အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှလုံးသွေးကြောစနစ်က နှလုံးကျန်းမာစေဖို့ အရေးပါပါတယ်။ နှလုံးက အသက်ရှင်ဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ နှလုံးကို သွေးလွှတ်ကြောတွေ၊ သွေးပြန်ကြောတွေနဲ့ ဖွဲ့စည်းထားပါတယ်။ နှလုံးသွေးကြောစနစ်မှာ အနှောင့်အယှက် တစ်ခုခု ဖြစ်မယ်ဆိုရင်တော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ပိုမိုသိရှိနိုင်ဖို့ ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ!

ခြေထောက် အထူးသဖြင့် ခြေသလုံး နောက်ဖက်တွေမှာ အထုံးလေးတွေလိုဖြစ်နေတဲ့ သွေးကြောပြာပြာလေးတွေကို မြင်ဖူးကြမယ် ထင်တယ်နော်။ ဒီလိုဖြစ်တာကို အရေပြား အပြင်ကတောင် မြင်ရနိုင်ပြီး ဒီအခြေအနေကို သွေးကြောထုံးတယ်လို့ ခေါ်ပါတယ်။ သွေးကြောထုံးတာက အရေပြားကို ထိခိုက်ပျက်စီးစေနိုင်သလို ပိုဆိုးလာမယ်ဆိုရင်တော့ အန္တရာယ်ရှိတဲ့ သွေးခဲတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို သွေးကြောထုံးတာက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာတော့ ပိုအဖြစ်များပါတယ်။ ခြေထောက်သွေးပြန်ကြောမှာရှိတဲ့ အဆို့ရှင်လေးတွေ အားနည်းလာတဲ့အခါ သွေးတွေက ခြေထောက်ကနေ နှလုံးဆီကို ပြန်မသွားနိုင်တော့ဘဲ ခြေထောက်မှာ စုလာပါတယ်။ သွေးပြန်ကြောထဲမှာ သွေးတွေ အိုင်လာတာကြောင့် သွေးဖိအားတွေ များလာပြီး ခြေထောက်မှာ သွေးကြောထုံးတဲ့အဖုအထစ်လေးတွေ ဖြစ်လာပါတယ်။ ဒီတစ်ခေါက်တော့ သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/heart-health/other-cardiovascular-issues/%E1%80%98%E1%80%9A%E1%80%BA%E1%80%9E%E1%80%B0%E1%80%90%E1%80%BD%E1%80%B1%E1%80%99%E1%80%BE%E1%80%AC-%E1%80%9E%E1%80%BD%E1%80%B1%E1%80%B8%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%91%E1%80%AF%E1%80%B6/ သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ ဆိုတာကို တစ်ခုချင်းစီ […]

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

သိုင်းရွိုက်ဟော်မုန်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်း ဆက်နွယ်မှု

