သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ရာသီသွေးပေါ် တာနဲ့ ပတ်သက်လို့ ပျိုမေတို့ သိချင်နေတဲ့ မေးခွန်းတွေနဲ့ အဖြေတွေ

ရာသီသွေးပေါ် တာနဲ့ ပတ်သက်လို့ ပျိုမေတို့ သိချင်နေတဲ့ မေးခွန်းတွေနဲ့ အဖြေတွေ

ရာသီသွေးပေါ် တယ်ဆိုတာ အရွယ်ရောက်တဲ့ အမျိုးသမီးတိုင်း ကြုံတွေ့နေရတဲ့ ကိစ္စတစ်ခုပါ။ သဘာဝအရ ရာသီသွေးပေါ် နေရပေမယ့် ကိုယ့်ဆီမှာ ဖြစ်နေတဲ့ ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ တချို့ကိစ္စတွေကို မသိတဲ့သူတွေ အများကြီးပါ။ ဒီထဲကမှ ရာသီသွေးပေါ် တာနဲ့ ပက်သက်လို့ ပျိုမေတို့ အမေးအများဆုံး မေးခွန်းတွေကို ပြန်ဖြေပေးချင်ပါတယ်။

ရာသီသွေးပေါ် တာနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းများ

Q – ရာသီ တစ်လ ထိန်သွားရင် ဘာလုပ်ရမလဲ။

ဓမ္မတာဆိုတာ တစ်လတစ်ခါ ပုံမှန်လာတတ်တယ်ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရာသီထိန်သွာတာမျိုးတွေရှိပါတယ်။ ကိုယ်ဝန်က လွဲလို့ရာသီ ထိန်သွားစေတဲ့ အကြောင်းအရာတွေကတော့ စိတ်ဖိစီးမှုများတာ၊ ခရီးသွားတာ၊ လေ့ကျင့်ခန်းလုပ်တာများသွားရင်၊ ကိုယ်အလေးချိန် ကျအောင် အတင်းဝိတ်ချနေတဲ့ အခါမျိုးတွေဆို ရာသီထိန်သွားတတ်ပါတယ်။ ဒါကြောင့် အရမ်းကြီး စိတ်မပူပါနဲ့။ တစ်လ ထိန်သွားရင် စိတ်တအားကြီး ပူစရာ မရှိပေမယ့် နှစ်လ ထိန်သွားရင်တော့ ဆရာဝန် ဆီသွားပြဖို့ လိုအပ်နေပါပြီ။

Q – တမ်ပွန်တို့ လစဉ်သုံး ပစ္စည်းတို့က မိန်းမကိုယ် ပိုးဝင်တာကို ဖြစ်စေတတ်တာလား။

လစဉ်သုံး ပစ္စည်းတို့၊ တမ်ပွန်တို့ဟာ မိန်းမကိုယ် ပိုးဝင်တာကိုဖြစ်စေတာ နည်းပါတယ်။ ပိုပြီး စိတ်ချချင်ရင် ရာသီလာနေချိန်သုံးတဲ့ လစဉ်သုံး ပစ္စည်းတွေကို ၆ နာရီ တစ်ခါ လဲပေးလို့ရပါတယ်။

Q – ရာသီလာစဉ် သွေးဆင်းတာများတာ ပုံမှန်ပဲလား။

ရာသီသွေးပေါ်တဲ့အချိန် သွေးဆင်းတဲ့ ပမာဏ အနည်းအများဟာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့ဆို ဘောင်းဘီစွန်းရုံလောက်သာ ရာသီလာပြီး တချို့ကျတော့ တစ်နေ့ကို လစဉ်သုံးပစ္စည်း ၃ ခုလဲရလောက်တဲ့အထိ များနိုင်ပါတယ်။ တစ်နေ့လဲရတဲ့ လစဉ်သုံးပစ္စည်း ၅ ခုလောက် အပြည့်ဖြစ်နေပြီ ဆိုရင်တော့ သွေးအားနည်းသွားတတ်လို့ သံဓာတ်အားဖြည့်ဆေးတွေ သောက်သင့်ပါတယ်။

ရာသီသွေးပေါ် တာနဲ့ ပတ်သက်လို့ ပျိုမေတို့ သိချင်နေတဲ့ မေးခွန်းတွေနဲ့ အဖြေတွေ

Q -ရာသီ တစ်ခါလာရင် ဘယ်လောက်ကြာရမလဲ။

ရာသီတစ်ခါလာရင် ၃ ရက်ကနေ ၅ရက်လောက်အတွင်းတော့ ပုံမှန်ကြာတတ်ပါတယ်။ အများဆုံးဆို ၈ ရက်လောက်ထိ ကြာနိုင်ပါတယ်။ ၈ရက်ထက်ကြာသွားရင်တော့ ဆရာဝန်သွားပြဖို့ လိုအပ်နေပါပြီ။

