လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးနှောက်ကို သွားတဲ့ သွေးကြောပိတ် ဒါမှမဟုတ် ပေါက်တဲ့အခါ လေဖြတ်ရောဂါ ဖြစ်တတ်ပါတယ်။ လေဖြတ်တာက အရေးပေါ် ကုသမှု လိုအပ်တဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ အလားတူပဲ သွေးကြောဖောင်းတာ၊ သွေးကြောနံရံတွေ အားပျော့ပြီး ဖောင်းလာတာကလည်း ဖောက်ထွက်ပြီး အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ လေဖြတ်ခြင်းနဲ့ သွေးကြောဖောင်းခြင်း အကြောင်းတွေ၊ ကုသနည်းတွေ၊ ပြန်လည်ထူထောင်ရေး နည်းလမ်းတွေကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ယာယီလေဖြတ်ခြင်း (Transient Ischemic Attack) ဟာလည်း တစ်ခုအပါအဝင်ပါ။ ယာယီလေဖြတ်ခြင်းဟာ များသောအားဖြင့် လေဖြတ်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပြီး ဂရုမစိုက်ဘူးဆိုရင် သိပ်မကြာခင်ကာလမှာ လေဖြတ်ဝေဒနာခံစားရနိုင်ခြေ မြင့်မားလှပါတယ်။ ပုံမှန်အားဖြင့် Ministroke လို့လည်းခေါ်ဆိုကြတဲ့ ယာယီလေဖြတ်ခြင်း ဟာ လေဖြတ်ဝေဒနာနဲ့ လက္ခဏာအားလုံး တူညီနေတတ်ပါတယ်။ အဓိက ကွဲပြားချက်ကတော့ အချိန်ကာလဖြစ်ပြီးတော့ ယာယီလေဖြတ်တယ်ဆိုရင် အချိန်ကာလ အနည်းငယ်သာဖြစ်လေ့ဖြစ်ထရှိပါတယ်။ ယာယီလေဖြတ်တာဟာ မိနစ် အနည်းငယ်ကနေ နာရီပိုင်း၊ တစ်ခါတစ်ရံ ၂၄ နာရီဝန်းကျင်အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ယာယီလေဖြတ်တာဖြစ်ပြီး ၄၈နာရီဝန်းကျင်မှာ လေဖြတ်ဝေဒနာကို ကြုံရတတ်ပါတယ်။ ဘာကြောင့် ယာယီလေဖြတ်ခြင်း ဖြစ်ရတာလဲ ယာယီလေဖြတ်ခြင်းဟာ လေဖြတ်ဝေဒနာအမျိုးအစားတစ်မျိုးဖြစ်တဲ့ Ischemic Stroke နဲ့ မူလဇစ်မြစ်ခြင်းတူညီပါတယ်။ Ischemic Stroke ဖြစ်ရတဲ့အကြောင်းအရင်းက ဦးနှောက်ကို သွေးစီးဆင်းမှု နည်းပါးပြီး အောက်ဆီဂျင်လုံလောက်စွာမရရှိတာကြောင့် […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း ကို ရှာဖွေမည်။

