော်လည်း အမျိုးသားတွေ အထူးသဖြင့် လိင်တူဆက်ဆံတဲ့ အမျိုးသားတွေ မှာ အဖြစ်များလာပါတယ်။
syphilis က အဆင့် ၃ ဆင့် ရှိပါတယ်။
အဆင့် (၁) ။ ။
ရောဂါလက္ခဏာတွေက ရောဂါပိုးဝင်ပြီး ၂ ပတ် မှ ၄ ပတ် အကြာမှာ စဖြစ်လာပြီး ရောဂါပိုး ခန္ဒါထဲ ဝင်ရောက်တဲ့ အခါမှာ နာကျင်မှု မရှိတဲ့ အနာတွေ ပေါ်လာတတ်ပါတယ်။ ဒီအနာကို လိင်အင်္ဂါတွေမှာ တွေ့ရတတ်သော်လည်း စအို နှင့် ပါးစပ်တွေ မှာ လဲရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံစဉ် ၎င်းနေရာများ ပါဝင်မှုရှိခဲ့ပါက အနာတွေ့ရနိုင်ပါတယ်။ ၁ ပတ်မှ ၅ ပတ်အတွင်း သူ့ဖာသာ ပျောက်ကင်းနိုင်ပါတယ်။
အဆင့် (၂) ။ ။
ရောဂါကို မကုပဲထားလျှင် အဆင့် (၂) ရောဂါလက္ခဏာတွေက ၆ ပတ်ကနေ ၁၂ ပတ်အတွင်း ပေါ်လာနိုင်ပါတယ်။ ၎င်းလက္ခဏာတွေကတော့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အင်ပြင်များထွက်ခြင်း( လိင်တံ၊ မိန်းမကိုယ် သို့ ပါးစပ်တွေမှာ အနီဖုများပေါက်ခြင်း အထူးသဖြင့် လက်ဖဝါးတွေ နှင့် ခြေဖဝါးတွေမှာ ဖြစ်တတ်ပါတယ်)၊
လည်ချောင်းနာခြင်း၊ lymph glands များရောင်ခြင်း (ချိုင်းကြား၊ ပေါင်ကြား၊လည်ပင်း) နှင့် ပင်ပန်းနွမ်းနယ်ခြင်းများ ဖြစ်နိုင်ပါတယ်။ ဒီအဆင့်ဟာ ဘာရောဂါလက္ခဏာမှ မပြပဲလဲ အကြာကြီး ဖြစ်နိုင်ပါတယ်။
အဆင့် (၃) ။ ။
အဆင့် (၃) လက္ခဏာတွေကတော့ ရောဂါစစဝင်ပြီးနောက် ၁၀ နှစ် မှ နှစ် ၄၀ ကြာပြီးနောက်မှာ ပေါ်လာတတ်ပါတယ်။၎င်းလက္ခဏာများမှာ ဦးနှောက် နှင့် နှလုံးပျက်စီးခြင်း၊ မှတ်ဉာဏ်ပိုင်း ပြသနာများ၊ အကြောသေခြင်း၊ နှင့် ဟန်ချက်မညီခြင်းတွေ ဖြစ်တတ်ပါတယ်။
တချို့ အဆင့် ၂ နှင့် ၃ syphilis ရောဂါသည်တွေမှာ ရောဂါလက္ခဏာမပြပဲ ရှိနေနိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု များရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။
သင် သို့ သင့်ကလေးမှာ ပုံမှန်မဟုတ်တဲ့ အရည်ထွက်နေလျှင်၊ အနာ သို့ ယားနာတွေ ပေါက်လာလျှင် အထူးသဖြင့် ပေါင်ခြံမှာ ပေါက်လာလျှင် ဆရာဝန်နဲ့ ပြပါ။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများ ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားနာမည်ကတော့ Treponema pallidum ဖြစ်ပါတယ်။ ဒီရောဂါပိုးက လိင်ဆက်ဆံမှသာ ကူးစက်နိုင်ပါတယ်။ ဘက်တီးရီးယားက အရေပြားရဲ့ ပြတ်ရှဒဏ်ရာမှ ရောဂါရှိသူရဲ့ အနာနဲ့ ထိမိပြီး ဝင်တာဆိုတာမျိုးက ခက်ခဲပါတယ်။