Q – ရာသီလာစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်သလား။

ရာသီလာစဉ် လိင်ဆက်ဆံရင် တချို့က ကိုယ်ဝန်မရနိုင်ဘူးလို့ ထင်ကြပါတယ်။ အမှန်က ရာသီလာစဉ် လိင်ဆက်ဆံမိရင် ကိုယ်ဝန်ရနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ၂၈ရက်တစ်ခါ ရာသီလာတဲ့အမျိုးသမီးက ရာသီစလာတဲ့ရက်ကနေ စရေရင် ၁၄ ရက်မြောက်လောက်မှာ သားဥ ကြွေပါတယ်။ လိင်ဆက်ဆံပြီးလို့ မိန်းမကိုယ်ကနေဝင်လာတဲ့ သုက်ပိုးလေးတွေက အမျိုးသမီး ခန္ဓာကိုယ်ထဲမှာ ၅-၇ ရက်လောက်ထိ အသက်ရှင်နိုင်ပါတယ်။ ရာသီရက်ရှည်လာတတ်တဲ့ ၈ရက်ရယ် သုက်ပိုးနေနိုင်တဲ့ ၇ ရက်လောက်ရယ် ပေါင်းလိုက်ရင် ၁၅ ရက်ဖြစ်သွားပြီး သားဥနဲ့ သုက်ပိုးသွားတွေ့နိုင်ပါတယ်။ ဒီလိုနဲ့ သင်ကိုယ်ဝန်ရသွားနိုင်ပါတယ်။

Q – ရာသီလာတဲ့အချိန် နာကျင်ကိုက်ခဲတာကို ဘယ်လိုသက်သာအောင် လုပ်ရမလဲ။

အစာအိမ်ရောဂါ မရှိတဲ့သူတွေကတော့ အလွယ်တကူ အကိုက်အခဲပျောက်ဆေး သောက်လိုက်လို့ ရပေမယ့် ဆေးလည်းမသောက်ချင်ဘူး၊ အစာအိမ်ထိမှာလည်း ကြောက်တတ်သူတွေကတော့ ဗိုက်ပေါ် ရေနွေးအိတ်လေး ကပ်လို့ရပါတယ်။

ရာသီသွေးပေါ် တာနဲ့ ပတ်သက်လို့ ပျိုမေတို့ သိချင်နေတဲ့ မေးခွန်းတွေနဲ့ အဖြေတွေ

Q – ရာသီလာချိန် ဗိုက်ကြီးက ဘာလို့ ပူဖောင်းနေရတာလဲ။

ရာသီလာချိန်မှာ သားအိမ်က နံရံတွေအကုန်လုံးကွာကျပေးရလို့ သားအိမ် ရောင်ရမ်းပြီး သွေးထွက်နေတဲ့အချိန်ပါ။ ဒါကြောင့် အဲ့ဒီအချိန်မှာ ဗိုက်ပူနေရတာဖြစ်ပါတယ်။ ဒါ့အပြင် ထွက်သွားတဲ့ သွေးတွေ ထွက်သွားလို့ ဆုံးရှုံးသွားတဲ့ ရေဓာတ် မခမ်းခြောက်အောင် ကိုယ်ခန္ဓာက ရေတွေ ပြန်စုပ်ယူထားတဲ့အတွက် ဗိုက်ဖောနေတတ်ပြီး လေထနေရတာဖြစ်ပါတယ်။

Q – ရာသီလာချိန် ဘာကြောင့် စိတ်ခံစားလွယ်နေရတာလဲ။

ရာသီလာတဲ့ အချိန်မှာ စိတ်အရမ်းတိုတာနေတာမျိုး၊ ဝမ်းနည်းလွယ်နေတာမျိုး စိတ်ဆတ်တာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒါတွေ အားလုံးကို အပြစ်တင်ချင်ရင်တော့ ဟော်မုန်း အပြောင်းအလဲကိုသာ အပြစ်တင်ရမှာပါ။

Q – ဒီလ ၂၈ ရက်မှာ ရာသီလာရင်နောက်လ ၂၈ရောက်တာနဲ့ ရာသီလာကိုလာရမှာလား။

ဒီလထဲ ဒီနေ့စွဲမှာ ရာသီလာလို့ နောက်လထဲ အဲ့ဒီနေ့စွဲမှာပဲ ရာသီလာရမယ်ဆိုတာ မဟုတ်ပါဘူး။ ရာသီစက်ဝန်းက ဟော်မုန်းအပေါ်မှာ မူတည်နေတဲ့အတွက်စောလာတတ်သလို နောက်လည်းကျသွားတတ်ပါတယ်။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 16/03/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။