ဗိုက်ပေါ်က ချက်က နံမှာစိုးလို့ အနံ့ထွက်မှာ စိုးလို့ဆိုပြီး ချက်ကို သန့်ရှင်းတယ်၊ ချက်ထဲက ချေးတွေကို ကော်ထုတ်ရင်း မတော်တဆ ပိုးဝင်ကူးစက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဆေးရုံဆေးခန်း သွားစရာ မလိုဘဲ နေအိမ်မှာပဲ သက်သာအောင် လုပ်လို့ရပါတယ်။
ထွက်မှာ သေချာပြီလား။
ဗိုက်ပေါ်က ချက်က နံမှာစိုးလို့ အနံ့ထွက်မှာ စိုးလို့ဆိုပြီး ချက်ကို သန့်ရှင်းတယ်၊ ချက်ထဲက ချေးတွေကို ကော်ထုတ်ရင်း မတော်တဆ ပိုးဝင်ကူးစက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဆေးရုံဆေးခန်း သွားစရာ မလိုဘဲ နေအိမ်မှာပဲ သက်သာအောင် လုပ်လို့ရပါတယ်။
ချက်ပိုးဝင်ကူးစက်တဲ့အခါ
ချက်ပိုးဝင်ကူးစက်တဲ့အခါ သက်သာစေဖို့ ဒီ အိမ်တွင်းကုထုံးလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။
အသားအရေ ထိန်းသိမ်းမှုအတွက် အသုံးများတဲ့ အုန်းဆီကို ချက်ပိုးဝင်ကူးစက်တာအတွက် အသုံးပြုပေးလို့ ရပါတယ်။ အုန်းဆီက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။ ပိုးဝင်ကူးစက်မှုကို သက်သာစေသလို ချက်တစ်ဝိုက်ရောင်ရမ်းနေတာကိုပါ သက်သာစေမှာပါ။
ဆားက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ နောက်ထပ် ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ယားယံမှုကိုလည်း သက်သာစေနိုင်ပါတယ်။
ရေနွေးနွေးထဲမှာ ဆားထည့်လို့ သေချာမွှေပါ။ ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့ တို့ယူပြီး ချက်ကို လိမ်းပေးရုံပါ။
ရေနွေးဝတ် ကပ်တာက ကျန်းမာရေးပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ချက်ပိုးဝင်ကူးစက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းနေတာကိုလည်း သက်သာလျော့ပါးစေနိုင်ပါတယ်။ ဒါကြောင့် ဇလုံ သန့်သန့်တစ်ခုထဲကို ရေနွေးထည့်လို့ တဘက်စ သန့်သန့်လေးကို စိမ်ပြီး ချက်ကို ကပ်ထားပေးရုံပါ။
Tea tree oil က အသားအရေ လှပမှုအတွက်ရော ကျန်းမာရေးအတွက်ပါ အသုံးတည့်ပါတယ်။ Tea tree oil က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးသလို နာကျင်ရောင်ရမ်းတာကို သက်သာစေတယ်။ မှိုပိုးတွေကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ချက်တဝိုက်နဲ့ ချက်ထဲကို လိမ်းပေးရုံနဲ့ ပိုးဝင်ကူးစက်တာကို သိသိသာသာ သက်သာစေမှာပါ။
အရက်ပြန်က ပိုးမွှားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ အနာကို ပိုးသတ်သန့်စင်ဖို့ အသုံးပြုကြတဲ့ အရက်ပြန်ကို ချက်ပိုးဝင်ကူးစက်တာကို သက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။ ဂွမ်းစသန့်သန့်မှာ အရက်ပြန် ဆွတ်ပြီး ချက်တဝိုက်ကို သန့်စင်ပေးရုံပါ။
ဗီနီကာမှာ acetic acid ပါဝင်နေတာကြောင့် ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ပိုးဝင်ကူးစက်မှုကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ဗီနီကာ နဲ့ ရေသန့်သန့်ကို ဆတူရောလို့ ဂွမ်းလေးနဲ့တို့ယူပြီး ချက်တစ်ဝိုက်ကို လိမ်းပေးရုံပါ။
ချက်ပိုးဝင်ကူးစက်တာကို အပေါ်က နည်းတွေအတိုင်း လုပ်ပေမယ့် မသက်သာဘူး။ အခုလိုလက္ခဏာတွေပါ ပြမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြစေချင်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
What’s Causing Your Belly Button Discharge? https://www.healthline.com/health/belly-button-discharge Accessed Date 29 May 2020
How to Treat a Belly Button Infection https://www.top10homeremedies.com/how-to/treat-belly-button-infection.html Accessed Date 29 May 2020
Belly Button Infection: Causes And 10 Natural Treatments https://www.stylecraze.com/articles/effective-home-remedies-to-treat-belly-button-infection/ Accessed Date 29 May 2020