syphilis က အိမ်သာ တစ်ခုတည်း၊ ရေချိုးကန်တစ်ခုတည်း၊ အဝတ်အစား သို့ မီးဖိုချောင်သုံး ပစ္စည်းများ သို့ တံခါးလက်ကိုင်၊ ရေကူးကန် သို့ ရေနွေးကန်တွေမှာ အတူတူ ချိုးခြင်း စိမ်ခြင်းဖြင့် မကူးစက်နိုင်ပါဘူး။
HIV ပိုးရှိတဲ့သူတွေက syphilis ဖြစ်နိုင်ချေပိုများပါတယ်။ တခါ syphilis ဖြစ်ဖူးရုံနဲ့ ဒီရောဂါပိုးကို ခံနိုင်ရည်ရှိ သွားမယ်လို့တော့ မထင်ပါနဲ့။ နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ပါသေးတယ်။ syphilis ကို ကိုယ်ဝန်ဆောင်သည် မှ သန္ဒေသားအားလည်း ကူးစက်နိုင်ပါတယ် ( မွေးရာပါ syphilis ရောဂါ )။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်မှ ကျန်းမာရေးရာဇဝင်များ မေးခြင်း နှင့် လက်တွေ့ စမ်းသပ်ခြင်းတို့ဖြင့် အထူးသဖြင့် လိင်အင်္ဂါတွေ၊ ပါးစပ်နှင့် စအိုတို့ကို သတိထားကြည့်ခြင်းဖြင့် ရောဂါ အဖြေရှာ အတည်ပြုနိုင်ပါတယ်။ syphilis အနာရှိလျှင် ၎င်း အနာ မှ တစ်စိတ်တစ်ပိုင်း ယူပြီး အထူးပြု အနုကြည့်မှန်ပြောင်း darkfield microscope နဲ့ ကြည့်ပြီး ရောဂါပိုးကို ရှာပါတယ်။
သွေးစစ်ခြင်း ( VDRL) ကို antibodies (ခုခံအားစနစ်မှ ရောဂါကို တိုက်ထုတ်ရန် ထုတ်ပေးသော အရာများ) ရှိမရှိ သိနိုင်ရန် ပြုလုပ်ပါသည်။ ဆရာဝန်က သင့်ရဲ့ လက်ရှိ လိင်ဆက်ဆံဖော်ကိုလည်း စစ်ဆေးနိုင်ပါတယ်။
ရောဂါ အဆင့်ပေါ်မူတည်ပြီး ကုသမှုတွေ ပြောင်းလဲနိုင်ပါတယ်။
ရောဂါပိုးကျန် / မကျန် သိနိုင်ရန် ကုသပြီးနောက် သွေးပြန်စစ်ကြည့် သင့်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် syphilis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
• ဆရာဝန်က ဘာမှမပြောပဲ ကိုယ့်သဘောနှင့် ကိုယ် ဆေးရပ်ခြင်းများ ပမာဏ ပြောင်းသောက်ခြင်းများ မပြုရပါ။
• သင့်မှာ ကိုယ်ဝန်ရှိနေလျှင် ဆရာဝန်ကို ပြောပြပါ။ အမေမှ သန္ဓေသားအား syphilis ကူးစက်ခြင်းက အန္တရာယ်ရှိနိုင်ပါတယ်။
• သင့် မှာ ဆေးမတည့်ခြင်း အထူးသဖြင့် ပင်နစလင်နဲ့ မတည့်လျှင် ဆရာဝန်ကို ပြောပြပါ။
• ရောဂါပိုးပြန့်နှံ့ခြင်းအား ကာကွယ်ရန် လက်ဆေးပါ။
• လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းကို ပြုကျင့်ပါ။ ကွန်ဒုံးသုံးပါ။
• သင့်ရဲ့ လိင်ဆက်ဆံဖော်များကို သင် syphilis ကုသမှု ခံယူထားကြောင်း ပြောပြပါ။ ဒါမှ သူတို့လဲ စစ်ကြည့်နိုင်မှာပါ။
• ကုသမှု ခံယူပြီး အနည်းဆုံး ၂ ပတ်အကြာမှာ လိင်ဆက်ဆံခြင်းအား ရှောင်ကြဉ်ပါ သို့ ဆရာဝန်က ခွင့်ပြုမှသာ ပြန်လုပ်ပါ။
• တခြား လိင်ကူးစက်ရောဂါတွေကို လည်း စစ်ဆေးပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။