အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှလုံးသွေးကြောစနစ်က နှလုံးကျန်းမာစေဖို့ အရေးပါပါတယ်။ နှလုံးက အသက်ရှင်ဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ နှလုံးကို သွေးလွှတ်ကြောတွေ၊ သွေးပြန်ကြောတွေနဲ့ ဖွဲ့စည်းထားပါတယ်။ နှလုံးသွေးကြောစနစ်မှာ အနှောင့်အယှက် တစ်ခုခု ဖြစ်မယ်ဆိုရင်တော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ပိုမိုသိရှိနိုင်ဖို့ ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ!

ခြေထောက် အထူးသဖြင့် ခြေသလုံး နောက်ဖက်တွေမှာ အထုံးလေးတွေလိုဖြစ်နေတဲ့ သွေးကြောပြာပြာလေးတွေကို မြင်ဖူးကြမယ် ထင်တယ်နော်။ ဒီလိုဖြစ်တာကို အရေပြား အပြင်ကတောင် မြင်ရနိုင်ပြီး ဒီအခြေအနေကို သွေးကြောထုံးတယ်လို့ ခေါ်ပါတယ်။ သွေးကြောထုံးတာက အရေပြားကို ထိခိုက်ပျက်စီးစေနိုင်သလို ပိုဆိုးလာမယ်ဆိုရင်တော့ အန္တရာယ်ရှိတဲ့ သွေးခဲတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို သွေးကြောထုံးတာက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာတော့ ပိုအဖြစ်များပါတယ်။ ခြေထောက်သွေးပြန်ကြောမှာရှိတဲ့ အဆို့ရှင်လေးတွေ အားနည်းလာတဲ့အခါ သွေးတွေက ခြေထောက်ကနေ နှလုံးဆီကို ပြန်မသွားနိုင်တော့ဘဲ ခြေထောက်မှာ စုလာပါတယ်။ သွေးပြန်ကြောထဲမှာ သွေးတွေ အိုင်လာတာကြောင့် သွေးဖိအားတွေ များလာပြီး ခြေထောက်မှာ သွေးကြောထုံးတဲ့အဖုအထစ်လေးတွေ ဖြစ်လာပါတယ်။ ဒီတစ်ခေါက်တော့ သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/heart-health/other-cardiovascular-issues/%E1%80%98%E1%80%9A%E1%80%BA%E1%80%9E%E1%80%B0%E1%80%90%E1%80%BD%E1%80%B1%E1%80%99%E1%80%BE%E1%80%AC-%E1%80%9E%E1%80%BD%E1%80%B1%E1%80%B8%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%91%E1%80%AF%E1%80%B6/ သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ ဆိုတာကို တစ်ခုချင်းစီ […]

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို ဖြစ်စေနိုင်တဲ့ မြန်မာနိုင်ငံမှာ အတွေ့အများဆုံး အကြောင်းအရင်း ၈ ချက်။ ။

နာတာရှည်ခြေထောက်သွေးပြန်ကြော ရောဂါကဘာလဲဆိုတာ အရင်မပြောခင် ကိုယ်ခန္ဓာသွေးကြောစနစ်ရဲ့ အဖွဲ့ဝင်တွေနဲ့ အရင်မိတ်ဆက်ပေးချင်ပါတယ်။ သွေးကြောစနစ်မှာ သွေးလွှတ်ကြော ( arteries) ၊သွေးပြန်ကြော ( veins)၊ နဲ့ ပြန်ရည်ကြော ( lymphatic) ဆိုပြီး အဖွဲ့ဝင် ၃ ယောက်ရှိပါတယ်။ အဲ့ဒီတော့ သူတို့အထဲကမှ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါရဲ့ ပင်မဇာတ်လိုက်ဖြစ်တဲ့ သွေးပြန်ကြော အကြောင်းကိုပြောပြချင်ပါတယ်။ သွေးပြန်ကြောရဲ့ တာဝန်ကတော့ တစ်ကိုယ်လုံးကသွေးတွေကို နှလုံးဆီပြန်သယ်လာရတာဖြစ်ပါတယ်။ သွေးပြန်ကြောရဲ့ အဓိက ပင်မစခန်းချတဲ့ နေရာကတော့ ခြေထောက်မှာလို့ ပြောရပါလိမ့်မယ်။ ခြေထောက်မှာရှိတဲ့သွေးပြန်ကြောတွေက ကမ ္ဘာမြေကြီးရဲ့ ဆွဲအားနဲ့ ဆန့်ကျင်ပြီး နှလုံးဆီ သွေးတွေကို ပြန်ပို့ပေးနေရတာပါ။ သူ့မှာပါတဲ့ တစ်ဖက်ပွင့် အဆို့ရှင်လေးတွေက နှလုံးဆီကိုပဲသွေးတွေစီးစေပြီးတော့ ခြေထောက်ထဲသွေးတွေပြန်စီးဝင်တာကို တားဆီးပေးပါတယ်။ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ veins လို့ခေါ်တဲ့ သွေးပြန်ကြောတွေ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဆိုတာဘာလဲ။

နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ က ခြေထောက်မှာပဲ အဖြစ်များတဲ့ အတွက် ခြေထောက်က သွေးပြန်ကြောေလးတွေအကြောင်း အရင်ပြောပြချင်ပါတယ်။ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေက နှလုံးဆီကို သွေးတွေပြန်ပို့တဲ့ တာဝန်ကိုလုပ်ဆောင်ရပါတယ်။ သူတို့မှာ နှလုံးဆီကိုပဲ မူတည်တဲ့ တစ်ဖက်ပွင့်အဆို့ရှင်တွေပါပြီး သွေးတွေ ခြေထောက်ထဲကို ပြန်စီးဝင်ခြင်းကို တားဆီးပေးပါတယ်။ ဒါကြောင့် ခြေသလုံးကို ကိုယ်ခန္ဓါရဲ့ ဒုတိယ နှလုံးလို့လည်းခေါ်ကြပါတယ်။ နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဆိုတာဘာလဲ။ ။ နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဆိုတာ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေ ပုံမှန်မဟုတ်တော့ဘဲ ရောဂါ ဖြစ်နေတာကို ခေါ်တာပါ။ နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ထဲမှာဆို သွေးတွေကို နှလုံးဆီပို့ဖို့ ညှစ်လိုက်တဲ့ အခါတိုင်း သွေးပြန်ကြောထဲက အဆို့ရှင်တွေ မလုံတာကြောင့် ခြေထောက်မှာ သွေးတွေပြန်အိုင်လာတဲ့ အတွက် ခြေထောက်တွေ ဖောလာတာ၊ ( Venous insufficiency) […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

Bounding pulse (သွေးခုန်နှုန်းပြင်းထန်ခြင်း (ဘောင်းဒင်းပါ့စ်))

အဓိပ္ပါယ်ဖွင့်ဆိုချက်သွေးခုန်နှုန်းပြင်းထန်ခြင်းဆိုတာဘာလဲ။ သွေးခုန်နှုန်းပြင်းထန်ခြင်းဆိုတာ နှလုံးခုန်နှုန်းအရမ်းမြန်ပြီး ပြင်းထန်နေတာကို သွေးခုန်နှုန်းမှာ ခံစားရတာပါ။ သွေးခုန်နှုန်းက ပြင်းထန်နေမယ်ဆိုရင် ဘောင်းဒင်းပါ့စ်လို့ခေါ်နိုင်ပါတယ်။ ဆရာဝန်က ထိုကဲ့သို့သော သွေးခုန်နှုန်းကို နှလုံးခုန်ရင်တုန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သောနှလုံးခုန်နှုန်းပြင်းထန်ခြင်းလို့ယူဆနိုင်ပါတယ်။ သွေးခုန်နှုန်းပြင်းထန်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများသွေးခုန်နှုန်းပြင်းထန်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဘောင်းဒင်းပါ့စ်ရှိမယ်ဆိုရင် နှလုံးက ပုံမှန်ထက်ပိုခုန်နေမယ်လို့ ခံစားရပါလိမ့်မယ်။ သင့်သွေးခုန်နှုန်းကို လည်ပင်းမှာ ခံစားရနိုင်ပါတယ်။ တစ်ခါတစ်ရံ အရေပြားအောက်မှာတောင် လှုပ်နေတဲ့သွေးခုန်နှုန်းလေးကို အားပြင်းတာကြောင့် မြင်ရနိုင်ပါတယ်။ နှလုံးက စည်းချက်မမှန်စွာခုန်နေမယ် သို့မဟုတ် နှလုံးခုန်းသံ တစ်ခုကို ကျော်ပြီးခုန်သွားမယ် သို့မဟုတ် အားပြင်သော အပိုနှလုံးခုန်သံတစ်ခုတိုးလာမယ် စသည်တို့ကို ခံစားရနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ ဘောင်းဒင်းပါ့စ် အများစုက ရုတ်ချည်းဖြစ်ပေါ်လာပြီး စက္ကန့်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်သွားကြကာ စိတ်ပူစရာမရှိပါဘူး။ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါမဖြစ်အောင် ကာကွယ်နိုင်မယ့် နေထိုင်နည်း (၁၀) ချက်

ခြေထောက် သို့မဟုတ်ခြေကျင်းဝတ်မှာရောင်နေလား၊ ခြေထောက်တွေနာကျင်ပြီး လေးလံနေလား၊ မတ်တတ်ရပ်လိုက်ရင် ပိုနာကျင်နေလား၊ တံကောက်ကွေးနားက သွေးပြန်ကြောတွေ ရှုပ်ယှက်ခတ်ပြီးထင်းနေလား၊အရောင်တွေပြောင်းနေလား ။ ဒါဆိုသွေးပြန်ကြောမှာပြဿနာတစ်ခုခုတော့ရှိနေပါပြီ။ လူက အချိန်ကြာကြာထိုင်လို့မရ၊ ကြာကြာရပ်လို့မရအောင် နာကျင်ရတာ၊တံကောက်ကွေးမှာ တင်းတင်းကြီးဖြစ်နေတာ၊ သွေးပြန်ကြောတွေနားတဝိုက် ယားယံတဲ့ ပူတဲ့ခံစားမှုတွေဖြစ်လာတာ၊ အရေပြားမှာပါအရောင်ပြောင်းလာပြီး အနာတွေဖြစ်လာတာတွေလည်း ရှိလာနိုင်ပါတယ်။ သွေးပြန်ကြောရောဂါဆိုတာ ခန္ဓါကိုယ်မှာရှိတဲ့သွေးပြန်ကြောတွေကို ထိခိုက်နေတဲ့ရောဂါတွေအမျိုးမျိုးဖြစ်နိုင်ပါတယ်။ အဲဒီထဲမှာသွေးကြောထုံးရောဂါလို့ခေါ်ကြတဲ့ varicose veins ၊ ပင့်ကူသွေးပြန်ကြောလို့ခေါ်ကြတဲ့ spider veins ၊ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ venous insufficiency စတာတွေပါဝင်ပါတယ်။ အစပိုင်းမှာ ကြည့်ရဆိုးတဲ့ သွေးကြောဖောင်းတာတွေမြင်နေရရုံဆိုပေမယ့် သွေးပြန်ကြောရောဂါတွေကပြင်းထန်လာပြီဆိုရင် နာကျင်မှု၊ရောင်ရမ်းမှုတွေပိုဆိုးလာပြီးသွေးယိုတာ၊ အနာတွေဖြစ်လာတာ၊သွေးခဲပိတ်ဆို့တာအထိဖြစ်လာနိုင်ပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါအဖြစ်များစေတဲ့ အကြောင်းရင်းတချို့ ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ်သွေးဆုံးချိန်လိုမျိုးဟော်မုန်းအပြောင်းအလဲဖြစ်တာတွေ၊အသက်အရွယ်၊ အထိုင်များတဲ့နေထိုင်မှုပုံစံ၊ မိသားစုမျိုးရိုး၊ ကိုယ်အလေးချိန်များနေတာ နဲ့ခြေထောက်ထိခိုက်ဖူးတာ၊ ခွဲစိတ်ဖူးတာတွေကနာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ်အချက်တွေဖြစ်ပါတယ်။ ခြေထောက်ချိတ်မထိုင်ဖို့၊ဒေါက်မြင့်ဖိနပ်မစီးဖို့ အကြံပေးတတ်ကြတာလည်းမှန်ပါတယ်။ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲရောဂါများ

ရောဂါတွေအကြောင်းသိထားမှ ကိုယ့်ကိုကိုယ်ကျန်းမာအောင်နေထိုင်နိုင်မှာပါ။နေ့စဉ်ဝမ်းရေးအတွက် မနားမနေရုန်းကန်နေရသူတွေဆိုရင် ကိုယ်တိုင်ရောဂါ ခံစားနေရတာတောင် မသိလိုက်မိဘဲရောဂါကတော်တော်လေးဆိုးလာမှဆေးရုံဆေးခန်းကို သွားပြမိတာမျိုးတွေရှိတတ်ကြပါတယ်။ အချို့ရောဂါတွေက မမြင်ရတဲ့နေရာမှဖြစ်နေတာမို့ မသိတာကဖြေသာပေမယ့်မြင်သာရက်နဲ့ မသိလိုက်တာကတော်တော်လေးစိတ်မကောင်းဖြစ်စရာပါ။ အခုတစ်ခေါက်တော့ မျက်စိနဲ့ မြင်ရုံနဲ့တင်သိနိုင်တဲ့ရောဂါတစ်ခုအကြောင်းပြောပြပေးမယ်နော်။ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ဆိုတာ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ဆိုတာကသွေးပြန်ကြောနံရံ နဲ့ခြေထောက်သွေးပြန်ကြောထဲက တစ်ဖက်ပွင့်အဆို့ရှင်တွေကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အနေအထားကြောင့်ဖြစ်လာတဲ့ရောဂါအခြေအနေတစ်ရပ်ပါ။ ဒီလိုအခြေအနေမျိုးမှာခြေထောက်ဆီကသွေးတွေက နှလုံးဆီကိုပြန်လည်ရောက်ရှိဖို့ ခက်ခဲသွားစေနိုင်ပါတယ်။ CVIရောဂါခံစားရတဲ့အခါသွေးပြန်ကြောထဲမှာသွေးတွေစုမိနေတာမျိုး ပိုလျှံနေတာမျိုးဖြစ်နိုင်ပါတယ်။သွေးပြန်ကြောထဲမှာ လိုအပ်တဲ့သွေးပမာဏထက်ပိုများနေတာကိုသွေးပြန်ကြောနာလို့ခေါ်ကြပါတယ်။ခြေထောက်အပေါ်ယံအရေပြားအောက်မှာသွေးကြောလေးတွေ ထုံးနေတာလိုမျိုးလေးတွေမြင်တွေ့ရနိုင်ပါတယ်။ ဒီအချက်တွေကြောင့် နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI)ဖြစ်နိုင်ပါတယ် သွေးပြန်ကြောတွေက ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီကသွေးတွေကို နှလုံးဆီကိုပြန်ပို့ပေးရတာပါ။ နှလုံးဆီကိုသွေးတွေရောက်ရှိစေဖို့ဆိုရင်ခြေထောက်ကသွေးတွေကသွေးပြန်ကြောတွေဆီကနေ ခန္ဓါကိုယ်အထက်ပိုင်းဆီကို စီးဆင်းသွားရပါမယ်။သွေးတွေ ခန္ဓါကိုယ် အထက်ပိုင်းကို စီးဆင်းစေဖို့ဆိုရင်ခြေသလုံးကြွက်သားတွေနဲ့ခြေထောက်မှာရှိနေတဲ့ ကြွက်သားတွေကတဆင့်ချင်းညှစ်ပြီးသွေးပြန်ကြောကနေတဆင့်သွေးတွေကို အထက်ပိုင်းဆီကိုပြန်လည်စီးဆင်းစေပါတယ်။သွေးတွေခန္ဓါကိုယ်အထက်ပိုင်းကို အဆင်ပြေပြေစီးဆင်းသွားပြီး ဘက်ပြန်စီးဆင်းတာမျိုး မဖြစ်ဖို့ဆိုရင်သွေးပြန်ကြောထဲမှာရှိနေတဲ့ တစ်ဖက်ပွင့် အဆို့ရှင်ကကောင်းကောင်းအလုပ်လုပ်ဖို့လိုအပ်မှာပါ။ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ခံစားရတဲ့အခါ အဆို့ရှင်ကပျက်စီးသွားပြီးသွေးတွေက ဘက်ပြန်စီးဆင်းမှုဖြစ်လာပါတယ်။ အသက်အရွယ်ကြီးရင့်လာတာ (အသက် […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