သင်၏ခန္ဓါကိုယ်ဘယ်လိုအလုပ်လုပ်နေသလဲ၊ သင်၏နှလုံးခုန်နှုန်းသည် အခြားသူများထက် ဘာကြောင့်နှေးနေလဲ၊ သင်သည်အစားစားပြီး ၂ နာရီအကြာတွင် ဗိုက်ဆာသလိုဘာကြောင့် ပြန်ခံစားရသလဲဆိုတဲ့ အကြောင်းရင်းတွေကို စဉ်းစားကြည့်ဖူးပါသလား။ ၎င်းတို့သည် ဇီဝရုပ်ဖြစ်ပျက်ခြင်းကြောင့်ဖြစ်သည်။ ဤဖြစ်စဉ်တွင် သိုင်းရွိုက်ဟော်မုန်း ပါဝင်သည်။ ၎င်းဟော်မုန်းများသည် အသေးငယ်ဆုံးဖြစ်သော အာရုံကြောများ၏ လုပ်ငန်းများမှစ၍ အလွန်လေးလံသောတံခါးကြီးကိုဖွင့်ရန်လိုအပ်သော လူစွမ်းကောင်းကြီး၏ အင်အား ကိုမြှင့်တင်ပေးသည်အထိ လုပ်ငန်းစဉ်အများစုကို ထိန်းချုပ်ထားသည်။ နှလုံးခုန်နှုန်း မြန်ခြင်း၊ နှေးခြင်း သည်လည်း ဤဟော်မုန်းများကြောင့်ဖြစ်ပြီး ဤဟော်မုန်းပမာဏများနေပါက နှလုံးရောဂါဖြင့်သေဆုံးနိုင်သည့်အန္တရာယ်များသည်ဟု သုတေသနများက အကြံပြုထားသည်။ သိုင်းရွိုက်ဂလင်း၏ အလုပ်လုပ်ပုံအကျဉ်း သိုင်းရွိုက်ဂလင်းသည် လည်ပင်း အရှေ့တွင် တည်ရှိသည်။ ၎င်းသည် လိပ်ပြာပုံနှင့်တူသည်။ လိပ်ပြာ၏တောင်ပံ ၂ ခုသည်၎င်း၏ အမြွှာ ၂ခု (ဘယ်မြွှာနှင့် ညာမြွှာတို့ကို ကိုယ်စားပြုသည်)။ ထိုဂလင်းသည် အရေးကြီးသော သိုင်းရွိုက်ဟော်မုန်း ၂မျိုးထုတ်သည်။ Eriiodothyronine နှင့် Thyroxine […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှလုံးသွေးလွှတ်ကြောရောဂါ၏ အခြားဖြစ်ပွားပုံ

နှလုံးသွေးလွှတ်ကြောရောဂါဟာ အမျိုးသားတွေရော အမျိုးသမီးတွေပါ သေဆုံးမှုများတဲ့ ရောဂါဖြစ်ပါတယ်။ နှလုံးနဲ့ပတ်သက်နေတဲ့ ပြသနာတွေထဲမှာ အတွေ့ရအများဆုံး ဖြစ်ပါတယ်။ နှလုံးသွေးလွှတ်ကြောရောဂါဆိုတာ - နှလုံးရောဂါ - နှလုံးသွေးကြောရောဂါ - သွေးလွှတ်ကြောအတွင်းအနည်ထိုင်၍ကျဉ်းခြင်း - သွေးလွှတ်ကြောများကျဉ်းခြင်း - သွေးလွှတ်ကြောများမာခြင်း - သွေးကြောပိတ်၍ဖြစ်သော နှလုံးရောဂါ စတာတွေကို ဆိုလိုပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက် နှလုံးသွေးလွှတ်ကြောကျဉ်းရခြင်းဟာ သွေးကြောထဲမှာ အနည်တွေစုပုံလာလို့ ဖြစ်ပါတယ်။ ဒီသွေးလွှတ်ကြောတွေဟာ နှလုံးကြွက်သားဆီကို အောက်ဆီဂျင်များတဲ့သွေးကို ပို့ပေးပါတယ်။ ဒီသွေးကြောထဲမှာ အနည်တွေစုပုံပြီး ကျဉ်းမြောင်းလာတတ်ပါတယ်။ တဖြည်းဖြည်း မာကြောလာတာ ပေါက်ထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ သွေးကြောကျဉ်းလာတဲ့အခါ နှလုံးဆီကို အောက်ဆီဂျင်ပို့ပေးနိုင်တာ လျော့နည်းလာပါတယ်။ သွေးကြောထဲက အနည်ဖတ်တွေပေါက်သွားရင် သေါးခဲဖြစ်ပေါ်တတ်ပါတယ်။ သွေးခဲကြီးရင် သွေးလျှောက်ခြင်းကို ပိတ်ဆို့နိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးလွှတ်ကြောဟာ မာကြောပြီးကျဉ်းမြောင်းလာပါတယ်။ လက္ခဏာများ နှလုံးကြွက်သားကို အောက်ဆီဂျင်ပါတဲ့သွေးရောက်တာ နည်းသွားရင်၊ သွေးကြောပိတ်သွားရင် နှလုံးအောင့်တတ်ပါတယ်။ ရင်ဘတ်နေရာက အောင့်တာ၊ မသက်မသာဖြစ်တာမျိုး ကြုံရပါတယ်။ ရင်ခေါင်းထဲမှာ ညှစ်ဆုပ်ထားသလို ခံစားရပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်