ခေါင်းဖြီးနေတဲ့အချိန် ဦးရေပြားတချို့နေရာတွေမှာ ပြောင်နေတယ်၊ ဆံပင်ပါးနေတယ်လို့ ခံစားရတာ၊ ခေါင်းလျှော်စဉ်၊ အိပ်ရာထစဉ် ဆံပင်တွေ ပုံမှန်ထက်ပိုကျွတ်နေပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာစစ်ဆေးကြည့်သင့်ပါတယ်။ ဒါမှပဲ သာမန်ဆံပင်ကျွတ်ခြင်းလား၊ ထိပ်ပြောင်ခြင်းလားဆိုတာ ကွဲကွဲပြားပြားသိမှာပါ။
ဆရာဝန်အနေနဲ့ ဦးရေပြားနဲ့ ဆံသားအခြေအနေကို အကဲခတ်ကြည့်ပြီးတဲ့အခါ လိုအပ်ရင် လိုအပ်သလို သွေးစစ်ခြင်း၊ သိုင်းရွိုက်ဟောာ်မုန်း၊ သံဓာတ်၊ ကျားဟော်မုန်း၊ မ ဟော်မုန်းပမာဏတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်။
ပုံမှန်ဆိုရင်တော့ အမျိုးသမီးတွေမှာ အသက် ၄၀၊ ၅၀ နောက်ပိုင်းမှသာလျှင် ထိပ်ပြောင်တတ်ပါတယ်။ စောစီးစွာ သိရင် ကုသမှုခံယူဖို့ ပိုလွယ်ကူတဲ့အပြင် မှန်ကန်တဲ့ နေထိုင်စားသောက်မှုပုံစံဖြင့်လည်း ဆံပင်မကျွတ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ အခြေအနေပေါ်မူတည်ပြီး ဆံသားပြန်ပေါက်စေမယ့် ဆေးညွှန်းတာ သို့မဟုတ် သံဓါတ်အားဆေး၊ ဖောလစ်အက်ဆစ် အားဆေး၊ အိုမီဂါ – ၃၊ အိုမီဂါ – ၆ ငါးကြီးဆီဆေးလုံးတွေ သောက်ဖို့ ညွှန်းပေးမှာဖြစ်ပါတယ်။
ထိပ်ပြောင်ခြင်း မဖြစ်စေဖို့ ဘယ်လိုနေထိုင်စားသောက်ကြမလဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။