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ပြီးနောက် အစာပိုက်ထည့်ခြင်း

လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာဖြစ်တဲ့ အစာ/ရေ ကောင်းစွာမမျိုနိုင်ခြင်းဟာ လူနာကို ဒုက္ခရောက်စေပြီး အာဟာရပြည့်ဝအောင် စားသောက်ဖို့ အခက်အခဲဖြစ်စေပါတယ်။ ဒီအခြေအနေမျိုးမှာ အစာပိုက်ထည့်ဖို့ လိုအပ်လာနိုင်တဲ့အတွက် အစာပိုက်နဲ့ပတ်သက်တဲ့ သိကောင်းစရာတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ အစာပိုက်ထည့်ဖို့ ဘာကြောင့်လိုအပ်သလဲ အစာ/ရေ မျိုချခြင်းဟာ ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး အစာနဲ့ရေတွေကို အစာအိမ်ဆီ လမ်းကြောင်းမှန်မှန် ရောက်ရှိစေဖို့ ကြွက်သားအမြောက်အမြား ပူးပေါင်းဆောင်ရွက်ရတဲ့ လှုပ်ရှားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ လေဖြတ်ပြီးတဲ့နောက် ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ ကြွက်သားတွေ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ အစားအသောက် မျိုချရာမှာ ပြဿနာဖြစ်လာပါတော့တယ်။ စားသောက်လိုက်တဲ့ အစာနဲ့အရည်တွေဟာ အသက်ရှူလမ်းကြောင်းထဲ လမ်းမှားဝင်ရောက်သွားနိုင်ပြီး အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၊ အစာ/ရေ နင်ခြင်း၊ အဆုတ်ရောင်ရောဂါဖြစ်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ခန္ဓါကိုယ်မှာ ရေဓါတ်ခမ်းခြောက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဆေးသောက်ရာမှာ အခက်အခဲရှိတဲ့အတွက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာဖို့ အဟန့်အတားဖြစ်စေသလို နောက်တစ်ကြိမ် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောနံရံပုံမမှန်ခြင်း နှင့် လေဖြတ်ခြင်း

လေဖြတ်ခြင်းဆိုတာ လူအများနဲ့ ရင်းနှီးပြီးသား ဝေါဟာရတစ်ခုဖြစ်ပြီး လေဖြတ်ခြင်းနဲ့ ပတ်သက်လို့ အတော်များများ ကြားဖူးနားဝရှိပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် fibromuscular dysplasia (သွေးကြောနံရံပုံမမှန်ခြင်း) ဆိုတဲ့ ဝေါဟာရကိုတော့ ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ Fibromuscular dysplasia ဟာ လူသိနည်းတဲ့ရောဂါဖြစ်ပေမယ့် လေဖြတ်ခြင်းနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း အံ့သြဖွယ်တွေ့ရှိရတဲ့အတွက် ၎င်းနဲ့ပတ်သက်တဲ့ သိကောင်းစရာများကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ Fibromuscular dysplasia (သွေးကြောနံရံပုံမမှန်ခြင်း) ဆိုတာ ဘာလဲ Fibromuscular dysplasia ဆိုတာ ရောင်ရမ်းခြင်းကို မဖြစ်စေတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ခန္ဓါကိုယ်အနှံ့ သွေးလှည့်ပတ်ပို့ဆောင်ပေးတဲ့ အသေးစားနဲ့ အလတ်စား သွေးကြောတွေရဲ့နံရံ ဖွံဖြိုးမှုပုံမမှန်ခြင်းကို ခေါ်တာဖြစ်ပါတယ်။ သွေးကြောနံရံတွေရဲ့ ဆဲလ်ဖွံ့ဖြိုးမှု ပုံမမှန်တဲ့အတွက် အဆိုပါသွေးကြောတွေကို ပုံမှန်ထက် ကျဉ်းသွား/ ကျယ်သွားစေပြီး သွေးစီးဆင်းမှုကို လျော့ကျစေပါတယ်။ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ပြီးနောက် ကြွက်သားတောင့်တင်းခြင်းကို သက်သာစေသော နည်းလမ်း ၅ခု

လေဖြတ်ရောဂါ ဖြစ်ပြီး အသက်ရှင်သူများတွင် ခန္ဓါကိုယ် တောင့် တင်းနေတတ်ပါသည်။ အသက်ရှင်သူ ရောဂါရှင် အနေဖြင့် ယခင် လောက် လှုပ်ရှားရ မကောင်းသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ယင်းကို ကြွက်သားတောင့်တင်းခြင်း (muscle spasticity) ဟု ခေါ်ပါသည်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်း လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကြွက်သားတောင့်တင်းခြင်း အ တွက် အရေးကြီးပါသည်။ ထို့ကြောင့် လေဖြတ်ပြီးသော လူနာကို ဆရာဝန်အနေဖြင့် ပြန်လည်သန်စွမ်းရေးအတွက် အကြောအဆစ် ပြန်လည်သန်စွမ်းရေး ပညာရှင်နှင့် တွေ့ဆုံပေးပါလိမ့်မည်။ ယင်းပညာရှင်က လူနာ၏ အခြေအနေပေါ် မူတည်ပြီး ပြန်လည်သ န်စွမ်းရေးအတွက် သင့်တော်သော လေ့ကျင့်ခန်းများကို သင်ကြား ပေးပါမည်။ နောက်ပိုင်းတွင်မူ ပညာရှင်နှင့် ရက်ချိန်ပေး တွေ့ဆုံပြီး ကြားထဲတွင် လူနာကိုယ်တိုင် လေ့ကျင့်ခန်း များကို ပြုလုပ်ရမည်ဖြစ်ပါသည်။ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

Stroke ( လေဖြတ်ခြင်း )

လေဖြတ်ခြင်း ဆိုသည်မှာ ဦးနှောက်၏ အစိတ်အပိုင်း တစ်ခုဆီသို့ သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်လျှင်သော်လည်းကောင်း၊ လွန်စွာ လျော့နည်းလျှင်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ Brain attack ဟုခေါ်ပါတယ်။ မိနစ်ပေါင်းလောက် သွေးစီးဆင်းမှု နည်းပါက ဦးနှောက်၏ တစ်ရှူးများထံ အောက်စီဂျင်နှင့် အာဟာရများ ရောက်မှု နည်းသွားပါတယ်။ ထိုအခါ ဦးနှောက် ဆဲလ်များ သေဆုံးသွား နိုင်ပါတယ်။ Stroke (လေဖြတ်ခြင်း)က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို ကာကွယ်ခြင်းအားဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ Stroke (လေဖြတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လေဖြတ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ -ခန္ဓာကိုယ် တစ်ခြမ်းရှိ မျက်နှာ၊ လက် သို့မဟုတ် ခြေထောက်တို့ ရုတ်တရက် အားနည်းလာခြင်း၊ ထုံကျင်လာခြင်း -လက်နှစ်ဘက်ကိုခေါင်းပေါ် ပြိုင်တူမြှောက်ကြည့်ပါက လေဖြတ်သောလက်မှာ အောက်သို့ပြန်ကျသွားပါလိမ့်မယ်။ အလားတူပင် - ပြုံးပြသောအခါ ပါးစပ်ရဲ့ တစ်ခြမ်းမှ သွားရည်ကျခြင်း၊ ရုတ်တရက် အမြင်အာရုံနှင့် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

