တိတ်ဆိတ်တဲ့နေရာမှာ နို့တိုက်ပါ – ကလေးကို တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာနို့တိုက်ပေးတာက ကလေးကိုအာရုံပျံ့လွှင့်မှုနည်းစေပြီး မလိုအပ်ဘဲနို့တွေအများကြီးသောက်မိတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
နည်းနည်းချင်းစီနဲ့ အကြိမ်များများတိုက်ပေးပါ – ကလေးကို နို့တိုက်တဲ့အခါ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ အချိန်အများကြီးမခြားထားပါနဲ့။ ဒီလိုလုပ်တာက ကလေးကိုအရမ်းဆာစေပြီး နို့အများကြီးသောက်မိတာမျိုး ဖြစ်စေနိုင်ပါတယ်။ ကလေးကနို့ကို ခပ်မြန်မြန်နဲ့ အများကြီးသောက်မိတဲ့အခါ လေတွေဝင်သွားပြီး နို့ပြန်အန်နိုင်ခြေတော်တော်များသွားမှာပါ။
ကလေးကိုနို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ – ကလေးတွေကအမြဲလိုလို ပက်လက်အနေအထားနဲ့နေရတာပါ။ ဒါကြောင့် ကလေးအစာအိမ်ထဲမှာ လေတွေရှိနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို နို့တိုက်ပြီးတိုင်းမှာ လေထုတ်ပေးဖို့မမေ့ပါနဲ့။
နို့တိုက်တဲ့ပုံစံ ပြောင်းပေးပါ – ကလေးကို နို့တိုက်တဲ့အခါ ခေါင်းလေးကို ခပ်မြင့်မြင့်အနေအထားမျိုးနဲ့ ချီပေးထားတာမျိုးလုပ်ပေးပါ။
နို့တိုက်ပြီးရင် ခပ်မတ်မတ်လေးချီပေးပါ –ကလေးကို နို့တိုက်ပြီးတဲ့အခါ ကြမ်းပြင်မှာ
ပက်လက်ချထားတာမျိုး မလုပ်ပါနဲ့။ ဦးခေါင်းလေးကို ခပ်မြင့်မြင့်လေးထားပေးတာမျိုးလုပ်ပေးပါ။ ဒီလိုမှမလုပ်ချင်ရင် ကလေးကို မိခင်ရင်ဘတ်နဲ့ကပ်ပြီး ခပ်မတ်မတ်လေးချီပေးပါနော်။
ကလေးကို နို့တိုက်ပြီးချိန်မှာ မမွှေနှောက်ပါနဲ့ – ကလေးကချစ်ဖို့ကောင်းလို့ဆိုပြီး မွှေချင်နှောက်ချင် စချင်နောက်ချင်ရင်တောင် နို့တိုက်ပြီးချိန်မှာ မလုပ်ပါနဲ့။ နို့တိုက်ပြီးရင် ကလေးကို သက်သောင့်သက်သာနေစေတာကအကောင်းဆုံးပါ။
ဒီလိုမျိုးဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါမယ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။