Giant Cell Arteritis (သွေးလွှတ်ကြောနံရံများရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Giant Cell Arteritis (သွေးလွှတ်ကြောနံရံများရောင်ခြင်း ) ကဘာလဲ။ Giant Cell Arteritis မှာ သွေးလွှတ်ကြောနံရံများရောင်ခြင်း ဖြစ်ပါသည်။ မကြာခဏဆိုသလို ခေါင်း အထူးသဖြင့် နားထင်နေရာများမှ သွေးလွှတ်ကြောများတွင် ဖြစ်တတ်၏။ ထို့ကြောင့် Giant Cell Arteritis ကို တစ်ခါတစ်ရံ နားထင်ကြောရောင်ခြင်းဟုလည်း ခေါ်ကြသည်။   Giant Cell Arteritis မှာ ခေါင်းကိုက်ခြင်း၊ ဦးရေပြားကို ထိလျှင်နာခြင်း၊ မေးရိုးနာခြင်းနှင့် အမြင်ပြဿနာများကို ဖြစ်စေတတ်သည်။ မကုသပဲထားပါက လေဖြတ်ခြင်း မျက်စေ့ကွယ်ခြင်းတို့ ဖြစ်နိုင်ပါသည်။   Giant Cell Arteritis (သွေးလွှတ်ကြောနံရံများရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ Giant Cell Arteritis မှာ အသက်အရွယ်မရွေးဖြစ်နိုင်၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများGiant Cell […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) ကဘာလဲ။ Chilblains – CHILL-blayns လို့လည်းခေါ်ပါတယ်။ အအေးဒဏ်၊ လေအေးတွေနဲ့ မကြာခဏထိတေ့ွရတဲ့အခါ ဖြစ်လာတတ်တဲ့ အရေပြားရှိ သေးငယ်သောသွေးကြောငယ်လေးများ ရောင်ရမ်းခြင်းဖြစ်တယ်။ Pernio လို့လည်းသိပြီး ခြေလက်တွေမှာ ယားယံခြင်း၊ အနီကွက်များထခြင်း၊ ရောင်ရမ်းခြင်းနဲ့ အရည်ကြည်ဖုတွေဖြစ်တတ်ပါတယ်။ များသောအားဖြင့် တစ်ပတ်ကနေ သုံးပတ်အတွင်း ကောင်းသွားတတ်ပါတယ်။ အထူးသဖြင့် ရာသီဥတုပြန်လည်နွေးထွေးလာပါက ပိုကောင်းနိုင်ချေရှိတယ်။ နှစ်နဲ့ချီပြီး ရာသီအလိုက် ရောဂါပြန်ပေါ်နိုင်ပါတယ်။ ကုသမှုတွေမှာတော့ အအေးဒဏ်ကနေကာကွယ်ခြင်းတွေ၊ လက္ခဏာတွေသက်သာဖို့ လိုးရှင်းခရင်သုံးခြင်းတွေပါနိုင်ပါတယ်။ များသောအားဖြင့်တော့ အမြဲထိခိုက်ခြင်းမဖြစ်စေနိုင်ပေမယ့် မကုသဘဲထားပါက ရောဂါပိုးဝင်ပြီး ပြင်းထန်သောထိခိုက်မှုတွေဖြစ်လာနိုင်တယ်။ အကောင်းဆုံးနည်းကတော့ အအေးဒဏ်မခံရအောင် အတတ်နိုင်ဆုံးကာကွယ်ပြီး နွေးနွေးထွေးထွေးဝတ်ဆင်ခြင်းဖြစ်တယ်။ Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေးဖြစ်နိုင်ပြီး ကလေးတွေရော၊ လူကြီးတွေရော