Brain Aneurysm (ဦးနှောက်သွေးကြောဖောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Brain Aneurysm (ဦးနှောက်သွေးကြောဖောင်းခြင်း) ကဘာလဲ။ Brain aneurysm တနည်း cerebral aneurysm ဆိုတာ ဦးနှောက်ကိုထောက်ပံ့နေတဲ့ သွေးကြောနံရံ၏ လျော့လျဲသွားသောနေရာတစ်နေရာမှ ဖောင်းလာခြင်းဖြစ်တယ်။ ဦးနှောက်သွေးကြောဖောင်းခြင်းဟာ များသောအားဖြင့် လက္ခဏာမပြတာကြောင့် သတိမထားမိဘဲ ရှိတတ်တယ်။ တချို့ရှားပါးသောအခြေအနေတွေမှာတော့ ထိုဖောင်းလာသောနေရာမှ ပေါက်ထွက်သွားကာ သွေးများဦးခေါင်းခွံထဲဝင်သွားပြီး လေဖြတ်တတ်ပါတယ်။ ထိုဖောင်းနေသောသွေးကြောနေရာ ပေါက်သွားတဲ့အခါ Arachnoid လို့ခေါ်တဲ့ဦးနှောက်အမြှေးပါးလွှာတစ်မျိုးအောက်မှာသွေးယိုခြင်း ဖြစ်လာတယ်(subarachnoid hemorrhage)။ သွေးယိုခြင်းပေါ်မူတည်ကာ ဦးနှောက်ပျက်စီးမှု သို့ သေဆုံးခြင်းတို့ဖြစ်နိုင်တယ်။ အဖြစ်အများဆုံးသွေးကြောကတော့ ဦးနှောက်အောက်ဖက်ပိုင်းမှာရှိတဲ့ circle of Willis လို့ခေါ်တဲ့သွေးကြောကွန်ယက်ဖြစ်တယ်။ Brain Aneurysm (ဦးနှောက်သွေးကြောဖောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ တကယ်တော့ လူထုတစ်ခုလုံးရဲ့ ၁.၅ မှ ၅ ရာခိုင်နှုန်းလောက်မှာ ဦးနှောက်သွေးကြောဖောင်းနေနိုင်တယ်။ ရောဂါဖြစ်စေနိုင်တဲ့အချက်တွေကိုလျှော့ချခြင်းဖြင့် အခြေအနေကိုထိန်းသိမ်းနိုင်ပါလိမ့်မယ်။ လက္ခဏာများBrain Aneurysm (ဦးနှောက်သွေးကြောဖောင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဦးနှောက်သွေးကြောဖောင်းခြင်းရဲ့လက္ခဏာတွေကတော့- များသောအားဖြင့်လက္ခဏာမပြတတ်ဘဲ တခြားမဆိုင်သော အခြေအနေတစ်ခုခုအတွက် စစ်ဆေးရင်းနဲ့သာ တွေ့ကောင်းတွေ့ရတတ်ပါတယ်။ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

Cerebral Aneurysm (ဦးနှောက်အတွင်းရှိသွေးကြော ဖောင်းလာခြင်း။)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cerebral Aneurysm (ဦးနှောက်အတွင်းရှိသွေးကြော ဖောင်းလာခြင်း။) ကဘာလဲ။ Cerebral aneurysm ဆိုတာ ဦးနှောက်အတွင်းရှိ သွေးကြောတွေထဲမှာ ဖောင်းလာတာ၊ ပူဖောင်းကဲ့သို့ ဖြစ်လာခြင်းကို ခေါ်ပါတယ်။ အကိုင်းမှာ တွဲလောင်းကျနေတဲ့ ဘယ်ရိသီးနဲ့ တစ်ခါတစ်လေ တူနိုင်ပါတယ်။ ဦးခေါင်းသွေးကြော ဖောင်းလာခြင်း မှ သွေးယိုစိမ့်နိုင်ခြင်း(သို့) သွေးကြော ပေါက်ထွက်ခြင်းတွေ ဖြစ်နိုင်ပြီး ဦးနှောက်အထဲကို သွေးယိုတာတွေ ဖြစ်နိုင်ပါတယ်။ဦးနှောက်သွေးကြော ပေါက်ခြင်းဟာ ဦးနှောက်နဲ့ ဦးနှောက်ကို ကာထားပေးတဲ့ ပါးလွှာတဲ့ တစ်ရှုးကြားရှိနေရာ မှာ ဖြစ်တတ်ပါတယ်။ ဦးနှောက်သွေးကြောဖောင်းလာခြင်းဟာ အသက်ကို အန္တရာယ်ပေးနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဖောင်းလာတဲ့ သွေးကြောတွေ ပေါက်ကွဲသွားရင်တော့ လေဖြတ်ခြင်း၊ ဦးနှောက်ပျက်စီးခြင်း စတဲ့ အရေးပေါ် အခြေအနေ တွေ ဖြစ်လာနိုင်ရူံမက ချက်ချင်း မကုသပါက သေဆုံးခြင်းပါ ဖြစ်လာနိုင်ပါတယ်။ Cerebral Aneurysm (ဦးနှောက်အတွင်းရှိသွေးကြော […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

Hemiplegia (ခန္ဓါကိုယ်တစ်ခြမ်းအားနည်းရောဂါ)

