သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့အမူအကျင့်မှား(၅)မျိုး

    ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့အမူအကျင့်မှား(၅)မျိုး

    အသက်အရွယ်ကြီးလာတာနဲ့အမျှ အရေပြားတွေလျော့တွဲလာတတ်တာ သဘာဝတရားပါ။ ဒါပေမယ့် ရင်သား တစ်ရှူးတွေကတော့ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေထက် ရင့်ရော်မှု ၂ နှစ်၊ ၃ နှစ်ပိုစောတယ်လို့ သုတေသနက ဆိုပါတယ်။ ဒါမှမဟုတ်ရင်တော့ ရင်သားလျော့တွဲမှု ဖြစ်လာတာဟာ အရွယ်မတိုင်ခင် အလှပျက်ယွင်းစေနိုင်တဲ့အမူအကျင့်တွေ လုပ်မိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

    မိန်းကလေးတွေမှာ ရင်သား တင်းရင်းမှုမရှိဘဲ လျော့တွဲလာတာက အလှပျက်စေပါတယ်။ ဒါကလည်း သဘာဝဆိုတာထက် ကိုယ့်ရဲ့နေထိုင်မှုပုံစံ၊ အမှုမဲ့အမှတ်မဲ့အမူအကျင့်တွေကြောင့်လည်းဖြစ်နိုင်တာပေါ့၊ ဥပမာ – ကိုယ်ကျပ်အားကစားဝတ်စုံမဝတ်ဘဲ လေ့ကျင့်လှုပ်ရှားတာမျိုးက အရွယ်မတိုင်ခင် ရင်သားလျော့တွဲစေတဲ့အမူအကျင့်တွေထဲမှာ ပါဝင်ပါတယ်။

    နောက်ထပ်ရော ဘာအကြောင်းရင်းတွေရှိနိုင်သေးလဲ –

    (၁) ဆိုဒ်မတော်တဲ့ ဘရာစီယာကို ဝတ်တာ

    ဒီအချက်ကို မိန်းကလေးအတော်များများ လုပ်မိတတ်ပါတယ်။ ကိုယ့်ရဲ့အတွင်းခံဆိုဒ်က ကိုယ့်ရင်သားကို လုံလုံလောက်လောက် ပုံစံတကျထိန်းပေးထားနိုင်ဖို့ အဓိကပါပဲ။ သိပ်ကျပ်နေတာ၊ သိပ်ချောင်နေတာ၊ အတွင်းခံဆိုဒ်ကြီးနေတာ၊ သေးနေတာတွေက ပြဿနာရှိနိုင်ပါတယ်။ ကိုယ်က ပိန်သွားတဲ့အခါ မတော်တော့တဲ့ဆိုဒ်ကို ဆက်မဝတ်ပါနဲ့၊ တော်မယ့်ဆိုဒ်ကို ထပ်ဝယ်ပါ။ ချောင်နေတဲ့ဘရာကိုဝတ်မယ် ဆိုရင် လူလှုပ်ရှားလိုက်တိုင်း ရင်သားကလှုပ်ခါလေ ရင်သားအရေပြားနဲ့ကော်လာဂျင်တွေကို ထိခိုက်စေလေဖြစ်ပါလိမ့်မယ်။

    (၂) ဝလာတာ

    ကိုယ်အလေးချိန်တွေတိုးလာတာကြောင့်လည်း ရင်သားတွဲကျလာစေပါတယ်။ ဝပြီး ပြန်ပိန်သွားရင်လည်း လျော့တွဲဦးမှာမို့ ပြန်တင်းရင်းစေဖို့ လေ့ကျင့်ခန်းတွေလုပ်ရပါလိမ့်မယ်။

    (၃) စားသောက်ပုံ မမှန်တာ

    အပေါ်မှာပြောခဲ့သလိုပဲ မကြာခဏ ပိန်လိုက်၊ ဝလိုက်ဖြစ်တာက ခန္ဓာကိုယ်တင်းရင်းကျစ်လျစ်မှုကို ကောင်းကျိုးမပေးနိုင်ပါဘူး။ အစားအသောက်ကို ပုံမှန်အတိုင်းအတာတစ်ခုသတ်မှတ်ပြီး စနစ်တကျစားသောက်ပါ။ အဆီချ diet လုပ်လိုက်၊ ပြန်စားလိုက်၊ ဝိတ်ပြန်တက်လာလိုက်၊ ပြန်ချလိုက် ဆိုရင် အရေပြားက တင်းရင်းမှာ မဟုတ်တော့ပါဘူး။ အချိန်တိုအတွင်းမှာ မကြာခဏ ဝိတ်ကျလိုက်၊ တက်လိုက် ဖြစ်နေတာက ရင်သားလျော့တွဲစေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

    (၄) နေလောင်တာ

    နေလောင်ခြင်းရဲ့ဆိုးကျိုးက အသားမည်းသွားရုံ တစ်ခုတည်းမကပါဘူးနော်။ ခရမ်းလွန်ရောင်ခြည်တွေကြောင့် အရေပြားကိုထိခိုက်စေတယ်၊ အရေးအကြောင်းတွေဖြစ်စေတယ်၊ အရွယ်မတိုင်ခင် ရင့်ရော်စေတယ်လေ။ အရေပြားတင်းရင်းမှုကို လျော့ရဲစေလို့ ရင်သားအလှကိုပါ ပျက်ယွင်းစေနိုင်ပါတယ်။

    (၅) ကိုယ်နေဟန်ထား မမှန်တာ

    ကိုယ့်ရဲ့နေပုံထိုင်ပုံတွေက ပုံစံမမှန်ခဲ့ရင် (ဥပမာ လက်ပြင်ကိုင်းထားတာ၊ ခါးကို မတ်မတ်မထားတာ) ရင်သားတွဲတာတွေ ဖြစ်လာနိုင်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ ခန္ဓာကိုယ်ကို မတ်မတ်ထားဖို့ သတိထားပါ။ အားကစားလုပ်တဲ့အခါလည်း အနေအထားမှန်ဖို့ နည်းပြဆရာနဲ့ သေချာကစားပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    ရာသီစက်ဝန်း ရက်အရေအတွက်

    (days) ရက်

    28

    ရာသီရက်စုစုပေါင်း

    (days) ရက်

    7

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 5 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: