အီစတိုဂျင် ဟော်မုန်းနည်းတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

အမျိုးသမီးတစ်ယောက်မှာ အရေးအကြီးဆုံးဖြစ်တဲ့ ဟော်မုန်းလို့ဆိုလိုက်တာနဲ့ အီစတိုဂျင်ဟော်မုန်းကိုပြောရမှာပါ။

  • အပျိုဖော်ဝင်တာ
  • ဓမ္မတာ ပေါ်တာ
  • စိတ်ပျော်ရွင် ဝမ်းနည်းတာ
  • အရိုးပွတာ နဲ့
  • ကလေးရနိုင် မရနိုင်စတဲ့ အမျိုးသမီးတစ်ယောကက်အတွက် အရေးကြီးတဲ့အရာတွေအားလုံးကို ဒီ အီစတိုဂျင် ဟော်မုန်းက ထိန်းချုပ်ထားတာပါ။

အီစတိုဂျင်ဆိုတဲ့အရေးကြီးတဲ့ ဟော်မုန်းကို မမျိုးဥ အိမ်ကနေ တာဝန်ယူထုတ်လုပ်ပြီး သူနည်းသွားတဲ့အခါ ကိုယ်ခန္ဓါမှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်ပါလိမ့်မယ်။ ဘာတွေလဲဆိုတာ အရင်မပြောခင် ဘာ့ကြောင့် အီစတိုဂျင် ပမာဏ နည်းသွားရတာလဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။

အီစတိုဂျင်ဟော်မုန်း နည်းသွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ။ ။

  • အသက်ကြီးလာခြင်း – အသက်ကြီးတဲ့ အမျိုးသမီးတွေရဲ့ အီစတိုဂျင်ပမာဏ ဟာ ငယ်ရွယ်တဲ့ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် တော်တော်ကိုနည်းနေတာတွေ့ရပါတယ်။ အထူးသဖြင့် သွေးဆုံးခါနီးနေတဲ့ အမျိုးသမီးတွေမှာ အီစတိုဂျင်ဟော်မုန်း ပမာဏ အင်မတန်မှ နည်းပါတယ်။
  • အီစတိုဂျင်ဟော်မုန်း အဓိက ထုတ်လုပ်ပေးတဲ့ မမျိုးဥအိမ် ထိခိုက်သွားတဲ့အခါမျိုးတွေမှာ ဟော်မုန်း မထုတ်နိုင်တော့တာမျိုးတွေ
  • Turner syndrome လို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာရှိနေတဲ့သူတွေ
  • သိုင်းရွိုက်ဟော်မုန်း ပြဿနာရှိနေတဲ့သူတွေ
  • လေ့ကျင့်ခန်း အပြင်းအထန်လုပ်တဲ့သူတွေ
  • ကိုယ်အလေးချိန် မတရားကျသွားတဲ့သူတွေ
  • ကင်ဆာဆေးသွင်းနေရတဲ့သူတွေ နဲ့
  • pituitary gland ပုံမှန် အလုပ်မလုပ်တဲ့ဝေဒနာခံစားနေရတဲ့သူတွေ စတဲ့သူတွေမှာ အီစတိုဂျင် ဟော်မုန်းပမာဏ နည်းနေတတ်ပါတယ်။

ဒါဆို အီစတိုဂျင်နည်းသွားတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။

အရာရာတိုင်းက များလွန်းရင်လည်းမကောင်းလို နည်းနေရင်လည်း အကျိုးမဖြစ်စေပါဘူး။ အတော်အသင့်ပမာဏကသာ အကောင်းဆုံးပါ။ ဒီတော့ အီစတိုဂျင် ဟော်မုန်းနည်းသွားတဲ့အခါ ဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုတွေကတော့

  • ဓမ္မတာစက်ဝန် းမမှန်ခြင်း – ရာသီသွေးပေါ်ခြင်း ကိစ္စမှာ အဓိက တာဝန်ယူထားရတဲ့ ဟော်မုန်းဖြစ်တာကြောင့် အီစတိုဂျင်နည်းသွားရင် ဓမ္မတာမမှန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
  • ကလေးရဖို့ အခက်အခဲဖြစ်နိုင်ခြင်း – အီစတိုဂျင်နည်းသွားတဲ့အခါ မမျိုးဥကြွေတဲ့အပိုင်းမှာလည်း သွားထိခိုက်တတ်တာကြောင့် ကိုယ်ဝန်ယူတဲ့နေရာမှာ အခက်အခဲရှိနိုင်ပါတယ်။
  • အရိုးပွြခင်း – အသက်ကြီးတဲံအမျိုးသမီးတွေ သွေးဆုံးတဲ့ အမျိုးသမီးတွေက အရိုးပွတဲ့ပြဿနာကို ပိုခံစားရတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါဟာအသက်ကြီးလာတဲ့အချိန် နည်းလာတဲ့ အီစတိုဂျင် ပမာဏက အရိုးကြံ့ခိုင်မှုအပေါ် သွားသက်ရောက်တာဖြစ်ပါတယ်။
  • အတူနေချိန် နာကျင်ခြင်း – အမျိုးသားနဲ့အတူနေတဲ့အခါ ချောမွေ့စေဖို့အတွက် အီစတိုဂျင်ဟော်မုန်းက တာဝန်ယူရပါတယ်။. သူနည်းသွားတဲ့အခါကျ မိန်းမကိုယ်ခြောက်သွေ့သွားတတ်တာကြောင့် လိင်ဆက်ဆံချိန် နာကျင်တတ်ပါတယ်။
  • ပူရှိန်းရှိန်းဖြစ်ခြင်း- သွေးဆုံးခါနီးအချိန် ခံစားရတတ်တဲ့ မီးယပ်ပူ မီးယပ်ချမ်းထတဲ့ ပြဿနာတွေဟာ အီစတိုဂျင် ဟော်မုန်းနည်းတာကြောင့် ဖြစ်ရတာတွေပါ။
  • အီစတိုဂျင်က serotonin လို့ခေါ်တဲ့ ပျော်ရွင်စေတဲ့ဟော်မုန်း ဦးနှောက်ကထွက်အောင် အဓိက လှုံ့ဆော်ပေးတဲ့ အရာတစ်ခုပါ။ သူနည်းသွားတဲ့အခါ serotonin လည်း နည်းသွားတာကြောင့် စိတ်ကျတဲ့ ဝေဒနာမျိုးတွေ ခံစားရတတ်ပါတယ်။
  • နည်းသွားတဲ့ အီစတိုဂျင် ဟော်မုန်းကြောင့် ဆီးလမ်းကြောင်းပြွန်ထဲက တစ်ရှူးတွေလည်း ပါးသွားတာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ ပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်။
  • ကိုယ်တွင်းက အဆီဆဲလ်တွေ အပေါ် ။ အဆီစုခြင်းအပေါ်မှာလည်း အီစတိုဂျင်ဟော်မုန်းက သက်ရောက်မှုရှိတာကြောင့် သူနည်းသွားရင် ကိုယ်အလေးချိန် တက်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19ကြောင့် သိုင်းရွိုက်ပြဿနာတွေ ဖြစ်လာနိုင်သလား။

COVID-19 ကို ဖြစ်စေတဲ့ SAR-CoV-2ဗိုင်းရပ်စ်ဟာ သိုင်းရွိုက်ဂလင်းထဲဝင်ရောက်ပြီး ရောင်ရမ်းစေတာကြောင့် သိုင်းရွိုက်ဟော်မုန်း မညီမျှမှုကို ဖြစ်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ

အစာအိမ်အူလမ်းကြောင်းဟာ ကိုယ်ခံအား၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းဆိုင်ရာ ရောဂါများ၊ အရေပြားပြဿနာ၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကလေးတို့ ဝမ်းဗိုက်ပြဿနာ အဖြာဖြာရဲ့ စွမ်းအားရှင် ဘက်တီးရီးယားလေးတွေကို ဘယ်လို ပြန်ကျေးဇူးဆပ်ကြမလဲ။

လူကြီးတွေမှာ ဝမ်းဗိုက်ဆိုတာ ပြဿနာပေါင်းစုံပေးတတ်သလို ကလေးတွေမှာဆိုလည်း ဝမ်းလျှောတာကစလို့ လေနာ၊ ဝမ်းချုပ် အစုံဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

Gym ယုံတမ်းစကား ကြွက်သား ကိုယ်အလေးချိန် ကျန်းမာရေး အလှအပ ခန္ဓာကိုယ် ဝက်ခြံ ကျားဟော်မုန်း လိင်အင်္ဂါ လိင်မှုကိစ္စ သုက်လွှတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်ကင်ဆာ (Ovarian Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 3 mins read