ကုသလို့ရလား။
ကိုယ်တစ်ခြမ်း အားပျော့တာပဲ ဖြစ်ဖြစ်၊ ကိုယ်တစ်ခြမ်း သေတာပဲဖြစ်ဖြစ် ခံစားရတာလက္ခဏာသာ ကွာတာ ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ကုသနည်းတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ အဓိကကတော့ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာပြီး ကုသဖို့ပါပဲ။ ကုသတာရဲ့ ရည်ရွယ်ချက်ကတော့ ပြန်ပြီးလှုပ်ရှားနိုင်အောင်နဲ့ နေ့စဥ်အလုပ်တွေကို ပြန်လုပ်နိုင်အောင်ပါ။ ကုသနည်းတွေကတော့
- ထိခိုက်ထားတဲ့ ဦးနှောက်အစိတ်အပိုင်းပြန်ပြီး အလုပ်လုပ်နိုင်အောင် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။
- လတ်တလောမှာ သွားလာဖို့ လွယ်ကူအောင် ချိုင်းထောက်၊ ဝှီးချဲတွေ သုံးလို့ရပါတယ်။
- ရောဂါကြောင့် စိတ်မထိခိုက်သွားအောင်၊ စိတ်ဓာတ်မကျသွားအောင် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ရပါမယ်။
ပြန်ကောင်းနိုင်ပါ့မလား။
ကိုယ်တစ်ခြမ်း အားပျော့တာရော ကိုယ်တစ်ခြမ်း သေတာရောက ဘယ်လိုဖြစ်သွားမယ်ဆိုတာ ခန့်မှန်းလို့မရပါဘူး။ အချိန်ကြာလာတာနဲ့အမျှ လက္ခဏာတွေက ပြောင်းလဲလာပါတယ်။ မြန်မြန်ကုသနိုင်လေလေ မြန်မြန်သက်သာလေလေပါပဲ။ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုကလည်း အရေးကြီးပါတယ်။ လူနာတစ်ယောက်နဲ့ တစ်ယောက် ပြန်ကောင်းပုံခြင်းကလည်း မတူပါဘူး။ တချို့ကလည်း သူ့ဟာသူ အလိုလိုပြန်ကောင်းသွားတာလည်း ရှိပါတယ်။ တချို့ကျတော့လည်း ပြန်သက်သာတာ နှေးတာကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘာမှမလုပ်တာထက်စာရင် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းလုပ်တဲ့သူတွေက မြန်မြန် ပြန်ကောင်းနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။