Hemiplegia ဆိုတာဘာလဲ။ Hemiplegia သို့ hemiparesis ဟာ ကိုယ်ခန္ဓါ တစ်ခြမ်း အားနည်းတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ထိခိုက်တဲ့နေရာပေါ် မူတည်ပြီး ဘယ်ဘက် (သို့) ညာဘက် ဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့် ဦးနှောက်အတွင်း လေဖြတ်တဲ့နေရာဟာ ကိုယ်ခန္ဓါ အားနည်းမှုဖြစ်တဲ့ အစိတ်အပိုင်းကို ဆုံးဖြတ်ပေးပါတယ်။ ဦးနှောက် ဘယ်ဘက်ကို ထိခိုက်မိခြင်းဟာ ညာဘက်အားနည်းစေပြီး ညာဘက်ကို ထိခိုက်မိခြင်းကတော့ ဘယ်ဘက်ကို အားနည်းစေပါတယ်။ လူနာမှာ Hemiplegia ရှိမယ်ဆိုရင် သူတို့ဟာ အားနည်းတဲ့ အပိုင်းကို လှုပ်နိုင်ဆဲဖြစ်ပေမယ့် ကြွက်သားအားနည်းသွားတာဖြစ်ပါတယ်။ အချို့လူတွေမှာတော့ လုံးဝလှုပ်နိုင်ခြင်း မရှိပါဘူး။ မွေးရာပါ Hemiplegia ဟာ မမွေးခင်၊ မွေးနေစဉ်နဲ့ မွေးပြီးချိန်တွေမှာ ဦးနှောက် ထိခိုက်မှုကြောင့် ဖြစ်ပါတယ်။ နောက်မှဖြစ်တဲ့ Hemiplegia ကတော့ နောက်မှ ဖျားနာခြင်း (သို့) […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဆူညံသောလမ်းများက လေဖြတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်

အကယ်၍သင်သည် လူဦးရေထူထပ်သောမြို့တွင် နေထိုင်ပါက ညသန်းခေါင်တွင်တောင်မှ မရပ်သည့် ကျယ်လောင်သော မော်တော်ယာဉ် အသံများကို ကျင့်သားရနေပြီဖြစ်နိုင်သည်။ အမှန်တွင် ထိုအရာနှင့် အတူနေထိုင်ရန် သင်ယူနေသည်ပင် ဖြစ်သည်။ သို့သော် ဆူညံခြင်းသည် သင့်သက်တမ်းရှည်ကြာရေးအတွက် မကောင်းပါ။ လတ်တလော လေ့လာမှုမှာ ယာဉ်မှ ဆူညံသံကို ဆက်တိုက် ထိတွေ့ခြင်းက လေဖြတ်ခြင်းဖြစ်နှုန်းအား တိုးမြင့်စေသည်ကို တွေ့ရသည်။ ဥရောပ နိုင်ငံ နှလုံးဆိုင်ရာလေ့လာ ထုတ်ဝေခဲ့သောဂျာနယ်တစ်ခုတွင် လန်ဒန် မြို့သားများနေ့တိုင်းကြုံတွေ့ရသည့် ဆူညံမှု ပမာဏကို တိုင်းတာခဲ့ပြီးလျှင် တွေ့ရသည်မှာ လူ ၁.၆ သန်း ဝန်းကျင်ဟာ ဆူညံမှု အဆင့် 55 dB နဲ့ အထက်ကို ကြုံတွေ့နေရကြောင်းသိရသည်။ ၎င်းပမာဏမှာ လူသားများကို ထိခိုက်စေနိုင်သည်။ ဆူညံသော ယာဉ်ကြောဝန်းကျင်တွင်နေထိုင်နေရသော လူများသည် တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်တွင် နေထိုင်သော လူများထက် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းအကြောင်း သိသင့်သည်များ