ဖြစ်နိုင်ချေအတူတူပဲဖြစ်တယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများChilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရအများဆုံးလက္ခဏာတွေကတော့- အရေပြားပေါ်၊ အထူးသဖြင့် ခြေထောက်နဲ့ လက်တွေမှာ သေးငယ်ပြီးယားယံသောအနီစက်များထွက်ခြင်း အရည်ကြည်ဖုပေါက်ခြင်း၊ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှလုံးရောဂါရှိ ကလေးတစ်ယောက်၏ အဘိုးအဘွား ဖြစ်ရခြင်း

မိမိမြေးလေးတွင် နှလုံးရောဂါ ရှိနေပါက အဘိုးအဘွားများအဖို့ ရောဂါအကြောင်းကို ပို၍ပင်သိချင်ပါလိမ့်မည်။ ကလေး ၁၃၃ ယောက်တွင် ၁ ယောက်မှာ နှလုံးရောဂါနှင့် မွေးဖွားလာကြပါသည်။ တချို့သော အခြေအနေများသည် ကုသရန်မလိုဘဲ အလိုအလျောက် ပျောက်ကင်းသွားနိုင်ပါသည်။ သို့သော် တချို့သော အခြေအနေများသည် မွေးမွေးပြီးခြင်း သို့မဟုတ် လနုစဉ်အတွင်း ခွဲစိတ်ကုသရန် လိုအပ်ပါသည်။ ဆေးပညာ၏ တိုးတက်လာမှုကြောင့် နှလုံးရောဂါ ဖြစ်သော ကလေးများ ခွဲစိတ်ကုသပြီး ရှင်နိုင်သော ပမာဏသည် ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပါသည်။ ထို့ကြောင့် မိမိ၏ မြေးလေးသည် နှလုံးရောဂါရှိသူ ဖြစ်ပါက ခွဲစိတ်ကုသ၍ ပျောက်ကင်းနိုင်ပါသည်။ မိမိ၏မြေးလေး အကြောင်းပို၍ သိချင်ပါက ဆရာဝန်နှင့် အမြဲတိုင်ပင်သင့်ပါသည်။ ဖုန်းနှင့်ဖြစ်စေ စာရွက်ဖြင့်ဖြစ်စေ မေးမြန်း၍ မည်သို့ ကုသရမည်ကို တိုင်ပင်သင့်ပါသည်။ မိသားစု ပြဿနာများ မွေးရာပါ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှလုံးသွေးကြောချဲ့ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ

နှလုံးသွေးကြောချဲ့ခြင်းဆိုတာ ဘာလဲ။ နှလုံးသွေးကြောချဲ့ခြင်းဆိုသည်မှာ နှလုံးကိုထောက်ပံ့နေသော သွေးကြောများကို ဖွင့်သော လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ နှလုံးရုတ်တရက်ထိခိုက်ပြီးချိန်တွင်ပြုလုပ်လေ့ရှိသော ကုသမှုပုံစံဖြစ်သည်။ ထိုကုသမှုကို အရေပြားပေါ်မှတဆင့် နှလုံးသွေးကြောချဲ့ခြင်း (PTCA) ဟုခေါ်သည်။ အများစုတွင် ထိုသို့သွေးကြောချဲ့ပြီးနောက် နှလုံးထံသို့သွေးစီးဆင်းမှုကောင်းစေရန် နှင့် သွေးကြောပြန်မကျဉ်းရန် သွေးကြောတွင်းသို့ပြွန်ချောင်းငယ်လေးများထည့် ကြသည်။ ထိုအခြေအနေတွင် အချိန်သည် သင့်အတွက်တန်ဖိုးရှိသည်။ နှလုံးရုတ်တရက်ထိခိုက်ပြီး တစ်နာရီအတွင်းသွေးကြောချဲ့ပါက သင့်ကိုဆိုးကျိုးပိုနည်းစေမည်ဖြစ်သည်။ ဟားဗတ်တက္ကသိုလ်မှ လေ့လာချက်များအရ နှလုံးရုတ်တရက်ထိခိုက်ပြီး တစ်နာရီကျော်မှသွေးကြောချဲ့ပါက သင့်အတွက် အကျိုးသက်ရောက်မှု ရှိချင်မှရှိလိမ့်မည်။ ထို့ကြောင့်တတ်နိုင်သမျှမြန်မြန်ကုသလေလေ နောက်ဆက်တွဲဆိုးကျိုးနှင့် နှလုံးထိခိုက်မှုနည်းလေလေဖြစ်သည်။ နှလုံးသွေးကြောချဲ့ခြင်းကို နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာရှိသောသူများတွင်လည်း ပြုလုပ်နိုင်သည်။ နှလုံးသွေးကြောချဲ့ခြင်းကို မည်သို့ပြုလုပ်သလဲ။ ဘယ်လိုအကျိုးရှိနိုင်သလဲ။ နှလုံးသွေးကြောချဲ့ခြင်းကို ထုံဆေးဖြင့်ပြုလုပ်သည်။ လူနာ၏ပေါင်ခြံ သို့မဟုတ် လက်မောင်းတွင် ခွဲကြောင်းပေးသည်။ ထိုမှတစ်ဆင့် အဆုံးတွင် အဖောင်းအပိန်ပြုလုပ်နိုင်သော ဘောလုံးငယ်လေးပါဝင်သော ပြွန်ချောင်းကို သွေးကြောထဲသို့ ထည့်သွင်းခြင်းဖြစ်သည်။ X ray […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

Vasculitis (သွေးကြောရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vasculitis (သွေးကြောရောင်ခြင်း) ကဘာလဲ။ သွေးကြောတွေရောင်ရမ်းသော အခြေအနေကိုဆိုလိုပါတယ်။ သွေးကြောနံရံထူသွားခြင်း၊ လျော့ရဲသွားခြင်း၊ ကျဉ်းသွားခြင်း၊ အနာရွတ်ဖြစ်သွားခြင်း စသည့်ပြောင်းလဲမှုများကို ဖြစ်စေပါတယ်။ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေတဲ့အတွက် အဂါၤအစိတ်အပိုင်းတွေ နဲ့ တစ်ရှူးပျက်စီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ကူးစက်ရောဂါပိုး၊ ဆေးဝါး၊ အခြားရောဂါအခြားအခြေအနေတစ်ခုခုကြောင့် သွေးကြောတွေရောင်စေနိုင်ပါတယ်။ သွေးကြောရောင်ခြင်းလို့ သတ်မှတ်နိုင်တဲ့ အမျိုးအစားပေါင်း၂၀လောက်ရှိပါတယ်။ သက်ရောက်ခံရတဲ့ သွေးကြောပေါ်မူတည်ပြီး နောက်ဆက်တွဲဆိုးကျိုးများ နှင့် ရောဂါအခြေအနေပြင်းထန်မှုကွာခြားသွားပါတယ်။     Vasculitis (သွေးကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး၊ လူမျိုးမရွေးဖြစ်ပွားနိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြာင်းတွေကို ရှောင်ရှားခြင်းဖြင့် မဖြစ်အာင်ကာကွယ်နိုင်ပါတယ်။ ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။   လက္ခဏာများVasculitis (သွေးကြောရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သက်ရောက်ခံရတဲ့ သွေးကြောအဂါၤအစိတ်အပိုင်းနဲ့ ဆိုးရွားမှု အခြေအနေပေါ် မူတည်နေပါတယ်။ လူအချို့မှာတော့ လက္ခဏာနည်းနည်းပဲ ပြတာလည်း ရှိနေနိုင်ပါတယ်။ အချို့မှာတော့ဆိုးဆိုးရွားရွား အခြေအနေထိ ရောက်နိုင်ပါတယ်။ အတွေ့ရများတဲ့ဲ့လက္ခဏာတွေကတော့ အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်း ခြေလက်ထုံကျဉ်ခြင်း၊ အားနည်းခြင်း အရေပြားပေါ် အနီရောင်အစက်များ၊ အဖုများ၊ အနာများ ပေါ်လာခြင်း အစားစားချင်စိတ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်