အဆီချဖို့ Diet လုပ်တယ်ဆိုတာ အစားရှောင်မယ်၊ အစားလျှော့မယ်ပေါ့။ အဓိကတော့ ထမင်းမစားတော့ဘူး၊ အဆီတွေမစားဘူး၊ ကာဗိုဟိုက်ဒရိတ်ဖြတ်၊ အချိုဖြတ်ကြတယ်။ အသီးအရွက်၊ အသီးအနှံ၊ အသားတွေ ပုံစံချ စားတယ်၊ရေသောက်တယ်။ ဒါ Diet ပဲ။ ဒါပေမယ့် ဒီလိုလုပ်နေကြရင်းနဲ့ သိထားတာ မှားတတ်ကြတဲ့အချက်တွေရှိတယ်။ ဒီအချက်တွေက တကယ်လည်းအရေးပါနေတယ်။ ဘာလို့ဆို မှားပြီးလုပ်မိနေရင် အဆီကျမယ့်စီမံကိန်းမှာ အကုန်သဲထဲရေသွန်ဖြစ်ကုန်မှာပေါ့။ အများအားဖြင့် ကိုယ်သိထားတာ ဘာတွေမှားနေတတ်လဲ ဖတ်ကြည့်လိုက်ဦးနော်။
ညဘက်အစားစားတာက ကိုယ်အလေးချိန်တက်စေတယ်ဆိုတဲ့ခိုင်မာတဲ့ သက်သေပြချက်မရှိပါဘူး။ တကယ်က ကယ်လိုရီအများကြီးစားရင် ကိုယ်အလေးချိန်တက်နိုင်တယ်၊ ညဘက်စားတဲ့သူတွေက စားတာများသွားတတ်တယ်၊ ကယ်လိုရီများတာကိုရွေးမိတတ်တယ် ဆိုတာပဲပြဿနာပါ။ ညဘက်စားလို့ ဝတာမဟုတ်ဘဲ အဲဒီအချက်တွေနဲ့ ငြိလို့ပါ။နောက်ပြီး အိပ်ရာဝင်ခါနီးကျမှ စားတာက ရင်ပူနာနဲ့ အစာမကြေခြင်းကိုဖြစ်စေနိုင်တယ်။ ဒါ့ကြောင့်ဖြစ်နိုင်ရင်တော့ အစာစားချိန်ကိုပုံမှန်လေးသတ်မှတ်ပြီးစောစားပါ။
သကြား၊ ပျားရည်နဲ့ high-fructose corn syrup တို့မှာ ကယ်လိုရီတွေပါဝင်တယ်။ ခန္ဓာကိုယ်က ဒီအချိုဓာတ်အမျိုးမျိုးကို အတူတူပဲ စုပ်ယူတာဖြစ်တယ်လို့ သုတေသနတွေက ဆိုထားပါတယ်။ ဒီတစ်မျိုးကိုရှောင်ပြီး နောက်တစ်မျိုးကို စားနေလည်း diet ကသိပ်မထူးတော့ပါဘူး။
ကော်ဖီဆိုတာ ထိုက်သင့်တဲ့ပမာဏပဲသောက်မယ်ဆိုရင် ကျန်းမာတဲ့စားသောက်ပုံကိုထိန်းပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း phytochemicals ရရှိစေပါတယ်။ နောက်ပိုင်းသုတေသနတွေအရ ကော်ဖီက အမျိုးအစား၂ ဆီးချိုရောဂါ၊ သည်းခြေကျောက်တည်ခြင်း၊ ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေတွေ နည်းစေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ လွန်တော့မလွန်ကဲစေနဲ့ပေါ့။
အဆီကျကျစ်လျစ်ဖို့ဆိုတာ လျှို့ဝှက်ချက်မရှိပါဘူး။ အစားအသောက်ကို ကျန်းမာရေးနဲ့ညီအောင် မှန်ကန်စွာစားပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့သာ အဓိကပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။