နှစ်တိုင်းမှာ လူဦးရေ ၈သိန်းခန့်ဟာ လေဖြတ်ခြင်းကို ခံစားနေရပြီး စက္ကန့်၄၀မှာ တယောက်နှုန်း ဖြစ်ပွားနေကြပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါနဲ့မတော်တဆထိခိုက်ခြင်းတို့ဟာ ပိုပြီးသေဆုံးမှု များပါတယ်။ လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေမှာ ပြသနာဖြစ်ခြင်းပါပဲ။ သွေးကြောပိတ်ခြင်းကြောင့် ဖြစ်စေ၊ သွေးကြောပေါက်ခြင်းကြောင့်ဖြစ်စေ ဦးနှောက်ဆဲလ်တွေကို သေစေနိုင်ပါတယ်။ လေဖြတ်ခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပြီး ကုသမှု အမြန်ဆုံးခံယူဖို့ လိုပါတယ်။ လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြော ရပ်တန့်သွားတာ၊ လျော့ကျသွားတာကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဦးနှောက်ကလိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ မရတော့ဘဲ ဆဲလ်တွေကို သေသွားစေပါတယ်။ လေဖြတ်ခြင်းဟာ အဓိကအားဖြင့် ၃မျိုး ရှိပါတယ်။ သွေးကြောပိတ်လေဖြတ်ခြင်း၊ သွေးကြောပေါက် လေဖြတ်ခြင်းနဲ့ ယာယီလေဖြတ်ခြင်းတို့ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ သွေးကြောပိတ် လေဖြတ်ခြင်းနဲ့ သွေးကြောပေါက်လေဖြတ်ခြင်းကို အဓိကထား ပြောသွားပါမယ်။ အမေရိကန်မှာ လေဖြတ်ပြီးသေဆုံးသူများရဲ့ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်သူများကို ပြုစုစောင့်ရှောက်သူများအတွက် နေ့စဉ်ပြုဖွယ်ရာစာရင်း

သင့်အနေနဲ့ လေဖြတ်ပြီး နာလန်ထစ လူနာတယောက်ကို ပြုစုရတဲ့အခါ သင့်ရဲ့အဓိက ဦးတည်ချက်တခုကတော့ လူနာကို တတ်နိုင်သလောက် အမှီအခိုကင်းကင်း ပြန်ပြီး နေထိုင်နိုင်အောင် ဖြစ်ပါတယ်။ ပြုဖွယ်ရာစာရင်းဟာ သင့်ကို ကူညီနိုင်ပါတယ်။ သန့်ရှင်းရေးလုပ်ခြင်း လူနာကို သွားတိုက်နိုင်အောင် ကူညီတဲ့အခါ လက်ကိုင်ရှည်တဲ့ သွားပွတ်တံကို အသုံးပြုပါ။ အလွယ်တကူ ဖွင့်နိုင်တဲ့ သွားတိုက်ဆေးဘူးကို သုံးပါ။ သူတို့ကို လက်တဖက်တည်းနဲ့ သုံးနိုင်ပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းများ ပုလင်းများကို အလွယ်တကူ ကောက်ယူနိုင်ပြီး လက်တဖက်တည်းနဲ့ သုံးနိုင်အောင် ထားပါ။ စားပွဲပေါ်မှာ စုပ်ခွက်များကပ်ပြီး လုံခြုံစွာထားပါ။ လက်တဖက်တည်းနဲ့ ကိုင်နိုင်ပြီး ၎င်းလက်နဲ့ပဲ ဖွင့်ပတ်လုပ်နိုင်တဲ့ ခရီးဆောင် ဘူးလေးများထဲ အရည်များကိုထည့်ပါ။ လျှပ်စစ်မုတ်ဆိတ်ရိတ်ဆက်ဟာ ဘလိတ်ဓါးထက် ဘေးကင်းပါတယ်။ ရေချိုးခြင်း ရေချိုးကန်ဟာ ရေပန်းနဲ့ချိုးတာထက် ပိုပြီး ခက်ခဲစေပါတယ်။ ရေချိုးကန်သုံးရမယ်ဆိုရင်တော့ အထူးပြုလုပ်ထားတဲ့ခုံကို သုံးသင့်ပါတယ်။ ဘေးအန္တရာယ်ကင်းဖို့အတွက် လက်ကိုင်တန်း၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်