backup og meta

ကင်ဆာဆေးသွင်းခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 15/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာဆေးသွင်းခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ

    ကင်ဆာဆေးသည် ကင်ဆာရောဂါကုသရန်ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သော်လည်းလူနာသည်ဆေး၏ဆိုးကျိုး များကိုခံစားရနိုင်ပါတယ်။ ဆေး၏ဆိုးကျိုးများမှာလူနာတစ် ယောက်နှင့် တစ်ယောက်မတူညီနိုင်ပါဘူး။ သို့သော်လည်း လူနာအများစုတွင်ကြုံတွေ့နိုင်သောဆိုးကျိုးအချို့ကိုဖော်ပြ ထားပါတယ်။

    ကင်ဆာဆေးများသည်ဘာကြောင့်ဆိုးကျိုးများဖြစ်ရပါသလဲ။

    ကင်ဆာဆေးများကို ကြီးထွားပွားများနေသောကင်ဆာ ဆဲလ်များကိုသတ်ရန်အသုံးပြုပါတယ်။ သို့သော်လည်း သွေး၊ ခံတွင်း၊ အစာချေစနစ် နှင့် ဆံပင်ရှိဆဲလ်များကိုလည်းသေစေ နိုင်ပြီးဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါတယ်။

    ဆိုးကျိုးများကိုဘယ်လိုကုသမလဲ။

    ကင်ဆာကုသရန်သာမက ဆေး၏ဆိုးကျိုးများကိုကုသရန် လည်းအရေးကြီးပါတယ်။ ထို့ကြောင့်ဆိုးကျိုးများကိုကုသရန် ကင်ဆာဆေးအပြင်အခြားသောဆေးများကိုလည်းတွဲ၍ပေး လေ့ရှိပါတယ်။ ထိုသို့ကုသခြင်းသည်ကင်ဆာရောဂါကုသရာ တွင်တစ်စိတ်တစ်ပိုင်းအနေနှင့်ပါဝင်ပါတယ်။ ကင်ဆာရောဂါ ကုသမှုလွယ်ကူစေရန်ယခုအခါတွင် ဆရာဝန်နှင့်သိပ္ပံပညာ ရှင်များက ကုသမှုတွင်ဆိုးကျိုးနည်းနိုင်သမျှနည်းအောင်ကြိုး စားနေပါတယ်။

    မည်သည့်ဆိုးကျိုးများခံစားရနိုင်ပါသလဲ။

    နှုံးချိခြင်း

    ပင်ပန်းနွမ်းနယ်ခြင်း၊ နှုံးခြင်းသည်အဖြစ်များသောဆိုးကျိုး ဖြစ်ပါတယ်။ ကင်ဆာဝေဒနာရှင်အများစုသည် နေ့စဉ်လုပ် ငန်းဆောင်တာပြုလုပ်လျှင်တောင်နှုံးချိခြင်းကိုခံစားရပါတယ်။ ထို့ကြောင့်ခွန်အားပြည့်ဝပြီးလန်းဆန်းနေစေရန်လူနာလုပ် နိုင်သောလေ့ကျင့်ခန်းအနည်းငယ် (ဥပမာ- လမ်းလျှောက် ခြင်း၊ ယောဂကျင့်ခြင်း) ကိုပြုလုပ်သင့်ပါတယ်။ သို့သော် လည်းမောပန်းနွမ်းနယ်ခြင်းကသွေးအားနည်းသောလက္ခ ဏာတစ်ခုဖြစ်နေနိုင်သောကြောင့်ဆရာဝန်နှင့်တိုင်ပင်ဆွေး နွေးသင့်ပါတယ်။

    ဆံပင်၊ အရေပြားနှင့် လက်သည်းခြေသည်းများ

    ကင်ဆာဆေးသည်ဦးရေပြားကိုထိခိုက်စေသောကြောင့် ဆေးကုသမှုခံယူပြီး ၃ပတ်လောက်အကြာတွင်ဆံပင်ကျွတ် နိုင်ပါတယ်။ ခြေထောက်၊ လက်နှင့်မျက်နှာရှိအမွေးအမျှင် များလည်းကျွတ်နိုင်ပါတယ်။ ဆေးကုသမှုရပ်လိုက်ပါကဆံ ပင်ပြန်လည်သန်စွမ်းလာမှာပါ။ သို့သော်လည်းအသစ်ပေါက် သောဆံပင်များသည်ယခင်ဆံပင်နှင့်တူချင်မှတူပါလိမ့်မည်။

    အရေပြားခြောက်ခြင်း၊ ယားခြင်း နှင့် အနီကွက်များထွက် ခြင်း၊ နေလောင်လွယ်ခြင်း၊ အစရှိသည့်ဆိုးကျိုးများလည်းရ နိုင်ပါတယ်။ လက်သည်းခြေသည်းများကြွပ်ဆတ်ပြီးဝါလာ ကာကျိုးလွယ်ကြေလွယ်နိုင်ပြီး ပြင်းထန်ပါကလက်သည်းခွံ များလန်ပြီးကွာကျနိုင်ပါတယ်။ ထိုမှတဆင့်ပိုးဝင်နိုင်သော ကြောင့်ပိုးမဝင်အောင်လက်သည်းကိုဂရုစိုက်သင့်ပါတယ်။

    အစာခြေလမ်းကြောင်းပြဿနာများ

    ကင်ဆာဆေးသည်ခံတွင်းကိုခြောက်သွေ့စေပြီးအနာဖြစ်စေ နိုင်သောကြောင့်အစာဝါးခြင်းနှင့် မျိုခြင်းကိုအခက်အခဲဖြစ်စေ နိုင်ပါတယ်။ ထိုအနာများမှသွေးထွက်ခြင်း၊ ပိုးဝင်ခြင်းများဖြစ် နိုင်ပါတယ်။ ထို့ပြင်အစားအသောက်ပျက်ခြင်း၊ အစာမကြေ ခြင်းများဖြစ်စေပြီး အာဟာရချို့တဲ့ကာကိုယ်အလေးချိန်ကျ ဆင်းခြင်းများဖြစ်နိုင်ပါတယ်။

    ဝမ်းပျော့ခြင်း ၊ဝမ်းလျှောခြင်း၊ ဝမ်းမာခြင်း၊ ဝမ်းချုပ်ခြင်း နှင့် လေပွခြင်းများလည်းဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့်ရေဓါတ် မဆုံးရှူံးစေရန်ရေများများသောက်သင့်ပါတယ်။

    ကင်ဆာရောဂါကုသနေချိန်နှင့် ကုသပြီးချိန်တွင်ဆိုးကျိုးများ ကိုခံစားရနိုင်ပါတယ်။ ယင်းဆိုးကျိုးများကိုစောင့်ကြည့်ပြီး မဖြေရှင်းနိုင်ပါကဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန်မနှောင့်နှေးသင့်ပါဘူး။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Sandar Lin မှ ရေးသားသည်။ · 15/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement